Connect with us

Hi, what are you looking for?

News

ရွှေဘို-ကျောက်မြောင်းကြားတွင် စစ်ကောင်စီယာဥ်ကို ဒေသကာကွယ်ရေးနှစ်ဖွဲ့ပေါင်း၍ မိုင်းဆွဲတိုက်ခိုက်

ထိုအပြင် ဘုရားဖူးကားများအနေဖြင့်လည်း မှန်ချမောင်းနှင်ခြင်း၊အလံဖြူထောင်သွားခြင်းများပြုလုပ်ကြရန်အထူးမေတ္တာရပ်ခံအပ်ပါသည်ဟုလည်း ပါရှိသည်။

ရွှေဘိုပြည်သူ့ကာကွယ်ရေးအဖွဲ့ SMATH(သိမ်းငှက်)နှင့် Burmese Dragon Force ( BDF)အဖွဲ့တို့မဟာမိတ်အဖြစ်ပူးပေါင်း၍ အောက်တိုဘာ၁၃ ရက်တွင်
ရွှေဘိုမြို့မှကျောက်မြောင်းမြို့သို့ဖြတ်သန်းသွားသောစစ်ကောင်စီကားတစ်စီးကို တအုံနှင့်အုံးပေါက်ကြားတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း SMATH(သိမ်းငှက်)ကသတင်းထုတ်ပြန်သည်။

ယမန်နေ့ညနေက မိုင်းဆွဲတိုက်ခိုက်မှုတွင် သေဆုံးမှုစာရင်းကိုမှု အတည်မပြုနိုင်သေးကြောင်းလည်းပါရှိသည်။တိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအနေဖြင့်အန္တရာယ် ကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်းဆိုသည်။

ထိုအပြင် ဘုရားဖူးကားများအနေဖြင့်လည်း မှန်ချမောင်းနှင်ခြင်း၊အလံဖြူထောင်သွားခြင်းများပြုလုပ်ကြရန်အထူးမေတ္တာရပ်ခံအပ်ပါသည်ဟုလည်း ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းများနှင့်ကပ်လျက်သွားလာခြင်းများရှောင်ရှားကြရန်လည်း အသိပေးထားသည်။ ရွှေဘို လမ်းကြောင်းတွင် ယခုလပိုင်းအတွင်း မဟာမြိုင်ဆရာတော်ထံသွားရောက်ဖူးမျှော်သောအနယ်နယ်အရပ်ရပ်မှ ဘုရားဖူးကားများအလွန်များပြားနေသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များက အကြမ်းဖက်စစ်ကောင်စီယာဥ်နှင့် ယာဥ်တန်းများကိုတိုက်ခိုက်ရာတွင် မထိခိုက်စေရန် ပြည်သူ့ကာကွယ်ရေးတပ်များက အကြိမ်ကြိမ်သတိပေးနေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook