Connect with us

Hi, what are you looking for?

LuduNwayOo

News

NUG နဲ့မဆက်သွယ်ဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို စစ်ကောင်စီသတိပေး

အဲဒီအစီရင်ခံစာထဲမှာ စစ်ကောင်စီက အကြမ်းဖက်အဖြစ် ကြေညာထားတဲ့ NUG အပါအဝင် တခြားသော အဖွဲ့တွေကို ဆက်သွယ်တာတွေမလုပ်ဖို့ သတိပေးခံရတဲ့အကြောင်း အာဆီယံအထူးကိုယ်စားလှယ်က ဆိုထားပါတယ်။

People's Spring
People's Spring

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) နဲ့မဆက်သွယ်ဖို့ အာဆီယံ အထူးကိုယ်စားလှယ်ကို စစ်ကောင်စီက သတိပေးလိုက်တယ်လို့ ဂျပန်သတင်းဌာန NHK က သတင်းဖော်ပြထားပါတယ်။

NHK ဟာ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့အစီရင်ခံစာတစ်စောင်ကို ရရှိထားတာလည်းဖြစ်ပါတယ်။

အဲဒီအစီရင်ခံစာထဲမှာ စစ်ကောင်စီက အကြမ်းဖက်အဖြစ် ကြေညာထားတဲ့ NUG အပါအဝင် တခြားသော အဖွဲ့တွေကို ဆက်သွယ်တာတွေမလုပ်ဖို့ သတိပေးခံရတဲ့အကြောင်း အာဆီယံအထူးကိုယ်စားလှယ်က ဆိုထားပါတယ်။

ဒီအစီရင်ခံဟာ လာမယ့်ရက်ပိုင်းမှာ ကျင်းပမယ့်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင်ထွက်ပေါ်လာတဲ့အစီရင်ခံစာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံအထူးကိုယ်စားလှယ်ဟာ မြန်မာ့အရေးကိုကြားဝင်ဖြေရှင်းပေးရာမှာ အဓိကကျတဲ့ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ နဲ့တွေ့ဆုံခွင့်ပြုဖို့စစ်ကောင်စီကို တောင်းဆိုပေမယ့် ငြင်းပယ်ခြင်းခံထားရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့(မေလ ၃ ရက်)ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ သဘောထားရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။