Connect with us

Hi, what are you looking for?

News

ဒုတိုင်းမှူးလက်ထောက်အပါအဝင် ချင်းပြည်နယ်တွင် CDM စစ်သား ၁၀၀ကျော်ရှိလာ

ယခု ထွက်ပြေးလာသူသည် ဒုတပ်ကြပ်အဆင့်ရှိသူဖြစ်ကြောင်း၊ ၎င်းအပါအဝင် CDM စစ်သား ၁၀၀ ကျော်ရှိကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ချင်းပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင် အများအပြားသည်လည်း CDM ပြုလုပ်ထားသည်။

People's Spring
People's Spring

အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူ၏ လက် ထောက် ဒုတပ်ကြပ်အဆင့်ရှိသူအပါအဝင် ချင်းပြည် နယ်အတွင်း၌ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ထားသည့် စစ်သား ၁၀၀ကျော်ရှိကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF) ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ဟားခါးအခြေစိုက်ပြီး ကြီးကြပ်ကွပ်ကဲနေသည့် ဒုတိုင်း မှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်၏ လက်ထောက်နှင့် ကားဆရာတို့ ထွက်ပြေးလာကြောင်း ချင်းအလူ့အခွင့် အရေးအဖွဲ့က ဖော်ပြခြင်းနှင့် ပတ်သက်ပြီး CDF တာဝန် ရှိသူက ယခုကဲ့သို့ ပြောကြားသည်။

“(ဒုတိုင်းမှူး လက်ထောက်) ထွက်ပြေးလာတယ်ဆိုတဲ့ဟာ အမှန်ပဲ။ သူတို့က စစ်အာဏာရှင် လက်အောက်မှာ မနေလိုတော့လို့ ကျွန်တော်တို့နဲ့ လာပူးပေါင်းတာပါ။ သူတို့အချင်းချင်းကြားမှာ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အဆင်မပြေမှုတွေအများကြီး ရှိတယ်ထင်တယ် အဲဒါတွေလည်း ပါတာပေါ့”ဟု CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယခု ထွက်ပြေးလာသူသည် ဒုတပ်ကြပ်အဆင့်ရှိသူဖြစ်ကြောင်း၊ ၎င်းအပါအဝင် CDM စစ်သား ၁၀၀ ကျော်ရှိကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ချင်းပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင် အများအပြားသည်လည်း CDM ပြုလုပ်ထားသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စစ်ကောင်စီတပ်က ချင်းပြည်နယ်အတွင်း ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းမှုများလုပ်ဆောင်နေပြီး တင့်ကားများပါ ဖြည့်တင်းထားကြောင်း CDFက ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ချင်းပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် CDF များဖွဲ့စည်းပြီး ချင်းအမျိုး သားတပ်ဦး(CNF/CNA) တပ်များနှင့်အတူ ပူးပေါင်းကာ စစ်ကောင်စီကို ခုခံတိုက်ခိုက်လျက်ရှိသည်။ ထို့အပြင် CDFနှင့် CNA တပ်ဖွဲ့ဝင်များသည် ဒေသချင်းဆက်စပ်နေသည့် မကွေးတိုင်းအတွင်းရှိ စစ်ကောင် စီတပ်ကိုခုခံနေသည့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များနှင့် ပူးပေါင်းပြီးလည်း စစ်ကောင်စီကိုခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သော အကြမ်းမဖက်အာဏာဖီဆန်ခဲ့သည့် CDMနိုင်ငံ့ဝန်ထမ်းများ၏ မိသားစုအတွက် ထောက်ပံ့မှုအစီအစဥ်ကို ကရင်နီပြည်နိုင်ငံ့ဝန်ထမ်း CDMကော်မတီက စတင်ပြုလုပ်ခဲ့သည်။

သတင်း

ချင်းလက်နက်ကိုင်တော်လှန်ရေးအင်အားစုနှစ်ခုဖြစ်သော ချင်းအမျိုးသားတပ်ဦး (CNF/CNA) ပါဝင်သည့် ချင်းပြည်ကောင်စီနှင့် ချင်းညီနောင်အကြား တိုက်ပွဲနှင့်ပဋိပက္ခများ ပြေလည်မှု ရရှိရေးအတွက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ အဖွဲ့အစည်းအသီးသီးက ကြားဝင်ညှိနှိုင်းခဲ့သော်လည်း အဆင်မပြေ၍ နောက်ဆုံးအနေဖြင့် မီဇိုရမ်ဒေသ ခရစ်ယာဉ်ဘာသာရေးပေါင်းစုံ စုဖွဲ့ထားသည့် MKHCC အဖွဲ့က ညှိနှိုင်းပေးလျက်ရှိကြောင်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) ခေါင်းဆောင်တဦးဖြစ်သည့် ဆလိုင်းလျန်လွယ်က...

ဆောင်းပါး

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနဲ့ ကျောက်မဲကြားက သမိုင်းဝင် ဂုတ်ထိပ်တံတားကြီး မနေ့က သြဂုတ် ၂၄ ရက်နေ့မှာ မိုင်းခွဲခံခဲ့ရပါတယ်။ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ် ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရသေးပေမဲ့ စစ်အုပ်စုက TNLA လက်ချက်ဆိုပြီး ဦးအောင်ဝါဒဖြန့်ပါတယ်။TNLA ကလည်းစစ်တပ်လက်ချက်ဆိုပြီး​ပြောပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း အင်အားအများအပြားနဲ့ စစ်တပ်ရဲ့ထိုးစစ်ဟာအလုပ်ဖြစ်လား ၊ တန်ပြန်ဘယ်လို အန္တရာယ်တွေရှိလဲ ဆိုတာဒီတစ်ပါတ်ဆွေးနွေးပါမယ်။