Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ချက်ချင်းရပ်တန့်ဖို့ ကမ္ဘာ့နိုင်ငံတွေကို မြန်မာသံအမတ်ကြီးတောင်းဆို

ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်သို့ လက်နက်ရောင်းချမှု ရပ်တန့်ခြင်းဟာ စစ်တပ်ရဲ့ ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်မှုတွေကို တားဆီးနိုင်မှာမဟုတ်ပေမယ့် အပြစ်မဲ့ပြည်သူပေါင်း များစွာရဲ့ အသက်တွေကို ကယ်တင်နိုင်လိမ့်မယ်လို့ မြန်မာသံအမတ်ကြီးက ဆက်ပြောပါတယ်။

မြန်မာစစ်တပ်ကို လက်နက်တွေ ရောင်းချနေတဲ့ နိုင်ငံတွေအနေနဲ့ ရောင်းချနေမှု ချက်ချင်းရပ်တန့်ပေးဖို့ မြန်မာပြည်သူများကိုယ်စား ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

(၇၆)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီရဲ့ ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က “နျူကလီးယားလက်နက်များ၊ အဖျက်စွမ်းအားပြင်းလက်နက်များနှင့် သမားရိုးကျလက်နက်များ” နဲ့ပတ်သက်လို့ မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းမေတ္တာရပ်ခံခဲ့တာပါ။

ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်သို့ လက်နက်ရောင်းချမှု ရပ်တန့်ခြင်းဟာ စစ်တပ်ရဲ့ ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်မှုတွေကို တားဆီးနိုင်မှာမဟုတ်ပေမယ့် အပြစ်မဲ့ပြည်သူပေါင်း များစွာရဲ့ အသက်တွေကို ကယ်တင်နိုင်လိမ့်မယ်လို့ မြန်မာသံအမတ်ကြီးက ဆက်ပြောပါတယ်။

မြန်မာစစ်တပ်ဟာ ပြည်ပကနေ တင်သွင်းတဲ့ သေစေနိုင်သော စစ်လက်နက်တွေကို အသုံးပြုကာ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်နေတယ်လို့ ဦးကျော်မိုးထွန်းက ကုလသမဂ္ဂကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံဟာ နျူကလီးယား လက်နက်ဖျက်သိမ်းရေး ရည်မှန်းချက်အတွက် ဆောင်ရွက်မှုများအပေါ် ကြိုဆိုပြီး နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် (Nuclear Non-Proliferation Treaty)၊ နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံ တားဆီးပိတ်ပင်ရေးစာချုပ် (Comprehensive Nuclear Test Ban Treaty – CTBT) နဲ့ Bangkok Treaty တွေနဲ့အညီ လိုက်နာဆောင်ရွက်သွားမယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံက နျူကလီးယား လက်နက် တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် (Treaty on the Prohibition of Nuclear Weapons – TPNW)ကို ယခုနှစ်အတွင်း အတည်ပြုပါဝင်ရေးအပေါ် အဟန့်အတားဖြစ်ခဲ့ပေမယ့် နျူကလီးယားလက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်များကို ရှေ့ဆက်ဆောင် ရွက်သွားမယ်လို့ မြန်မာသံ အ မတ်ကြီးက ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ကုမ္ပဏီတွေကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC)ကရှယ်ယာရောင်းမယ့်ကိစ္စကို ထိုင်းနိုင်ငံရဲ့ ‌ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)က ဆိုင်းငံ့လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ လက်နက် ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တဲ့ တရုတ် နိုင်ငံသားဟာ မူလ ယူဆထားသလို ထိုင်းပိုင်နက်ထဲမှာ အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်ထားခဲ့တာ မဟုတ်ကြောင်း ထိုင်းရဲတွေက ပြောပါတယ်။ အသက် ၃၁ နှစ်အရွယ် ဆွန်မန်ချန်းရဲ့ ပစ်မှတ်ဟာ ကမ္ဘောဒီးယား နိုင်ငံ ပိုင်နက်ထဲက ပြိုင်ဘက်...

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်သား တစ်ဦးဟာ လက်နက်နဲ့ အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(ကလေး-ကဘော်-ဂန့်ဂေါ)-(CDF-KKG)က မေလ ၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။