Connect with us

Hi, what are you looking for?

News

မတူပီတွင် စစ်ကောင်စီတပ်လက်ချက်ကြောင့် (၆)နှစ်အရွယ်ကလေးငယ်အပါအဝင် ပြည်သူနှစ်ဦးသေဆုံး

ပြည်သူများ၏ အသက်ပေးဆုံးရှုံးနစ်နာမှုများအတွက် အထူးဝမ်းနည်းကြေကွဲကြောင်း မတူပီ CDFက ထုတ်ပြန် သည်။

People's Spring
People's Spring

ချင်းပြည်နယ် မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် မိုင်းထောင်ခြင်းတို့ကြောင့် အသက်(၆)နှစ်အရွယ်ကလေးငယ်တစ်ဦးအပါ အဝင် နှစ်ဦးသေဆုံးခဲ့ရကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၁၆ရက် မွန်းလွဲ ၂နာရီခန့်က အကြမ်းဖက် စစ်ကောင်စီဘက်မှ လက်နက်ကြီးများရမ်းသမ်း ပစ်ခတ်မှုကြောင့် အသက်(၆) နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ရပြီး သက်ကြီးပိုင်းပြည်သူတစ်ဦး သေဆုံးရခြင်းမှာ စစ်ကောင်စီတပ်ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိ၍ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့အပြင် မတူပီ – မင်းတပ်လမ်းတွင်လည်းလက်နက် ကြီးကျ၍ ပြည်သူတစ်ဦး ပြင်းထန်စွာဒဏ်ရာ ရရှိခဲ့သည်ဟုဆိုသည်။

ပြည်သူများ၏ အသက်ပေးဆုံးရှုံးနစ်နာမှုများအတွက် အထူးဝမ်းနည်းကြေကွဲကြောင်း မတူပီ CDFက ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

ယခုတစ်ပတ်အတွင်း မတူပီမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများနှင့် မတူပီ-မင်းတပ်လမ်းကြောင်းတစ်လျှောက် နယ်မြေရှင်းလင်းရေးများအား တောက် လျှောက်လုပ်ဆောင်လာ၍ ဒေသခံပြည်သူများအနေဖြင့် စိုးရိမ် ထိတ်လန့်နေကြကြောင်း ဖော်ပြထားသည်။

မတူပီ CDF အနေဖြင့်လည်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ အောက်တိုဘာ ၁၅ရက်က စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ဆုံပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်