Connect with us

Hi, what are you looking for?

LuduNwayOo

News

အကြမ်းဖက်စစ်တပ်ယာဥ်တန်းကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ဟု ARA အဖွဲ့​ပြော

ARA ၏ အရှေ့ပိုင်းညီနောင်များဖြစ်သည့် ဗိုလ်‌ ရောင်နီတပ်ဖွဲ့ နှင့် GZ ညီနောင်များအဖွဲ့တို့က ဇရစ်ရွာနှင့် ကူးတို့ကိုင်းရွာကြားတွင် နေရာသုံးနေရာခွဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကားပေါ်ပါ စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိသည်ဟု ARAက အတည်ပြုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ်တန်းကို နောက်ပွင့်လက်နက်ကြီးများဖြင့် သုံးနေရာခွဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အရာတော်မြို့နယ်တော်လှန် ရေးအင်အားစု (ARA)က ယနေ့ ကြေညာသည်။

အောက်တိုဘာ ၂၉ ရက် ညနေ ၆နာရီက အရာတော်မြို့ကိုဖြတ်၍ မုံရွာ – ရွှေဘိုလမ်းအတိုင်း အရှေ့သို့သွားသော စစ်ကောင်စီကားကိုးစီးပါ ယာဉ်တန်းကို အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA) အရှေ့ပိုင်းတပ်ဖွဲ့များက နောက်ပွင့်လက်နက်ကြီးများအသုံးပြု၍ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ARA ၏ အရှေ့ပိုင်းညီနောင်များဖြစ်သည့် ဗိုလ်‌ ရောင်နီတပ်ဖွဲ့ နှင့် GZ ညီနောင်များအဖွဲ့တို့က ဇရစ်ရွာနှင့် ကူးတို့ကိုင်းရွာကြားတွင် နေရာသုံးနေရာခွဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကားပေါ်ပါ စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိသည်ဟု ARAက အတည်ပြုသည်။

“ကားကိုမဟုတ်ဘဲ လူကို အဓိကထိစေတဲ့ Anti- Personnel နောက်ပွင့်လက်နက်ကြီးတွေနဲ့ ခြုံခိုတိုက် ခိုက်ခဲ့တာပါ။ ယာဉ်တန်းစစ်ကား ကိုးစီးမှာသုံးစီးလောက်က လူအပြည့်ပါတယ်၊ ကျန်ကားတွေက ရိက္ခာပစ္စည်းတွေနဲ့ လူကြဲတယ်။ထိသွားတော့ ဒီကောင်တွေ ပြန်ပစ်တာ ဆက်တိုက်ပဲ။ ဒီကောင်တွေ ကားပေါ်ကနေ တောက်လျှောက်သေနတ်ဖောက်သွားတာ ရွှေပန်းကုန်းထိ”ဟု ARAမှ ဗိုလ်ပေါက်စီက ပြောသည်။

Public Service Announcement

Public Service Announcement

ယ​နေ့ခြုံခိုတိုက်ပွဲတွင် ARA နှင့် ပူးပေါင်းအဖွဲ့တို့မှ ရဲဘော်တစ်ဦးမှ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ညအချိန်ဖြစ်၍ စစ်ကောင်စီတပ်သားများ ထိခိုက်သေ ဆုံးမှုကို အတိအကျမသိရသေးကြောင်း ဗိုလ်ပေါက်စီက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။