Connect with us

Hi, what are you looking for?

News

၀ိုင်းမော် ခလရ(၅၈)မှ စစ်သားဇနီးအချို့ တပ်လုံခြုံရေးထောင်ထားသည့်မိုင်းနင်းမိ၍ သေဆုံး

“မနေ့က ဖြစ်တာ။ လုံခြုံရေးယူရင်းနဲ့ သူတို့နေရာထဲမှာပဲ သူတို့မိုင်းပြန်ထိတာ။ အကုန်လုံးချိန်းလိုက်တဲ့ အခါကျတော့ ဘယ်မှာမိုင်းထောင်ထားမှန်းမပြောထားကြတဲ့အခါကျတော့ နင်းမိသွားတဲ့သဘော။ နှစ်ယောက်သေ၊ တစ်ယောက်ဒဏ်ရာရတယ်လို့ ပြောတယ်”ဟု ဒေသခံက ပြောသည်။

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် အခြေစိုက်ခလရ(၅၈) တွင် တပ်လုံခြုံရေးအတွက် ထောင်ထားသည့် မိုင်းနင်းမိ၍ စစ်သားဇနီးအချို့ သေဆုံးဒဏ်ရာရခဲ့ကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။

“မနေ့က ဖြစ်တာ။ လုံခြုံရေးယူရင်းနဲ့ သူတို့နေရာထဲမှာပဲ သူတို့မိုင်းပြန်ထိတာ။ အကုန်လုံးချိန်းလိုက်တဲ့ အခါကျတော့ ဘယ်မှာမိုင်းထောင်ထားမှန်းမပြောထားကြတဲ့အခါကျတော့ နင်းမိသွားတဲ့သဘော။ နှစ်ယောက်သေ၊ တစ်ယောက်ဒဏ်ရာရတယ်လို့ ပြောတယ်”ဟု ဒေသခံက ပြောသည်။

အဆိုပါ တပ်ရှိ စစ်သားများရှေ့တန်းထွက်နေချိန် ၎င်းတို့၏ဇနီးများကို လုံခြုံရေးယူခိုင်းထားခြင်းဖြစ်သည်ဟု ဆိုသည်။

“ရဲဘော်အမျိုးသမီးတွေကလည်း အကုန်စစ်သားတွေပဲလေ။စစ်သားပဲလုပ်ခိုင်းထားတာ။ စခန်းမှာ ရှိတဲ့ ရဲဘော်တွေက မရှိတော့ဘူး။ စစ်သမီးတွေပဲရှိတာ။ သူတို့က လုံခြုံရေးယူရင်းနဲ့ စစ်ဝတ်စစ်စားနဲ့ပဲ ဖြစ်တာလို့ ပြောတယ်”ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဒေသတွင်းသတင်းဌာန Kachinwaves က ခလရ(၅၈) ပေါက်ကွဲမှုဖြစ်စဉ်ကို ဖော်ပြရာ၌ စစ်သားဇနီးများ ၎င်းတို့အမျိုသားများထောင်ထားသည့် မိုင်းနင်းမိပြီး ၃ဦးသေနှစ်ဦးဒဏ်ရာရသည်ဟု ဆိုသည်။ တပ်စခန်းအနီးရှိ ၎င်းတို့၏ အမျိုးသားများ စိုက်ပျိုးထားသည့် စိုက်ခင်းထဲသွားစဥ် မိုင်းနင်းမိခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ခလရ(၅၈)တပ်ကို ဇူလိုင် ၂၉ရက်က ကချင်လက်နက်ကိုင်အဖွဲ့(KIA) လာရောက်တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ခဲ့သည်။ ထို့နောက်ပိုင်းတွင် KIAက လာရောက်တိုက်ခိုက်ခြင်းမရှိတော့သော်လည်း အဆိုပါတပ်မှ လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်မှုများ မကြာခဏ ပြုလုပ်ခဲ့၍ အရပ်သားအချို့သေဆုံးထိခိုက်ကာ နေအိမ်နှင့် အိမ်မွေးတိရိစ္ဆာန်များ ပျက်စီးမှု ဖြစ်ခဲ့သည်။ အနီးတစ်၀ိုက်ရှိ ကျေးရွာများမှ ဒေသခံများလည်း စစ်ဘေးတိမ်းရှောင်နေကြရသည်။

ဓာတ်ပုံ – Kachinwaves

ဆက်စပ်သတင်းများ

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင်က ကြေးနီတွေသယ်လာတဲ့ စစ်ယာဥ်တန်းတွေ ဖြတ်သန်းလာလို့ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook