Connect with us

Hi, what are you looking for?

LuduNwayOo

News

ကရင်ပြည်နယ်နေ့ပွဲတော်နီးချိန် ဘားအံမှာလုံခြုံရေးတင်းကြပ်

စစ်ကောင်စီတပ်ဖွဲ့တွေက ဒီကနေ့ မနက်ပိုင်းက ဘားအံမြို့အဝင်အထွက်နေရာတွေမှာ သွားလာနေတဲ့ ပြည်သူတွေရဲ့ ကားဆိုင်ကယ်တွေကို တားစီးစစ်ဆေး မေးမြန်းတာတွေ လုပ်ဆောင်နေပြီး ဒီလိုရှာဖွေမှုဟာ မနေ့က ဗုံးတွေ့ရှိတာနဲ့ ပတ်သက်နိုင်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ကရင်ပြည်နယ်နေ့ပွဲတော်နေ့ပွဲတော် နီးလာချိန် ဘားအံမြို့မှာ မနေ့က ဗုံးတစ်လုံးတွေ့ရှိခဲ့ပြီး စစ်ကောင်စီတပ်တွေက ပိုတင်းတင်းကြပ်ကြပ်ရှာဖွေစစ်ဆေးလာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက ဒီကနေ့ မနက်ပိုင်းက ဘားအံမြို့အဝင်အထွက်နေရာတွေမှာ သွားလာနေတဲ့ ပြည်သူတွေရဲ့ ကားဆိုင်ကယ်တွေကို တားစီးစစ်ဆေး မေးမြန်းတာတွေ လုပ်ဆောင်နေပြီး ဒီလိုရှာဖွေမှုဟာ မနေ့က ဗုံးတွေ့ရှိတာနဲ့ ပတ်သက်နိုင်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မနေ့ အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းက ဘားအံမြို့ ကားဝင်ဟောင်းရှေ့မှာ ဗုံးတစ်လုံးတွေ့ရှိခဲ့လို့ စစ်ကောင်စီတပ်တွေက ဗုံးရှာဖွေရေး ကိရိယာတွေနဲ့ လာရောက်ရှာဖွေကာ အဲ့ဒီအနီးအနားက ပြည်သူတွေကို စစ်ဆေးမေးမြန်တာတွေ လုပ်ဆောင်နေခဲ့တာပါ။

” မနေ့က ရဲကားသုံးစီးရောက်လာပြီး ဗုံးရှာဖွေရေးကိရိယာတွေနဲ့ အဲ့ဒီနားဝန်းကျင်တစ်ဝိုက်ရှာဖွေနေတာ။ အဲ့မှာ ကွမ်းယာဆိုင် လက်ဘက်ရည်ဆိုင်နဲ့ ဆိုင်ကယ်တက်စီဂိတ်မှာရှိတဲ့ သူတွေကိုလည်း စစ်ဆေးမေးမြန်းတယ်။ ဖုန်းတွေကိုလည်း စစ်တယ်” လို့ မြို့ခံတစ်ဦးက ပြောထားတာပါ။

Public Service Announcement

Public Service Announcement

အဲ့ဒီနေ့ ညပိုင်းမှာလည်း ဘားအံမြို့ အမှတ် ၉ ရပ်ကွက် ကြာအင်းလမ်းဆုံဘက်မှာ ဗုံးတစ်လုံးထပ်တွေ့တယ်ဆိုပြီး စစ်ကောင်စီတပ်က သွားရောက်စစ်ဆေးခဲ့ရာ ဗုံးလန့်မှုသာဖြစ်တယ်လို့ မြို့ခံတွေထံကနေ သိရပါတယ်။

ဘားအံမြို့ ကားဝင်းဟောင်းရှေ့ ဗုံးတွေ့ရှိမှုနဲ့ပတ်သက်ပြီး အဲ့ဒီအနီးအနားက ဆိုင်တစ်ဆိုင်ရဲ့ စီစီတီဗီကနေတစ်ဆင့် ဗုံးလာရောက်ထောင်နေသူ မင်္သကာသူတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

လက်ရှိ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီက မင်္သာသူတစ်ချို့ကို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်ကလည်း ဘားအံမြို့ တပ်မ ၂၂ ဌာနချုပ်ရှေ့မှာ ပေါက်ကွဲမှုဖြစ်ခဲ့သေးတာဖြစ်ပြီး အုတ်တံတိုင်းနံရံအချို့ ထိခိုက်ပျက်စီးသွားခဲ့သေးတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်တွင် လောင်းကစားမြို့သစ် စီမံကိန်းနှင့်ပတ်သက်ပြီး KNU အနေဖြင့် လုံး၀ ပတ်သက်မှု မရှိကြောင်း KNUက ၂၀၂၃ ဖေဖော်ဝါရီလတွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

ဆောင်းပါး

၂၀၂၁ ခုနှစ်၊ စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်း၊ အထူးသဖြင့် အားကောင်းတဲ့ လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုတွေ နိုးကြားလာတဲ့ အခါမှာတော့ တရုတ်ဟာအဲဒီ စီမံကိန်းတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်လာရပြန်ပါတယ်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနှင့်ပျူစောထီး ၆ ဦးခန့်သေဆုံးနိုင်ကြောင်း ကင်းထောက်များ၏ ပြောပြချက်အရ သိရသည်။

သတင်း

ကျုံးဘေးပတ်လည် အဓိကလမ်းတွေဖြစ်တဲ့ ၂၆လမ်း၊ လမ်း၈၀၊ ၁၂လမ်းနဲ့ ၆၆လမ်းတို့ကိုဖြတ်သန်းသွားလာခွင့်ပိတ်ထားတယ်လို့သိရပါတယ်။