Connect with us

Hi, what are you looking for?

News

ပြည်သူ့အစိုးရထုတ်ပေးခဲ့သောချေးငွေပြန်ဆပ်ရန် ဖိအားပေးသည့်ဝန်ထမ်းများကို နေပြည်တော် PDF နောက်ဆုံးအကြိမ်သတိပေး

CDM ဝန်ထမ်းများသည် ပြည်သူနှင့်တစ်သားတည်းရပ်တည်ပြီး ကိုယ်ကျိုးစွန့်အနစ်နာခံကာ အကြမ်းဖက် ဖက်ဆစ်စစ်တပ် အမြစ်ပြတ်ပြုတ်ကျရေးအတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည့် သူရဲကောင်းများဖြစ်ပြီး ပြည်သူ့ကာကွယ်ရေတပ်မတော်(နေပြည်တော်) အနေဖြင့် စောင့်ရှောက်ကာကွယ်ရန် တာဝန်ရှိသည်ဟု ခံယူထားကြောင်း ပါရှိသည်။

နေပြည်တော်တွင် ပြည်သူ့အစိုးရလက်ထက်က နိုင်ငံ့ဝန်ထမ်းများ၏ ချေးငွေများအား ပြန်လည်ပေးဆပ်ရန် ဖိအားပေးနေသည့် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံဝန်ထမ်းများအား ၎င်းတို့နှင့် ၎င်းတို့၏ မိသားစုဝင်များအပါအဝင် အသက်အန္တရာယ်ကို လုံးဝတာဝန်ယူမည်မဟုတ်ကြောင်း နေပြည်တော် PDFက ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ်သတိပေးလိုက်သည်။

ဌာနဆိုင်ရာအသီးသီး၏ ရုံးချုပ်(နေပြည်တော်) အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများ၌ စစ်ကောင်စီ၏ ဒေါက်တိုင်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေဆဲဖြစ်သည့် တာဝန်ခံများအနေဖြင့် CDM ဝန်ထမ်းများအား ပြည်သူ့အစိုးရလက်ထက်တွင်ထုတ်ချေးခဲ့သည့် ကိုဗစ်ကာလ ၂ လစာချေးငွေနှင့်ပတ်သက်၍ ပြန်လည်ပေးဆပ်ရန် နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းများ၊ ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း နေပြည်တော် PDF၏ ယနေ့ (အောက်တိုဘာလ ၇ ရက်)ထုတ်ပြန်သည့်ကြေညာချက်တွင် အသိပေးသည်။

Public Service Announcement

CDM ဝန်ထမ်းများသည် ပြည်သူနှင့်တစ်သားတည်းရပ်တည်ပြီး ကိုယ်ကျိုးစွန့်အနစ်နာခံကာ အကြမ်းဖက် ဖက်ဆစ်စစ်တပ် အမြစ်ပြတ်ပြုတ်ကျရေးအတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည့် သူရဲကောင်းများဖြစ်ပြီး ပြည်သူ့ကာကွယ်ရေတပ်မတော်(နေပြည်တော်) အနေဖြင့် စောင့်ရှောက်ကာကွယ်ရန် တာဝန်ရှိသည်ဟု ခံယူထားကြောင်း ပါရှိသည်။

သို့ဖြစ်၍ ၎င်းတို့အား ချေးငွေကိစ္စနှင့်ပတ်သက်၍ စာဖြင့်ခြိမ်းခြောက်ခြင်း၊ ဖုန်းဖြင့်ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း၊ သတင်းပေးခြင်း၊ စသည်တို့ကို လုပ်ဆောင်နေသည့် ဌာနအသီးသီးရှိ ဌာနဆိုင်ရာတာဝန်ခံ၊ ဝန်ထမ်း မည်သည့်အဆင့်ကိုမဆို ဆက်လက်ဆောင်ရွက်ခြင်းမပြုရန်နှင့် ဆက်လက်လုပ်ဆောင်ပါက ၎င်းတို့နှင့် ၎င်းတို့၏ မိသားစုဝင်များအပါအဝင် အသက်အန္တရာယ်ကို လုံးဝတာဝန်ယူမည်မဟုတ်ကြောင်းပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ်သတိပေးလိုက်သည်ဟု သတိပေးထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီသည် ပြည်သူ့အစိုးရလက် ထက် ၂၀၂၀ အောက်တိုဘာအတွင်းက အစိုးရဝန်ထမ်းများအား ထုတ်ချေးခဲ့သည့် လစာနှစ်လစာငွေကို ယခုနှစ် အောက်တိုဘာ အတွင်းပြန်လည်ပေးဆပ်ရန် စက်တင်ဘာ၉ ရက်က စာထုတ်ထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။