Connect with us

Hi, what are you looking for?

News

မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ်နဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ

အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာနိုလင်းဟေဇာဟာ စင်ကာနိုင်ငံသူဖြစ်ပြီး နာဂစ်ကာလတုန်းက မြန်မာနိုင်ငံကိုအကူအညီပေးရေးကိစ္စတွေမှာ စစ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံဖူးသူဖြစ်ပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်ခံရသူ ဒေါက်တာနိုလင်းဟေဇာ ဟာ ရာထူးလက်ခံပြီးရက်ပိုင်းအကြာမှာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးရဲ့တွေ့ဆုံလိုက်ပါတယ်။

တွေ့ဆုံမှုအကြောင်းကို စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက သတင်းထုတ်ပြန်ရာမှာ ဒေါက်တာနိုလင်းဟေဇာ ဟာ ကုလသမဂ္ဂမှာ နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ဖူးတဲ့အတွေ့အကြုံကောင်းတွေရှိပြီး မြန်မာ့အရေးကိုဖြေရှင်းရာမှာ အစွမ်းကုန်ဆောင်ရွက်နိုင်မယ်လို့ ဆန္ဒပြုထားပါတယ်။

အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာနိုလင်းဟေဇာဟာ စင်ကာနိုင်ငံသူဖြစ်ပြီး နာဂစ်ကာလတုန်းက မြန်မာနိုင်ငံကိုအကူအညီပေးရေးကိစ္စတွေမှာ စစ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံဖူးသူဖြစ်ပါတယ်။

ဒေါက်တာနိုလင်းဟေဇာဟာ မစ္စ ခရစ်စတင်း ဘာဂနာ ရဲ့ ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် တာဝန်ကို ဆက်ခံတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မစ္စခရစ်စတင်းဘာဂနာတာဝန်ထမ်းဆောင်ချိန်က NLD အစိုးရ လက်ထက်မှာ မြန်မာနိုင်ငံကိုမကြာခဏ လာရောက်ခဲ့တာရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြည်ဝင်ခွင့်မပြုတော့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် (PR) ရထားတဲ့ မြန်မာတစ်ဦးကို အကြမ်းဖက် အားပေးမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အစည်းအဝေး တက်ရောက်ရင်း တရုတ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်အနေနဲ့ မြန်မာ့အရေးမှာ ထင်သာမြင်သာရှိတဲ့တိုးတက်မှု ဖော်ဆောင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အလိုရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်က ပြောပါတယ်။