Connect with us

Hi, what are you looking for?

News

မိုးဗြဲတွင် လက်နက်ကြီးထိမှန်၍ အရပ်သားနှစ်ဦး ထပ်မံ ဒဏ်ရာရ

ဗိုးဗြဲမြို့ သစ်ယာကုန်းရပ်ကွက် အကျော် တောင်ယာခင်း သရက်ခြံထဲသို့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ အရပ်သား နှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ကူညီရေးအဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောသည်။

People's Spring
People's Spring

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့၌ ယနေ့(​အောက်တိုဘာ၂၉) နံနက်ပိုင်းတွင် ပစ်ခတ်မှုများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးကြောင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဗိုးဗြဲမြို့ သစ်ယာကုန်းရပ်ကွက် အကျော် တောင်ယာခင်း သရက်ခြံထဲသို့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ အရပ်သား နှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ကူညီရေးအဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“နှစ်ယောက်ထိထားတယ်။ ပြည်သူ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်။ အမျိုးသားတစ်ယောက်ကတော့စိုးရိမ်ရတယ်”ဟု ၎င်းက ဆိုသည်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)က မိုးဗြဲမြို့ ယနေ့ပစ်ခတ်မှု အခြေအနေကို ဖော်ပြရာ လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူတစ်ဦးအသက်ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

မိုးဗြဲပြည်သူများ မလိုအပ်ဘဲ အပြင်မထွက်ရန် Mobye Rescue Team ကလည်း မေတ္တာရပ်ခံထားပြီး လက်နက်ကြီးထိမှန်ပါက Mobye Rescue Team သို့ ဆက်သွယ်ပေးရန် အသိပေးထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မိုးဗြဲမြို့တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ မြို့ပေါ်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့၍ အရပ်သား တစ်ဦးသေ၊ ကလေးငယ်နှစ်ဦး အပါအဝင် ၅ဦး ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။