Connect with us

Hi, what are you looking for?

News

အကြမ်းဖက်မှုရပ်တန့်ရေးအပါအဝင် အချက်သုံးချက်လုပ်ဆောင်ဖို့ မြန်မာစစ်တပ်ကို အမေရိကန်နဲ့ အင်ဒိုနီးရှားသမ္မတတို့ တိုက်တွန်း

အမေရိကန်-အင်ဒိုနီးရှားသမ္မတနှစ်ဦးဟာ ရေကြောင်းလုံခြုံရေးနဲ့ ပင်လယ်ပြင်လွတ်လပ်ခွင့် အရေးပါမှုအပါအဝင် ဒေသတွင်းဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို စိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံးကိုပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီစနစ်ကိုအမြန်ပြန်သွားဖို့ လုပ်ဆောင်ရမယ်လို့ အမေရိကန်သမ္မတနဲ့ အင်ဒိုနီးရှားသမ္မတတို့က သဘောတူတိုက်တွန်းလိုက်ပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုတို့ဟာ စကော့တလန်၊ ဂလက်စ်ဂိုမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုညီလာခံ (COP26) ကို တက်ရောက်နေစဉ် နိုဝင်ဘာ ၁ရက်က သီးသန့်တွေ့ဆုံခဲ့ရာမှာ မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးခဲ့တာပါ။

အမေရိကန်-အင်ဒိုနီးရှားသမ္မတနှစ်ဦးဟာ ရေကြောင်းလုံခြုံရေးနဲ့ ပင်လယ်ပြင်လွတ်လပ်ခွင့် အရေးပါမှုအပါအဝင် ဒေသတွင်းဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို စိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

သမ္မတဘိုင်ဒင်က အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်ကို မြန်မာစစ်တပ်က အကောင်အထည်ဖော် ဆောင်ရွက်ရေး အာဆီယံရဲ့ကြိုးပမ်းမှုတွေကို ထောက်ခံကြောင်း ပြောဆိုခဲ့တယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။