Connect with us

Hi, what are you looking for?

News

ဒုတိုင်းမှူးလက်ထောက်အပါအဝင် ချင်းပြည်နယ်တွင် CDM စစ်သား ၁၀၀ကျော်ရှိလာ

ယခု ထွက်ပြေးလာသူသည် ဒုတပ်ကြပ်အဆင့်ရှိသူဖြစ်ကြောင်း၊ ၎င်းအပါအဝင် CDM စစ်သား ၁၀၀ ကျော်ရှိကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ချင်းပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင် အများအပြားသည်လည်း CDM ပြုလုပ်ထားသည်။

People's Spring
People's Spring

အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူ၏ လက် ထောက် ဒုတပ်ကြပ်အဆင့်ရှိသူအပါအဝင် ချင်းပြည် နယ်အတွင်း၌ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ထားသည့် စစ်သား ၁၀၀ကျော်ရှိကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF) ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ဟားခါးအခြေစိုက်ပြီး ကြီးကြပ်ကွပ်ကဲနေသည့် ဒုတိုင်း မှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်၏ လက်ထောက်နှင့် ကားဆရာတို့ ထွက်ပြေးလာကြောင်း ချင်းအလူ့အခွင့် အရေးအဖွဲ့က ဖော်ပြခြင်းနှင့် ပတ်သက်ပြီး CDF တာဝန် ရှိသူက ယခုကဲ့သို့ ပြောကြားသည်။

“(ဒုတိုင်းမှူး လက်ထောက်) ထွက်ပြေးလာတယ်ဆိုတဲ့ဟာ အမှန်ပဲ။ သူတို့က စစ်အာဏာရှင် လက်အောက်မှာ မနေလိုတော့လို့ ကျွန်တော်တို့နဲ့ လာပူးပေါင်းတာပါ။ သူတို့အချင်းချင်းကြားမှာ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အဆင်မပြေမှုတွေအများကြီး ရှိတယ်ထင်တယ် အဲဒါတွေလည်း ပါတာပေါ့”ဟု CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယခု ထွက်ပြေးလာသူသည် ဒုတပ်ကြပ်အဆင့်ရှိသူဖြစ်ကြောင်း၊ ၎င်းအပါအဝင် CDM စစ်သား ၁၀၀ ကျော်ရှိကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ချင်းပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင် အများအပြားသည်လည်း CDM ပြုလုပ်ထားသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စစ်ကောင်စီတပ်က ချင်းပြည်နယ်အတွင်း ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းမှုများလုပ်ဆောင်နေပြီး တင့်ကားများပါ ဖြည့်တင်းထားကြောင်း CDFက ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ချင်းပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် CDF များဖွဲ့စည်းပြီး ချင်းအမျိုး သားတပ်ဦး(CNF/CNA) တပ်များနှင့်အတူ ပူးပေါင်းကာ စစ်ကောင်စီကို ခုခံတိုက်ခိုက်လျက်ရှိသည်။ ထို့အပြင် CDFနှင့် CNA တပ်ဖွဲ့ဝင်များသည် ဒေသချင်းဆက်စပ်နေသည့် မကွေးတိုင်းအတွင်းရှိ စစ်ကောင် စီတပ်ကိုခုခံနေသည့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များနှင့် ပူးပေါင်းပြီးလည်း စစ်ကောင်စီကိုခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး