Connect with us

Hi, what are you looking for?

News

တော်လှန်ရေးသီတင်းကျွတ်မီးထွန်းပွဲ KNU ခေါင်းဆောင်အချို့တက်ရောက်

သီတင်းကျွတ်မီးထွန်းခြင်း၊မီးပုံးပျံလွှတ်ခြင်း၊စတုဒီသာကျွေးခြင်းများကိုပြုလုပ်ခဲ့ကြကြောင်း ဖော်ပြထား သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုစည်းရုံးရေးနှင့်ပြန်ကြားရေးဌာန(သေဘေထာ)တွင် ကျင်းပသည့် တော်လှန်ရေးသီတင်းကျွတ်မီးထွန်းပွဲသို့ KNU တွဲဖက်အထွေအထွေအတွင်းရေးမှူး(၂)ပဒိုစောလှထွန်း၊ဗဟိုအမြဲတမ်းကော်မတီ၀င် ပဒိုစောသမိန်ထွန်း နှင့် KNLA တပ်ဖွဲ့၀င်များ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြောင်း KNUက သတင်းထုတ်နြပ်သည်။

အောက်တိုဘာ၂၀ရက်ညပိုင်းက ဓမ္မကို ဂုဏ်ပြုပူဇော်၊ အဓမ္မကိုလောင်ကျွမ်း ခေါင်းစဉ်ဖြင့် တော်လှန်ရေးသီတင်းကျွတ်မီးထွန်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဗဟိုအမြဲတမ်းကော်မတီ၀င် ပဒိုစောသမိန်ထွန်းမှ သီတင်းကျွတ်ပွဲဖြစ်ပုံလာပုံအကြောင်း ပြောကြားခဲ့ပြီးတွဲဖက်အထွေအထွေအတွင်းရေးမှူး(၂)ပဒိုစောလှထွန်းမှ ပြည်သူများနှင့်အတူ သီတင်းကျွတ်ဆုတောင်းပေးခဲ့သည်ဟု ဆိုသည်။

သီတင်းကျွတ်မီးထွန်းခြင်း၊မီးပုံးပျံလွှတ်ခြင်း၊စတုဒီသာကျွေးခြင်းများကိုပြုလုပ်ခဲ့ကြကြောင်း ဖော်ပြထား သည်။

Public Service Announcement

Public Service Announcement

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့ သီတင်း ကျွတ်ကာလ ညမြင်ကွင်းကို KIO ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဂွန်မော်က ၎င်း၏ Facebook စာမျက်နှာ၌ ယနေ့ညပိုင်းတွင်ဖော်ပြသည်။ ထိုသို့ဖော်ပြရာတွင် ကလေးငယ်များ ဖယောင်းတိုင်ထွန်းနေသည့် ပုံ၊ စျေးဆိုင်ငယ်တွင် ဖယောင်းတိုင် ထွန်းထားသည့်ပုံနှင့် ဖယောင်းတိုင်များထွန်းပြီး နွေဦးအောင်ပွဲဟု ပုံဖော်ထားသည့် ဓာတ်ပုံတို့ပါရှိသည်။

KNUနှင့် KIA တို့သည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထုများအပေါ် အကူအညီ အကာအကွယ်ပေးနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သကဲ့သို့ စစ်ကောင်စီတပ်ကိုလည်း ခုခံတိုက်ခိုက်မှုများ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook