Connect with us

Hi, what are you looking for?

LuduNwayOo

News

KTVမှ ပြန်လာစဥ်အသတ်ခံရသည့် ဒုရဲအုပ်နှစ်ဦး၏ ပစ်စတိုနှစ်လက်မှာ နှစ်၈၀ကျော် သက်တမ်းရှိသော အမေရိကန်နှင့် အင်္ဂလန်ထုတ်ဖြစ်

အောက်တိုဘာ ၂၆ ရက်က ဒုရဲအုပ်နှစ်ဦးအား ရှင်းလင်းပြီးရရှိခဲ့သော သေနတ်အမျိုးအစားမှာ USA MADE SMITH&WISSON 6 BULLET PISTOLနှင့် ENGLAND (ဘာမင်ဂန်)MADE WEBLEY&SCOTT 6 BULLET PISTOL နှစ်လက်ဖြစ်သည်။

ကာလာအိုကေဆိုင်(KTV)မှ ပြန်လာစဥ် အသတ်ခံရသည့်စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်နှစ်ဦးထံမှ ရရှိခဲ့သော ပစ်စတိုနှစ်လက်သည် အမေရိကန်နှင့် အဂ်လန်နိုင်ငံထုတ် နှစ် ၈၀ကျော်သက်တမ်းရှိသော်လည်း အသုံးပြုနိုင်သေးကြောင်း Sagaing Independence Army (SIA)က ယနေ့(အောက်တိုဘာ ၂၇) အသိပေးသည်။

အောက်တိုဘာ ၂၆ ရက်က ဒုရဲအုပ်နှစ်ဦးအား ရှင်းလင်းပြီးရရှိခဲ့သော သေနတ်အမျိုးအစားမှာ USA MADE SMITH&WISSON 6 BULLET PISTOLနှင့် ENGLAND (ဘာမင်ဂန်)MADE WEBLEY&SCOTT 6 BULLET PISTOL နှစ်လက်ဖြစ်သည်။

လက်ရှိတွင် ဆေးကြောသန့်စင်ပြီးဖြစ်ကာ အသုံးပြုနိုင်သည့် အခြေအနေရှိပြီဟု SIAက ဆိုသည်။

မုံရွာမြို့ရှိ KTVတစ်ခုမှ ပြန်လာသောဒုရဲအုပ် နှစ်ဦးကို SIAတပ်ဖွဲ့များက စက်မှုဇုန်ရပ်ကွက် စွယ်တော်လမ်းအရောက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုဖြစ်စဥ်ကြောင့် အောက်တိုဘာ ၂၆ ရက်ကမုံရွာမြို့အဝင်အထွက် ဂိတ်များကို စစ်ကောင်စီက တားဆီးပိတ်ဆို့မှုများပြုလုပ်ခဲ့သည့်အပြင် အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဥ်များလည်း အသုံးပြုခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ထို့အပြင် အတည်မပြုနိုင်သေးသော သတင်းများအရ သေဆုံးသွားသော ဒုရဲအုပ်နှစ်ဦးသွားခဲ့ရာ KTV မှ ထမင်း၊ဟင်းချက်သူ အမျိုးသမီးမှလွဲ၍ ကျန်ဝန်ထမ်းများအားလုံးကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေသည်ဟု စုံစမ်းသိရှိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။