Connect with us

Hi, what are you looking for?

News

အိမ်စီးကားဖြင်တက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ထီးချိုင့်အဖွဲ့ကတိုက်ခိုက်၊ ဗိုလ်မှူးတစ်ဦးအပါအဝင်သုံးဦးသေ

အောက်တိုဘာ ၁၇ ရက် ည ၈ နာရီခန့်က သပိတ်ကျင်းမှ ထီးချိုင့်ဘက်သို့ အိမ်စီးကားများဖြင့် တက်လာသော သတင်းအရ PDFတပ်ဖွဲ့ဝင်အချို့ကစောင့်ကြိုတိုက်ခိုက်ရာ နီကယ်စက်ရုံ လမ်းပိုင်းအနီး တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၌ အကြမ်းဖက် စစ်ကောင်စီကအိမ်စီးကားဖြင့် သပိတ်ကျင်းမှ ထီးချိုင့်သို့အလာတွင် ထီးချိုင့် PDF ကတိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်မှဗိုလ်မှူးတစ်ဦးအပါအဝင် သုံးဦးသေဆုံးကြောင်း ထီးချိုင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၁၇ ရက် ည ၈ နာရီခန့်က သပိတ်ကျင်းမှ ထီးချိုင့်ဘက်သို့ အိမ်စီးကားများဖြင့် တက်လာသော သတင်းအရ PDFတပ်ဖွဲ့ဝင်အချို့ကစောင့်ကြိုတိုက်ခိုက်ရာ နီကယ်စက်ရုံ လမ်းပိုင်းအနီး တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို တိုက်ပွဲတွင် ထီးချိုင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာစစ်ကောင်စီဘက်မှ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးအပါအဝင် ၃ဦးသေဆုံးပြီး ကားပျက်စီးခဲ့ကြောင်း ထီးချိုင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပြောသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီးထိခိုက်ကဆုံးမှုမရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာလ ၄ ရက် ညကလည်း ကသာမြို့နယ်၊ကမ်းနီရဲကင်းစခန်းကို ထီးချိုင့် PDFက မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။

ထို့အပြင် ထီးချိုင့် PDF အဖွဲ့ဆီသို့ အောက်တိုဘာ ၁၇ ရက်ကနယ်မြေခံရဲတပ်ဖွဲ့ တပ်သား၂ ဦးထပ်မံလာရောက်၍ ပြည်သူနှင့်ပူးပေါင်းသဖြင့် စိစစ်လက်ခံခဲ့ပြီး ပြည်သူနှင့်ပူးပေါင်းလာသော စစ်ကောင်စီ တပ်သား ၂၂ ဦးရှိပြီဖြစ်ကြောင်း လည်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တပ်လက်နက်ကြီး၊လေကြောင်းရန်ရှိလို့ အမြန်ဆုံးရှောင်ရှားကြဖို့ မြစ်ကမ်းဘေး ပြည်သူတွေကို ကသာပအဖ မေတ္တာရပ်ခံ

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။