Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်ယာဥ်တန်းကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ဟု ARA အဖွဲ့​ပြော

ARA ၏ အရှေ့ပိုင်းညီနောင်များဖြစ်သည့် ဗိုလ်‌ ရောင်နီတပ်ဖွဲ့ နှင့် GZ ညီနောင်များအဖွဲ့တို့က ဇရစ်ရွာနှင့် ကူးတို့ကိုင်းရွာကြားတွင် နေရာသုံးနေရာခွဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကားပေါ်ပါ စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိသည်ဟု ARAက အတည်ပြုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ်တန်းကို နောက်ပွင့်လက်နက်ကြီးများဖြင့် သုံးနေရာခွဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အရာတော်မြို့နယ်တော်လှန် ရေးအင်အားစု (ARA)က ယနေ့ ကြေညာသည်။

အောက်တိုဘာ ၂၉ ရက် ညနေ ၆နာရီက အရာတော်မြို့ကိုဖြတ်၍ မုံရွာ – ရွှေဘိုလမ်းအတိုင်း အရှေ့သို့သွားသော စစ်ကောင်စီကားကိုးစီးပါ ယာဉ်တန်းကို အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA) အရှေ့ပိုင်းတပ်ဖွဲ့များက နောက်ပွင့်လက်နက်ကြီးများအသုံးပြု၍ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ARA ၏ အရှေ့ပိုင်းညီနောင်များဖြစ်သည့် ဗိုလ်‌ ရောင်နီတပ်ဖွဲ့ နှင့် GZ ညီနောင်များအဖွဲ့တို့က ဇရစ်ရွာနှင့် ကူးတို့ကိုင်းရွာကြားတွင် နေရာသုံးနေရာခွဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကားပေါ်ပါ စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိသည်ဟု ARAက အတည်ပြုသည်။

“ကားကိုမဟုတ်ဘဲ လူကို အဓိကထိစေတဲ့ Anti- Personnel နောက်ပွင့်လက်နက်ကြီးတွေနဲ့ ခြုံခိုတိုက် ခိုက်ခဲ့တာပါ။ ယာဉ်တန်းစစ်ကား ကိုးစီးမှာသုံးစီးလောက်က လူအပြည့်ပါတယ်၊ ကျန်ကားတွေက ရိက္ခာပစ္စည်းတွေနဲ့ လူကြဲတယ်။ထိသွားတော့ ဒီကောင်တွေ ပြန်ပစ်တာ ဆက်တိုက်ပဲ။ ဒီကောင်တွေ ကားပေါ်ကနေ တောက်လျှောက်သေနတ်ဖောက်သွားတာ ရွှေပန်းကုန်းထိ”ဟု ARAမှ ဗိုလ်ပေါက်စီက ပြောသည်။

Public Service Announcement

Public Service Announcement

ယ​နေ့ခြုံခိုတိုက်ပွဲတွင် ARA နှင့် ပူးပေါင်းအဖွဲ့တို့မှ ရဲဘော်တစ်ဦးမှ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ညအချိန်ဖြစ်၍ စစ်ကောင်စီတပ်သားများ ထိခိုက်သေ ဆုံးမှုကို အတိအကျမသိရသေးကြောင်း ဗိုလ်ပေါက်စီက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။