Connect with us

Hi, what are you looking for?

News

ကရင်ပြည်နယ်နေ့ပွဲတော်နီးချိန် ဘားအံမှာလုံခြုံရေးတင်းကြပ်

စစ်ကောင်စီတပ်ဖွဲ့တွေက ဒီကနေ့ မနက်ပိုင်းက ဘားအံမြို့အဝင်အထွက်နေရာတွေမှာ သွားလာနေတဲ့ ပြည်သူတွေရဲ့ ကားဆိုင်ကယ်တွေကို တားစီးစစ်ဆေး မေးမြန်းတာတွေ လုပ်ဆောင်နေပြီး ဒီလိုရှာဖွေမှုဟာ မနေ့က ဗုံးတွေ့ရှိတာနဲ့ ပတ်သက်နိုင်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ကရင်ပြည်နယ်နေ့ပွဲတော်နေ့ပွဲတော် နီးလာချိန် ဘားအံမြို့မှာ မနေ့က ဗုံးတစ်လုံးတွေ့ရှိခဲ့ပြီး စစ်ကောင်စီတပ်တွေက ပိုတင်းတင်းကြပ်ကြပ်ရှာဖွေစစ်ဆေးလာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက ဒီကနေ့ မနက်ပိုင်းက ဘားအံမြို့အဝင်အထွက်နေရာတွေမှာ သွားလာနေတဲ့ ပြည်သူတွေရဲ့ ကားဆိုင်ကယ်တွေကို တားစီးစစ်ဆေး မေးမြန်းတာတွေ လုပ်ဆောင်နေပြီး ဒီလိုရှာဖွေမှုဟာ မနေ့က ဗုံးတွေ့ရှိတာနဲ့ ပတ်သက်နိုင်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မနေ့ အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းက ဘားအံမြို့ ကားဝင်ဟောင်းရှေ့မှာ ဗုံးတစ်လုံးတွေ့ရှိခဲ့လို့ စစ်ကောင်စီတပ်တွေက ဗုံးရှာဖွေရေး ကိရိယာတွေနဲ့ လာရောက်ရှာဖွေကာ အဲ့ဒီအနီးအနားက ပြည်သူတွေကို စစ်ဆေးမေးမြန်တာတွေ လုပ်ဆောင်နေခဲ့တာပါ။

” မနေ့က ရဲကားသုံးစီးရောက်လာပြီး ဗုံးရှာဖွေရေးကိရိယာတွေနဲ့ အဲ့ဒီနားဝန်းကျင်တစ်ဝိုက်ရှာဖွေနေတာ။ အဲ့မှာ ကွမ်းယာဆိုင် လက်ဘက်ရည်ဆိုင်နဲ့ ဆိုင်ကယ်တက်စီဂိတ်မှာရှိတဲ့ သူတွေကိုလည်း စစ်ဆေးမေးမြန်းတယ်။ ဖုန်းတွေကိုလည်း စစ်တယ်” လို့ မြို့ခံတစ်ဦးက ပြောထားတာပါ။

Public Service Announcement

Public Service Announcement

အဲ့ဒီနေ့ ညပိုင်းမှာလည်း ဘားအံမြို့ အမှတ် ၉ ရပ်ကွက် ကြာအင်းလမ်းဆုံဘက်မှာ ဗုံးတစ်လုံးထပ်တွေ့တယ်ဆိုပြီး စစ်ကောင်စီတပ်က သွားရောက်စစ်ဆေးခဲ့ရာ ဗုံးလန့်မှုသာဖြစ်တယ်လို့ မြို့ခံတွေထံကနေ သိရပါတယ်။

ဘားအံမြို့ ကားဝင်းဟောင်းရှေ့ ဗုံးတွေ့ရှိမှုနဲ့ပတ်သက်ပြီး အဲ့ဒီအနီးအနားက ဆိုင်တစ်ဆိုင်ရဲ့ စီစီတီဗီကနေတစ်ဆင့် ဗုံးလာရောက်ထောင်နေသူ မင်္သကာသူတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

လက်ရှိ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီက မင်္သာသူတစ်ချို့ကို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်ကလည်း ဘားအံမြို့ တပ်မ ၂၂ ဌာနချုပ်ရှေ့မှာ ပေါက်ကွဲမှုဖြစ်ခဲ့သေးတာဖြစ်ပြီး အုတ်တံတိုင်းနံရံအချို့ ထိခိုက်ပျက်စီးသွားခဲ့သေးတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။