Connect with us

Hi, what are you looking for?

News

NUG နဲ့မဆက်သွယ်ဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို စစ်ကောင်စီသတိပေး

အဲဒီအစီရင်ခံစာထဲမှာ စစ်ကောင်စီက အကြမ်းဖက်အဖြစ် ကြေညာထားတဲ့ NUG အပါအဝင် တခြားသော အဖွဲ့တွေကို ဆက်သွယ်တာတွေမလုပ်ဖို့ သတိပေးခံရတဲ့အကြောင်း အာဆီယံအထူးကိုယ်စားလှယ်က ဆိုထားပါတယ်။

People's Spring
People's Spring

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) နဲ့မဆက်သွယ်ဖို့ အာဆီယံ အထူးကိုယ်စားလှယ်ကို စစ်ကောင်စီက သတိပေးလိုက်တယ်လို့ ဂျပန်သတင်းဌာန NHK က သတင်းဖော်ပြထားပါတယ်။

NHK ဟာ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့အစီရင်ခံစာတစ်စောင်ကို ရရှိထားတာလည်းဖြစ်ပါတယ်။

အဲဒီအစီရင်ခံစာထဲမှာ စစ်ကောင်စီက အကြမ်းဖက်အဖြစ် ကြေညာထားတဲ့ NUG အပါအဝင် တခြားသော အဖွဲ့တွေကို ဆက်သွယ်တာတွေမလုပ်ဖို့ သတိပေးခံရတဲ့အကြောင်း အာဆီယံအထူးကိုယ်စားလှယ်က ဆိုထားပါတယ်။

ဒီအစီရင်ခံဟာ လာမယ့်ရက်ပိုင်းမှာ ကျင်းပမယ့်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင်ထွက်ပေါ်လာတဲ့အစီရင်ခံစာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံအထူးကိုယ်စားလှယ်ဟာ မြန်မာ့အရေးကိုကြားဝင်ဖြေရှင်းပေးရာမှာ အဓိကကျတဲ့ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ နဲ့တွေ့ဆုံခွင့်ပြုဖို့စစ်ကောင်စီကို တောင်းဆိုပေမယ့် ငြင်းပယ်ခြင်းခံထားရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။