Connect with us

Hi, what are you looking for?

News

KTVမှ ပြန်လာစဥ်အသတ်ခံရသည့် ဒုရဲအုပ်နှစ်ဦး၏ ပစ်စတိုနှစ်လက်မှာ နှစ်၈၀ကျော် သက်တမ်းရှိသော အမေရိကန်နှင့် အင်္ဂလန်ထုတ်ဖြစ်

အောက်တိုဘာ ၂၆ ရက်က ဒုရဲအုပ်နှစ်ဦးအား ရှင်းလင်းပြီးရရှိခဲ့သော သေနတ်အမျိုးအစားမှာ USA MADE SMITH&WISSON 6 BULLET PISTOLနှင့် ENGLAND (ဘာမင်ဂန်)MADE WEBLEY&SCOTT 6 BULLET PISTOL နှစ်လက်ဖြစ်သည်။

ကာလာအိုကေဆိုင်(KTV)မှ ပြန်လာစဥ် အသတ်ခံရသည့်စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်နှစ်ဦးထံမှ ရရှိခဲ့သော ပစ်စတိုနှစ်လက်သည် အမေရိကန်နှင့် အဂ်လန်နိုင်ငံထုတ် နှစ် ၈၀ကျော်သက်တမ်းရှိသော်လည်း အသုံးပြုနိုင်သေးကြောင်း Sagaing Independence Army (SIA)က ယနေ့(အောက်တိုဘာ ၂၇) အသိပေးသည်။

အောက်တိုဘာ ၂၆ ရက်က ဒုရဲအုပ်နှစ်ဦးအား ရှင်းလင်းပြီးရရှိခဲ့သော သေနတ်အမျိုးအစားမှာ USA MADE SMITH&WISSON 6 BULLET PISTOLနှင့် ENGLAND (ဘာမင်ဂန်)MADE WEBLEY&SCOTT 6 BULLET PISTOL နှစ်လက်ဖြစ်သည်။

လက်ရှိတွင် ဆေးကြောသန့်စင်ပြီးဖြစ်ကာ အသုံးပြုနိုင်သည့် အခြေအနေရှိပြီဟု SIAက ဆိုသည်။

မုံရွာမြို့ရှိ KTVတစ်ခုမှ ပြန်လာသောဒုရဲအုပ် နှစ်ဦးကို SIAတပ်ဖွဲ့များက စက်မှုဇုန်ရပ်ကွက် စွယ်တော်လမ်းအရောက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုဖြစ်စဥ်ကြောင့် အောက်တိုဘာ ၂၆ ရက်ကမုံရွာမြို့အဝင်အထွက် ဂိတ်များကို စစ်ကောင်စီက တားဆီးပိတ်ဆို့မှုများပြုလုပ်ခဲ့သည့်အပြင် အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဥ်များလည်း အသုံးပြုခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ထို့အပြင် အတည်မပြုနိုင်သေးသော သတင်းများအရ သေဆုံးသွားသော ဒုရဲအုပ်နှစ်ဦးသွားခဲ့ရာ KTV မှ ထမင်း၊ဟင်းချက်သူ အမျိုးသမီးမှလွဲ၍ ကျန်ဝန်ထမ်းများအားလုံးကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေသည်ဟု စုံစမ်းသိရှိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။