Connect with us

Hi, what are you looking for?

News

ရန်ကုန်မြို့တွင် မီတာခမ​ဆောင်​နေအိမ်များကို စစ်​ကောင်စီအဖွဲ့က မီးကြိုးများလိုက်လံဖြတ်​တောက်​နေ

“မနေ့က (အောက်တိုဘာ ၁၅ ရက်)ပင်လုံအိမ်ရာထဲ က ကျွန်တော့် အစ်မအိမ်ကို မီတာမဆောင်လို့ဆိုပြီး မီးလာဖြတ်သွားတယ်။ကျွန်တော်တို့က ရှင်းတယ်။ မီးစက်ဝယ်ပြီးပဲသုံးမယ်။ဘယ်တော့မှ စစ်ကောင်စီကို ငွေမပေးဘူး”ဟု မြောက်ဒဂုံမြို့နေပြည်သူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့အတွင်းရှိ ဗဟန်း၊ကမာရွတ်၊ မြောက်ဒဂုံ နှင့် အင်းစိန်မြို့နယ်အပါအဝင် မြို့နယ်အများစုရှိ ရပ်ကွက် အချို့တွင် မြို့နယ်လျှပ်စစ်ရုံးအဖွဲ့များနှင့် စစ်ကောင်စီ လက်အောက်ခံ တပ်သားများက မီတာခ မပေးဆောင်သည့် နေအိမ်များ၏ မီးကြိုးများ လိုက်လံဖြတ်တောက်နေကြောင်း ရပ်ကွက်နေပြည်သူများ ပြောသည်။

“မနေ့က (အောက်တိုဘာ ၁၅ ရက်)ပင်လုံအိမ်ရာထဲ က ကျွန်တော့် အစ်မအိမ်ကို မီတာမဆောင်လို့ဆိုပြီး မီးလာဖြတ်သွားတယ်။ကျွန်တော်တို့က ရှင်းတယ်။ မီးစက်ဝယ်ပြီးပဲသုံးမယ်။ဘယ်တော့မှ စစ်ကောင်စီကို ငွေမပေးဘူး”ဟု မြောက်ဒဂုံမြို့နေပြည်သူတစ်ဦးက ပြောသည်။

ထို့အပြင် ပုလဲကွန်ဒိုတွင်လည်း မီတာမဆောင်သည့် အခန်းများကို ထုရိုက်ကာ ခြိမ်းခြောက်၍ မီးဖြတ်တောက်မှုများပြုလုပ်ခဲ့သည်ဟု အဆိုပါကွန်ဒိုတွင် နေထိုင်သူအချို့က ဆိုသည်။

“လျှပ်စစ်ရုံးက ကောင်တွေကလာညှိတယ် ။ စစ်တပ်ကို ငွေမပေးချင်ရင်သူတို့ကို အောက်ဆိုဒ် ငွေနည်းနည်းပေးပါတဲ့။ မီးမဖြတ်စေရဘူးတဲ့။ ပုံမှန်ဆို ကျွန်တော်က တစ်လ နှစ်သိန်းနီးပါး မီတာဆောင်ရတယ်။တစ်ကျပ်မှ မပေးဘူး”ဟု အင်းစိန်မြို့နယ်နေသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကမာရွတ်မြို့နယ်အတွင်း စစ်ကောင်စီ၏ လျှပ်စစ်ဝန်ထမ်းများက တစ်အိမ်တက်၊တစ်အိမ်ဆင်း မီတာ​ခ ပေးဆောင်ကြရန် အသိပေးနေပြီး မီတာခ မပေးဆောင်သည့်အိမ်ကို မီတာ Fuse ဖြတ်ချမည်ဆိုပြီး ခြိမ်း​ခြောက်၍ မီတာခများ အတင်း​ဆောင်ခိုင်းကာ မီတာမဆောင်သည့် အိမ်များကို မီးလိုက်ဖြတ်နေကြောင်း သိရှိရသည်။

Public Service Announcement

“တစ်အိမ် ငါးထောင်ထဲနဲ့ ဘာမှ မဖြစ်ပါဘူးဆိုပြီး သွားဆောင်နေကြရင် သူလိုကိုယ်လိုတွေကနေပြီး ကျပ်ဘီလီယံနဲ့ချီပြီး စစ်တပ်က ရနေလိမ့်မယ်။စစ်အာဏာရှင်စနစ် သက်ဆိုး မရှည်အောင်အားလုံးညီမှ ဖြစ်မယ်”ဟု ကမာရွတ် မြို့နယ် (၄)လမ်းတွင် နေထိုင်သူတစ်ဦးက ပြော သည်။

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ရာတွင် အခွန်မဆောင်ဘဲ အာဏာဖီဆန်ရေး လှုပ်ရှားမှုပြုလုပ်​နေပြီး “တစ်အိမ်ထဲမဆောင်ရင်တစ်အိမ်ထဲ မီးပျက်မယ်၊တစ်နိုင်ငံလုံးမဆောင်ရင် ဒင်းတို့တပ်ပျက်မယ်”ကမ်းပိန် အစီအစဥ်များပြုလုပ်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်းကြီးဌာနကလည်း ပြည်သူများကို မီတာခ ပေးဆောင်ရန် မလိုကြောင်း ကြေညာထားပြီး ကောက်ခံသူများကို နိုင်ငံတော်ပုန်ကန်မှုမြောက်ပြီး အမည်ပျက်စာရင်းသွင်းမည်ဟု ထုတ်ပြန်ထားသည်။

(လှိုင်သာယာမြို့နယ်ရှိ ပြည်သူများအား မီတာခ​ဆောင်ရန် EPC ဝန်ထမ်းများက ယမန်​နေ့တွင် လိုက်လံ​ပြောဆို​နေစဥ်)

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ရန်ကုန်မှာ ဧပြီလအတွင်း မီးပျက်ချိန်များခဲ့ပေမယ့် မီတာခတွေ တော့ အရင်လတွေထက် သိသိသာသာတိုးသွားတာကြောင့် စစ်တပ်လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနကို ပြည်သူတွေက ဝေဖန်နေကြပါတယ်။