Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်အမြစ်ဖြတ်ဖို့ ချင်းပြည်နယ်က​သွေးချင်း​တွေနဲ့အတူရှိကြောင်း KNU ထုတ်ပြန်

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တာတွေကြောင့် အသက်အိုးအိမ်စည်းစိမ်နဲ့ ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့ ချင်းပြည်နယ်က သွေးချင်းမောင်နှမတွေကို KNU က အလေးအနက်ထားပြီး စာနာထောက်ထားအပ်ပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်နက်မဲ့အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်စွာ ပြုမူနေတဲ့ စစ်ကောင်စီတပ်ကို ပြင်းထန်စွာရှုတ်ချပြီး စစ်အာဏာဏာရှင်စနစ် အမြစ်ပြတ်စေဖို့ ချင်းပြည်နယ်က သွေးချင်းမောင်နှမတွေနဲ့အတူ အစဉ်အမြဲရပ်တည်တယ်လို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက အသိပေးထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တာတွေကြောင့် အသက်အိုးအိမ်စည်းစိမ်နဲ့ ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့ ချင်းပြည်နယ်က သွေးချင်းမောင်နှမတွေကို KNU က အလေးအနက်ထားပြီး စာနာထောက်ထားအပ်ပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့မှာ နေအိမ်တွေမီးရှို့ဖျက်ဆီးခံရတာတွေဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေက ကရင်လူမျိုးစုများနေထိုင်ရာဒေသတွေမှာ စစ်တပ်ကအသုံးပြုခဲ့တဲ့ ဖြတ်လေးဖြတ်စစ်ဆင်ရေးကို ပြန်လည်သတိရအောက်မေ့စေခဲ့တာပါ။

အဲ့ဒီဖြတ်လေးဖြတ်စစ်ဆင်ရေးကြောင့် ခရစ်ယာန်ဘုရားကျောင်းတွေအပါအဝင် ကရင်ရွာပေါင်း ၃၀၀၀ မီးရှို့ဖျက်ဆီးခံရပြီး ရွာသူရွာသား တစ်သိန်းကျော်ကို အတင်းအဓမ္မနှင်ထုတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ကေအဲန်ယူက ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်ထိလည်း စစ်တပ်က အရပ်သားပြည်သူတွေနဲ့ အိုးအိမ်စည်းစိမ်တွေကို ထိခိုက်ပျက်စီးဆုံးရှုံးစေတဲ့ အပြုအမူတွေကို ဆက်လက်လုပ်ဆောင်နေတာကို နိုင်ငံတစ်ဝန်းလုံးခံစားနေရတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

Facebook