Connect with us

Hi, what are you looking for?

News

KIAနှင့်စစ်ကောင်စီ ကွတ်ခိုင်တွင် တိုက်ပွဲဖြစ်၊ အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရ

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိမရှိကို ဖော်ပြမထားပေ။ KIA သတင်းနှင့် ပြန်ကြားရေးဌာန အနေဖြင့် တိုက်ပွဲသတင်းများ ဖော်ပြရာတွင် ထိခိုက်သေဆုံးစာရင်းများ ဖော်ပြလေ့မရှိပေ။

ကချင်လက်နက်ကိုင်အဖွဲ့(KIA) တပ်မဟာ(၆) တပ်ရင်း (၉)နယ်မြေ ကွတ်ခိုင်မြို့နယ်တွင် ယနေ့(အောက်တိုဘာ ၁၈) နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmese က သတင်းဖော်ပြသည်။

အောက်တိုဘာ ၁၈ရက် နံနက် ၉နာရီခွဲခန့်တွင် ဒေသတွင်းသို့ စစ်ရေးလှုပ်ရှားလာသည့် အာဏာသိမ်းတပ်ဖွဲ့ကို KIAက ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထို့အပြင် စစ်အင်အား (၂၀၀)ခန့်ရှိစစ်ကြောင်းတစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိမရှိကို ဖော်ပြမထားပေ။ KIA သတင်းနှင့် ပြန်ကြားရေးဌာန အနေဖြင့် တိုက်ပွဲသတင်းများ ဖော်ပြရာတွင် ထိခိုက်သေဆုံးစာရင်းများ ဖော်ပြလေ့မရှိပေ။

Public Service Announcement

Public Service Announcement

ရှမ်းပြည်မြောက်ပိုင်း ဒေသ အများစုကို အာဏာသိမ်းစစ်ကောင်စီက စစ်အင်အားဖြည့်တင်းလာ၍ အောက်တိုဘာ ၁၆ရက်ကလည်း KIAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

KIA တပ်မဟာ(၈)နယ်မြေ တပ်ရင်း(၅)ဒေသသို့လည်း အာဏာသိမ်းစစ်ကောင်စီတပ်က အောက်တိုဘာ ၁၇ရက် ညနေပိုင်းတွင် တိုက်လေယာဉ် ၂စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။