Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်​ခုခံတော်လှန်စစ်ပွဲများ ပြင်းထန်လာ၍ နယ်စပ်မှတရုတ်နိုင်ငံသားများကို တရုတ်အစိုးရကသတိပေး

“တရုတ်နိုင်ငံသားတွေကိုလည်း သတိပေးနေတယ်။ မြန်မာတွေကိုလည်း ပြန်လွှတ်နေတယ်”ဟု ရွှေလီမြို့တွင် နေထိုင်သည့် မြန်မာတစ်ဦးက ယနေ့(အောက်တိုဘာ ၂၁ရက်)တွင် ပြောသည်။

မြန်မာနိုင်ငံတွင်စစ်အာဏာရှင်တော်လှန်ရေး ခုခံစစ်ပွဲ များပြင်းထန်လာသဖြင့် နှစ်နိုင်ငံနယ်စပ်အနီးရှိ တရုတ်နိုင်ငံသားများ သတိပြုနေထိုင်ကြရန် တရုတ်အစိုးရက သတိပေးချက် ထုတ်ပြန်လိုက်သည်။

ရွှေလီအပါအဝင် နှစ်နိုင်ငံနယ်စပ်ဒေသအနီးရှိ တရုတ်နိုင်ငံသားများအားမြန်မာနိုင်ငံအရေးနှင့် ပတ်သက်သော တရုတ်အစိုးရ၏ သတိပေးချက်ကို တရုတ်နိုင်ငံသုံး လူမှုကွန်ရက် Wechatတွင် အောက်တိုဘာ ၂၀ရက်က စတင် ထွက်ပေါ်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်နေသော မတည်ငြိမ်မှုများနှင့် ပဋိပက္ခများသည် တရုတ်နယ်စပ်ဒေသတွေအတွက်လည်းထိခိုက်မှုရှိနေပြီး မတည်ငြိမ်မှုများသည် မှန်းဆ၍ မရနိုင်သည်အထိ ပြဿနာရှုပ်ထွေး​နေကြောင်း၊ တရုတ်မြန်မာနယ်စပ်တလျှောက်တွင် တိုက်ပွဲများ ပြင်းထန်လာနေပြီး သေကြေပျက်စီးမှုတွေရှိနေ၍ တရုတ်နိုင်ငံသား ( အထူးသဖြင့် ဝမ်တိန်ဒေသခံ ) သည် အိမ်အပြင်ထွက်လျှင် သတိထားကြရန်နှင့် သေနတ်သံကြားပါက လုံးဝအပြင်မထွက်ရန် တိုက်တွန်းသတိပေး ထားသည်။ ထို့အပြင်ထူးခြားမှုရှိပါက ရဲစခန်း ၊ဆေးရုံတို့ကို ဆက်သွယ်ရန် တိုက်တွန်းထားသည်။

“တရုတ်နိုင်ငံသားတွေကိုလည်း သတိပေးနေတယ်။ မြန်မာတွေကိုလည်း ပြန်လွှတ်နေတယ်”ဟု ရွှေလီမြို့တွင် နေထိုင်သည့် မြန်မာတစ်ဦးက ယနေ့(အောက်တိုဘာ ၂၁ရက်)တွင် ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီနှင့် ကချင်လွတ်​မြောက်​ရေးတပ်မ​တော်( KIA) ၊ တအာင်းတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ TNLA၊ ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ MNDAA တို့သည် တရုတ်နိုင်ငံနှင့် နယ်ချင်းထိစပ်နေသော မူဆယ်၊ မုံးကိုးနှင့် ပန်ဆိုင်းဒေသများတွင် တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ်ထဲကနေအိမ်တစ်လုံးကို မနေ့ ( စက်တင်ဘာလ ၂ရက်) က အာဏာသိမ်းစစ်တပ်က ဝင်ရောက်စီးနင်းပြီး တရုတ်နိုင်ငံသားတွေအပါအဝင် လူ ၁၀ ဦးခန့်ကို ဖမ်းဆီးသွားတယ်လ်ို့ မြို့ခံတွေဆီကသိရပါတယ်။

ဆောင်းပါး

“အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်မြေပြင်မှာ ဘယ်သူက အမှန်တကယ် စိုးမိုးထားသလဲ”

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။