Connect with us

Hi, what are you looking for?

News

မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်ယာဥ်တန်းကိုမိုင်းခွဲတိုက်ခိုက် ၁၅ ဦးခန့်သေဆုံးကြောင်းမဟာမိတ်အဖွဲ့များထုတ်ပြန်

ယနေ့ မိုင်းခွဲ တိုက်ခိုက်မှုတွင် ပြည်သူ့ ရဲဘော် တစ်ဦး တစ်ယောက် ဒဏ်ရာရရှိခြင်း၊ ကျဆုံးခြင်းမရှိကြောင်း မြောင် PDF အဖွဲ့က ပြောသည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသခံ မဟာမိတ်၈ဖွဲ့ ပူးပေါင်းစစ်ဆင်ရေးအဖြစ် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ သုံးပွင့်ဗိုလ်နှင့်စစ်သား ၁၅ ဦးခန့်သေဆုံးကြောင်း မဟာမိတ်အဖွဲ့များက သတင်းထုတ်ပြန်သည်။

ယမန်နေ့ အောက်တိုဘာလ ၂၃ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် အချိန်က မြောင်မြို့ပေါ်
မှကျေးရွာများသို့ သွားလာနေသည့် အကြမ်းဖက်စစ်ကောင်စီကားများအပြန် လမ်းခုလပ်တစ်နေရာတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးထိုတိုက်ခိုက်မှုတွင် မိုင်း (၆) လုံးကွဲပြီး စစ်ကောင်စီအသုံးပြုလာသည့် ဆယ့်နှစ်ဘီးကား(၁)စီးနှင့်ကားအသေး (၁)စီး ပက်လက်လန်သည့်အပြင် မီးလောင်သွားကြောင်း၊ ထိုဖြစ်စဉ်တွင် ကျောက်ရစ်တိုက်ပွဲတွင် ပါဝင်ခဲ့သည့် သုံးပွင့် ဗိုလ်နှင့်အတူ စစ်သား (၁၅) ဦး သေဆုံးနိုင်ကြောင်း မြောင်မြိုနယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့က အသိပေးသည်။

Public Service Announcement

ယနေ့ မိုင်းခွဲ တိုက်ခိုက်မှုတွင် ပြည်သူ့ ရဲဘော် တစ်ဦး တစ်ယောက် ဒဏ်ရာရရှိခြင်း၊ ကျဆုံးခြင်းမရှိကြောင်း မြောင် PDF အဖွဲ့က ပြောသည်။

မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးတွင် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM ၊ Myaung Special People’s Defense Force–MSPDF ၊နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ 27 Revolution Forces ၊ PDF–Taloke ၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့ ၊ မြောင်မြို့နယ် T.G.R – ပြည်သူ့ကာကွယ်ရေးတပ် နှင့် Myingyan Ranger အဖွဲ့ တို့ ပါဝင်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။