Connect with us

Hi, what are you looking for?

LuduNwayOo

News

ရန်ကုန်မြို့တွင် မီတာခမ​ဆောင်​နေအိမ်များကို စစ်​ကောင်စီအဖွဲ့က မီးကြိုးများလိုက်လံဖြတ်​တောက်​နေ

“မနေ့က (အောက်တိုဘာ ၁၅ ရက်)ပင်လုံအိမ်ရာထဲ က ကျွန်တော့် အစ်မအိမ်ကို မီတာမဆောင်လို့ဆိုပြီး မီးလာဖြတ်သွားတယ်။ကျွန်တော်တို့က ရှင်းတယ်။ မီးစက်ဝယ်ပြီးပဲသုံးမယ်။ဘယ်တော့မှ စစ်ကောင်စီကို ငွေမပေးဘူး”ဟု မြောက်ဒဂုံမြို့နေပြည်သူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့အတွင်းရှိ ဗဟန်း၊ကမာရွတ်၊ မြောက်ဒဂုံ နှင့် အင်းစိန်မြို့နယ်အပါအဝင် မြို့နယ်အများစုရှိ ရပ်ကွက် အချို့တွင် မြို့နယ်လျှပ်စစ်ရုံးအဖွဲ့များနှင့် စစ်ကောင်စီ လက်အောက်ခံ တပ်သားများက မီတာခ မပေးဆောင်သည့် နေအိမ်များ၏ မီးကြိုးများ လိုက်လံဖြတ်တောက်နေကြောင်း ရပ်ကွက်နေပြည်သူများ ပြောသည်။

“မနေ့က (အောက်တိုဘာ ၁၅ ရက်)ပင်လုံအိမ်ရာထဲ က ကျွန်တော့် အစ်မအိမ်ကို မီတာမဆောင်လို့ဆိုပြီး မီးလာဖြတ်သွားတယ်။ကျွန်တော်တို့က ရှင်းတယ်။ မီးစက်ဝယ်ပြီးပဲသုံးမယ်။ဘယ်တော့မှ စစ်ကောင်စီကို ငွေမပေးဘူး”ဟု မြောက်ဒဂုံမြို့နေပြည်သူတစ်ဦးက ပြောသည်။

ထို့အပြင် ပုလဲကွန်ဒိုတွင်လည်း မီတာမဆောင်သည့် အခန်းများကို ထုရိုက်ကာ ခြိမ်းခြောက်၍ မီးဖြတ်တောက်မှုများပြုလုပ်ခဲ့သည်ဟု အဆိုပါကွန်ဒိုတွင် နေထိုင်သူအချို့က ဆိုသည်။

“လျှပ်စစ်ရုံးက ကောင်တွေကလာညှိတယ် ။ စစ်တပ်ကို ငွေမပေးချင်ရင်သူတို့ကို အောက်ဆိုဒ် ငွေနည်းနည်းပေးပါတဲ့။ မီးမဖြတ်စေရဘူးတဲ့။ ပုံမှန်ဆို ကျွန်တော်က တစ်လ နှစ်သိန်းနီးပါး မီတာဆောင်ရတယ်။တစ်ကျပ်မှ မပေးဘူး”ဟု အင်းစိန်မြို့နယ်နေသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကမာရွတ်မြို့နယ်အတွင်း စစ်ကောင်စီ၏ လျှပ်စစ်ဝန်ထမ်းများက တစ်အိမ်တက်၊တစ်အိမ်ဆင်း မီတာ​ခ ပေးဆောင်ကြရန် အသိပေးနေပြီး မီတာခ မပေးဆောင်သည့်အိမ်ကို မီတာ Fuse ဖြတ်ချမည်ဆိုပြီး ခြိမ်း​ခြောက်၍ မီတာခများ အတင်း​ဆောင်ခိုင်းကာ မီတာမဆောင်သည့် အိမ်များကို မီးလိုက်ဖြတ်နေကြောင်း သိရှိရသည်။

Public Service Announcement

“တစ်အိမ် ငါးထောင်ထဲနဲ့ ဘာမှ မဖြစ်ပါဘူးဆိုပြီး သွားဆောင်နေကြရင် သူလိုကိုယ်လိုတွေကနေပြီး ကျပ်ဘီလီယံနဲ့ချီပြီး စစ်တပ်က ရနေလိမ့်မယ်။စစ်အာဏာရှင်စနစ် သက်ဆိုး မရှည်အောင်အားလုံးညီမှ ဖြစ်မယ်”ဟု ကမာရွတ် မြို့နယ် (၄)လမ်းတွင် နေထိုင်သူတစ်ဦးက ပြော သည်။

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ရာတွင် အခွန်မဆောင်ဘဲ အာဏာဖီဆန်ရေး လှုပ်ရှားမှုပြုလုပ်​နေပြီး “တစ်အိမ်ထဲမဆောင်ရင်တစ်အိမ်ထဲ မီးပျက်မယ်၊တစ်နိုင်ငံလုံးမဆောင်ရင် ဒင်းတို့တပ်ပျက်မယ်”ကမ်းပိန် အစီအစဥ်များပြုလုပ်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်းကြီးဌာနကလည်း ပြည်သူများကို မီတာခ ပေးဆောင်ရန် မလိုကြောင်း ကြေညာထားပြီး ကောက်ခံသူများကို နိုင်ငံတော်ပုန်ကန်မှုမြောက်ပြီး အမည်ပျက်စာရင်းသွင်းမည်ဟု ထုတ်ပြန်ထားသည်။

(လှိုင်သာယာမြို့နယ်ရှိ ပြည်သူများအား မီတာခ​ဆောင်ရန် EPC ဝန်ထမ်းများက ယမန်​နေ့တွင် လိုက်လံ​ပြောဆို​နေစဥ်)

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။