Connect with us

Hi, what are you looking for?

News

ပုသိမ်တွင် ယာဥ်ထိန်းရဲနှစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ၊ ဘိုကလေးမြို့တွင်လည်း ဒလန်ဟုဆိုသူတစ်ဦးအသတ်ခံရ

ပုသိမ်မြို့ မြကျွန်းသာလမ်းဆုံမီးပွိုင့်တွင်ယာဥ်ထိန်းရဲနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နေရာတွင်ပင် သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ပုသိမ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီဒေါက်တိုင် ယာဥ်ထိန်းရဲနှစ်ဦးကို ဒေသခံပြည်သူ့ကာကွယ်ရေးနှစ်ဖွဲ့က ပူးပေါင်း၍ ယနေ့(အောက်ဆိုဘာ၂၈) နံနက်တွင် သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်းသတင်းထုတ်ပြန်သည်။

ပုသိမ်မြို့ မြကျွန်းသာလမ်းဆုံမီးပွိုင့်တွင်ယာဥ်ထိန်းရဲနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နေရာတွင်ပင် သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

“ပြည်သူများအား အနှောက်အယှက်ပေးနေသော ယဉ်ထိန်းရဲ့နှစ်ဦးအား ကျွန်တော်တို့ P.W.D.F နှင့် CDM Police Defence Force (Ayeyarwaddy)မှ ပူးပေါင်းရှင်းလင်းခဲ့ပြီးနောက် အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့ပါသည်” ဟု P.W.D.F ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသော ယဉ်ထိန်းရဲနှစ်ဦးသည် ဒေသခံများအား ယာဉ်မောင်းလိုင်စင်အကြောင်းပြ၍ မကြာခဏဆိုသလို ဖမ်းဆီးခြင်း၊ ငွေတောင်းခြင်းများ ပြုလုပ်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ယခုအခါ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့တွင်း ပိတ်ဆို့စစ်ဆေးနေသည်ဟု ဒေသခံများကပြောသည်။

အလားတူဘိုကလေးမြို့တွင် လည်းစစ်ကောင်စီသတင်းပေးဒလန်တစ်ဦးဟုဆိုသူတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရသည်။

ဒလန်ဟုဆိုသောချစ်စမ်းမောင်ကို ယနေနံနက် ၁ဝ နာရီခန့်က ဘိုကလေးမြို့စျေးအတွင်းတွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဟု ဘိုကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDFက သတင်းထုတ်ပြန်ထားသည်။

ချစ်စမ်းမောင်သည် လူမှုကွန်ရက်တွင်ရော ပြင်ပတွင်ပါ
PDF များကို နေ့စဥ်ဆဲဆိုနေသူဖြစ်ကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီသတင်းပေးဒလန် အသတ်ခံရမှုသည် ဘိုကလေးမြို့နယ်တွင် ပထမဦးဆုံးအကြိမ်ဖြစ်သည်။

နိုင်ငံနေရာအနှံ့အပြားတွင် စစ်ကောင်စီသတင်းပေး ဒလန်များကို ဒေသခံPDFအဖွဲ့များက သုတ်သင်ရှင်းလင်းနေသည်။

ဆက်စပ်သတင်းများ

သတင်း

နေရာကွက်မိုးကြီးပြီး ကျေးရွာတချို့ရေနစ်မြုပ်ခဲ့တဲ့ ပုသိမ်-ချောင်းသာလမ်းပိုင်းမှာ တောင်ကျရေတိုက်စားလို့ နေအိမ်အချို့မျောပါသွားပြီး လူ ၁ဦး သေဆုံးခဲ့ပါတယ်။

သတင်း

​မကွေးတိုင်း၊ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က အမျိုးသမီး ၁ဦးကို စစ်တပ်သတင်းပေး (ဒလန်)လို့ စွပ်စွဲပြီး ရှင်းလင်းလိုက်တဲ့အပေါ် ဒလန်ဖြစ်ကြောင်း သက်သေပြပေးဖို့ သေဆုံးသူရဲ့ သားဖြစ်သူက လူမှုကွန်ရက်ကနေ တောင်းဆိုလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတာတွေ လုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ကချင်ပြည်နယ် ရွှေကူခရိုင် အခြေစိုက်လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၁၁) တပ်ရင်း(၁၂) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီရဲ့ သတင်းပေးဒလန် နဲ့ ခိုးဆိုးလုနှိုက်သူတွေကို ဖမ်းဆီးဖို့ ကရင်နီပြည်နယ်ထဲက မြို့နယ်သုံးခုမှာ သွားလာချိန်ကန့်သတ်ပြီး စစ်ဆေးမှုတွေလုပ်မယ်လို့ မြို့နယ်အပ်ချုပ်ရေးကော်မတီတွေက ဒီကနေ့ (စက်တင်ဘာ ၂၆ရက်)မှာ ထုတ်ပြန်ပါတယ်။