Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ချက်ချင်းရပ်တန့်ဖို့ ကမ္ဘာ့နိုင်ငံတွေကို မြန်မာသံအမတ်ကြီးတောင်းဆို

ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်သို့ လက်နက်ရောင်းချမှု ရပ်တန့်ခြင်းဟာ စစ်တပ်ရဲ့ ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်မှုတွေကို တားဆီးနိုင်မှာမဟုတ်ပေမယ့် အပြစ်မဲ့ပြည်သူပေါင်း များစွာရဲ့ အသက်တွေကို ကယ်တင်နိုင်လိမ့်မယ်လို့ မြန်မာသံအမတ်ကြီးက ဆက်ပြောပါတယ်။

မြန်မာစစ်တပ်ကို လက်နက်တွေ ရောင်းချနေတဲ့ နိုင်ငံတွေအနေနဲ့ ရောင်းချနေမှု ချက်ချင်းရပ်တန့်ပေးဖို့ မြန်မာပြည်သူများကိုယ်စား ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

(၇၆)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီရဲ့ ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က “နျူကလီးယားလက်နက်များ၊ အဖျက်စွမ်းအားပြင်းလက်နက်များနှင့် သမားရိုးကျလက်နက်များ” နဲ့ပတ်သက်လို့ မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းမေတ္တာရပ်ခံခဲ့တာပါ။

ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်သို့ လက်နက်ရောင်းချမှု ရပ်တန့်ခြင်းဟာ စစ်တပ်ရဲ့ ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်မှုတွေကို တားဆီးနိုင်မှာမဟုတ်ပေမယ့် အပြစ်မဲ့ပြည်သူပေါင်း များစွာရဲ့ အသက်တွေကို ကယ်တင်နိုင်လိမ့်မယ်လို့ မြန်မာသံအမတ်ကြီးက ဆက်ပြောပါတယ်။

မြန်မာစစ်တပ်ဟာ ပြည်ပကနေ တင်သွင်းတဲ့ သေစေနိုင်သော စစ်လက်နက်တွေကို အသုံးပြုကာ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်နေတယ်လို့ ဦးကျော်မိုးထွန်းက ကုလသမဂ္ဂကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံဟာ နျူကလီးယား လက်နက်ဖျက်သိမ်းရေး ရည်မှန်းချက်အတွက် ဆောင်ရွက်မှုများအပေါ် ကြိုဆိုပြီး နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် (Nuclear Non-Proliferation Treaty)၊ နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံ တားဆီးပိတ်ပင်ရေးစာချုပ် (Comprehensive Nuclear Test Ban Treaty – CTBT) နဲ့ Bangkok Treaty တွေနဲ့အညီ လိုက်နာဆောင်ရွက်သွားမယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံက နျူကလီးယား လက်နက် တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် (Treaty on the Prohibition of Nuclear Weapons – TPNW)ကို ယခုနှစ်အတွင်း အတည်ပြုပါဝင်ရေးအပေါ် အဟန့်အတားဖြစ်ခဲ့ပေမယ့် နျူကလီးယားလက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်များကို ရှေ့ဆက်ဆောင် ရွက်သွားမယ်လို့ မြန်မာသံ အ မတ်ကြီးက ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

သတင်း

သင်္ဃန်းညီနောင် အပါအဝင် မြ၀တီရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရရိရေး ရည်မှန်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟုသိရသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေဖြင့်လည်း စစ်ကောင်စီတပ် တိုက်လေယာဉ် တစ်စီးကို ယခုနှစ် ဇန်နဝါရီ လလယ်တွင် ရှမ်းမြောက် နမ့်ဖက်ကာတိုက်ပွဲ၌ ပစ်ချခဲ့ပြီး လေယာဉ် အပျက်အစီးကိုလည်း ပြသခဲ့သည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖယ်ရှားခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့ကြောင်း ဖော်ပြသည်။