Connect with us

Hi, what are you looking for?

News

ပြည်မြို့ လွှစင်ကျေးရွာသို့ စစ်ကောင်စီတပ် ညအချိန်ဝင်လာပြီးလူငယ်တစ်ဦးကို ဖမ်းဆီးနှိပ်စက်၍ ဒေသခံများကြောက်လန့်ထွက်ပြေး

“ရွာနားမှာတင် ကလေးတစ်ယောက်ကို ဖမ်းတယ်။စစ် ဆေးရိုက်နှက်နေတာ။စစ်ခွေးရော၊ ရဲခွေးရော စုစုပေါင်း အယောက် ၂၀ နီးပါးလောက်ရှိမယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့(အောက်တိုဘာ ၃၀ ရက်)ည ၇ နာရီခန့်တွင် ပဲခူးတိုင်း ပြည်မြို့ လွှစင်ကျေးရွာအုပ်စုသို့ အကြမ်းဖက်စစ်ကောင်စီတပ်သားများလာပြီး လူငယ်တစ်ဦးကိုဖမ်းဆီးရိုက်နက်စစ်ဆေးနေသဖြင့် ဒေသခံများ ကြောက် ရွံ့ကာထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။

“ရွာနားမှာတင် ကလေးတစ်ယောက်ကို ဖမ်းတယ်။စစ် ဆေးရိုက်နှက်နေတာ။စစ်ခွေးရော၊ ရဲခွေးရော စုစုပေါင်း အယောက် ၂၀ နီးပါးလောက်ရှိမယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သားများဝင်ရောက် အကြမ်းဖက်နေခြင်းသည် အောက်တိုဘာ ၂၈ ရက်က သေနတ်ဖြင့် ငါးချက်ခန့်ပစ်ခတ်ခံရပြီးနောက် သေဆုံးခဲ့သော အာဏာ သိမ်းစစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးအေးစိုးနှင့် ဆက်စပ်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။

လွှစင်အုပ်စု ဆီဆုံကုန်းကြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးစိုး ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးလည်းဖြစ်ပြီး စစ်ကောင်စီတပ်များနှင့် ရင်းနှီးစွာ ဆက်ဆံသူအဖြစ် လူသိများသည်။

Public Service Announcement

Public Service Announcement

ပြည်မြို့၌ အောက်တိုဘာ ၂၇ ရက်ညကလည်း သူနာပြုသင်တန်းကျောင်းနဲ့ သံလမ်းတို့၌ ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။