Connect with us

Hi, what are you looking for?

News

ထီးလင်းရဲစခန်းမှ ပြန်လာသောပျူစောထီးများကို YDF-ထီးလင်းဖြတ်တိုက် ပျူတစ်ဦးသေ၊ တူမီးသေနတ် အလက်၂၀ရ

YDF-ထီးလင်းအဖွဲ့က ကြားဖြန်တိုက်ခိုက်ရာ ပျူစောထီးတပ်ဦးသေဆုံးပြီးတူမီးသေနတ် အလက် ၂၀ ကိုသိမ်းဆည်းနိုင်ခဲ့ကြောင်း ယောဒေသကာကွယ်ရေးအဖွဲ့ YDF ကယနေ့သတင်းထုတ်ပြန်သည်။

ထီးလင်းရဲစခန်းမှ ထီးလင်း-ရေမျက်နီ လမ်းပိုင်းအတိုင်း ဆိုင်ကယ် ၃ စီးဖြင့်လာသော ပျူစောထီးအဖွဲ့ဝင်များကိုအောက်တိုဘာ၁၀ ရက်နံနက် ၈ နာရီတွင် YDF-ထီးလင်းအဖွဲ့က ကြားဖြန်တိုက်ခိုက်ရာ ပျူစောထီးတပ်ဦးသေဆုံးပြီးတူမီးသေနတ် အလက် ၂၀ ကိုသိမ်းဆည်းနိုင်ခဲ့ကြောင်း ယောဒေသကာကွယ်ရေးအဖွဲ့ YDF ကယနေ့သတင်းထုတ်ပြန်သည်။

တူမီးသေနတ်များမှာ ပျူစောထီးအဖွဲ့များ သယ်ဆောင်လာခြင်းဖြစ်ပြီး ထိုသေနတ်များမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ လက်နက်ကို စစ်ကောင်စီတပ်ကညသည်းဆည်းပြီးနောက် ပျူစောထီးအဖွဲ့ကိုပေးခြင်းဖြစ်ပြီး သတင်းရသဖြင့် လမ်းမှဖြတ်တိုက်ပြီးပြန်လည်ရယူနိုင်ခြင်းဖြစ်ကြောင်းဒေသခံအချို့ကပြောသည်။ ဆိုင်ကယ် ၃ စီးဖြင့်လာသော ပျူစောထီးများမှာ အတိုက်ခံရစဥ်ထွက်ပြေးသွားကြပြီး တစ်ဦးကို YDF-ထီးလင်းကသုတ်သင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook