Connect with us

Hi, what are you looking for?

LuduNwayOo

News

အကြမ်းဖက်မှုရပ်တန့်ရေးအပါအဝင် အချက်သုံးချက်လုပ်ဆောင်ဖို့ မြန်မာစစ်တပ်ကို အမေရိကန်နဲ့ အင်ဒိုနီးရှားသမ္မတတို့ တိုက်တွန်း

အမေရိကန်-အင်ဒိုနီးရှားသမ္မတနှစ်ဦးဟာ ရေကြောင်းလုံခြုံရေးနဲ့ ပင်လယ်ပြင်လွတ်လပ်ခွင့် အရေးပါမှုအပါအဝင် ဒေသတွင်းဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို စိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံးကိုပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီစနစ်ကိုအမြန်ပြန်သွားဖို့ လုပ်ဆောင်ရမယ်လို့ အမေရိကန်သမ္မတနဲ့ အင်ဒိုနီးရှားသမ္မတတို့က သဘောတူတိုက်တွန်းလိုက်ပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုတို့ဟာ စကော့တလန်၊ ဂလက်စ်ဂိုမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုညီလာခံ (COP26) ကို တက်ရောက်နေစဉ် နိုဝင်ဘာ ၁ရက်က သီးသန့်တွေ့ဆုံခဲ့ရာမှာ မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးခဲ့တာပါ။

အမေရိကန်-အင်ဒိုနီးရှားသမ္မတနှစ်ဦးဟာ ရေကြောင်းလုံခြုံရေးနဲ့ ပင်လယ်ပြင်လွတ်လပ်ခွင့် အရေးပါမှုအပါအဝင် ဒေသတွင်းဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို စိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

သမ္မတဘိုင်ဒင်က အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်ကို မြန်မာစစ်တပ်က အကောင်အထည်ဖော် ဆောင်ရွက်ရေး အာဆီယံရဲ့ကြိုးပမ်းမှုတွေကို ထောက်ခံကြောင်း ပြောဆိုခဲ့တယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှားဟာ ပစိဖိတ် မီးကွင်းလို့ ခေါ်ဆိုတဲ့ ရေအောက် မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ်တည်ရှိနေပြီး ကမ္ဘာပေါ်မှာ အသက်ဝင်နေဆဲ မီးတောင် အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။