Connect with us

Hi, what are you looking for?

News

ဗန်းမောက်မြို့နယ်တွင် ကျောက်ရွှေလုပ်ကွက်ပြိုကျ၍ လူလေးဦးထက်မနည်း သေဆုံး

“မနက် အစောကြီးကတည်းက ပြိုတာ။အနည်းဆုံး အမျိုးသားလေးယောက်ပါသွားတယ်ပဲ သိရတယ်။ရဲတွေရောက်လာတော့ ကျွန်တော်တို့လဲ မနေတော့ဘူး”ဟု နမ်းလိမ်ကာကျေးရွာသားတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ် နမ်းလိမ်ကာကျေးရွာရှိ ကျောက်ရွှေလုပ်ကွက်တစ်ခုတွင် မြေပြိုမှုဖြစ်၍ လူလေးဦးထက်မနည်းသေဆုံးကြောင်း ဒေသခံ အချို့က ပြောသည်။

ထိုဖြစ်စဥ်မှာ ယနေ့(အောက်တိုဘာ ၁၄ရက်)နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ပြီး နေ့လည်ပိုင်းရောက်မှသာ ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

“မနက် အစောကြီးကတည်းက ပြိုတာ။အနည်းဆုံး အမျိုးသားလေးယောက်ပါသွားတယ်ပဲ သိရတယ်။ရဲတွေရောက်လာတော့ ကျွန်တော်တို့လဲ မနေတော့ဘူး”ဟု နမ်းလိမ်ကာကျေးရွာသားတစ်ဦးက ပြောသည်။

မြေပြိုကျခဲ့သော ကျောက်ရွှေလုပ်ကွက်နေရာမှာ ဒေသခံများ၏ လက်လုပ်လက်စား လုပ်ကွက်ဖြစ်ပြီး လုပ်ကွက်တစ်ခုလျှင်အနည်းဆုံး ၁၀ဦးခန့် လုပ်ကိုင်လေ့ရှိကြောင်း ဗန်းမောက်ဒေသခံကိုဇော်က ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ကျောက်ထဲ၌ ရွှေပါဝင်သော ကျောက်ရွှေ လုပ်ကွက်များတူးဖော်ခွင့်အတွက် ဒေသခံများနှင့် အစိုးရအဆက်ဆက်ချပေးခဲ့သည့် သတ္တုတူးဖော်ခွင့်ရ ကုမ္ပဏီများအကြား အငြင်းပွားမှုရှိခဲ့သည်။ ယင်းမှတစ်ဆင့် ဒေသခံများက ကိုယ်ပိုင် လက်ယက်၊စက်ယက်တွင်းများတူးကာ တစ်နိုင်တစ်ပိုင် ရှာနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်ဘုရားလမ်းထိပ်မှာ အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းကအသိပေးထားပါတယ်။