Connect with us

Hi, what are you looking for?

News

မူဆယ်တွင်စစ်​ကောင်စီလက်​အောက်ခံပြည်သူ့စစ်တစ်ဦး​သေနတ်ဖြင့်ပစ်သတ်ခံရ

“သေတာက နမ့်ခမ်းပြည်သူ့စစ်က။ ဘာကြောင့် အပစ်ခံရလည်းတော့ မသိဘူး။ လမ်းပေါ်တင်သေတာပဲ”ဟု မူဆယ်မြို့ခံတစ်ဦးကပြောသည်။

(မြန်မာ-တရုတ်နယ်စပ်မြို့ တစ်​နေရာမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး ။မူဆယ်​ဒေသတွင် အာဏာသိမ်းစစ်​ကောင်စီလက်​အောက်ခံ ပြည်သူ့စစ်အဖွဲ့ ၄ ဖွဲ့ထက်မနည်းရှိသည်။ ဓါတ်ပုံ -AFP)

အာဏာသိမ်းစစ်​ကောင်စီတပ်၏ လက်အောက်ခံ ပြည်သူစစ်အဖွဲ့ဝင်တစ်ဦးသည် မူဆယ်မြို့လယ်တစ်နေရာတွင်ယ​နေ့ သေနတ်ဖြင့် ပစ်သတ်ခံရသည်။

ယ​နေ့(နိုဝင်ဘာ ၂) ညနေ သုံးနာရီခန့်က မူဆယ်မြို့ ၊ဟိုမွန်ရပ်ကွက်၊ ကချင်စျေးလမ်းဆုံအနီးတွင်နမ့်ခမ်းပြည်သူစစ်အဖွဲ့မှအဖွဲ့ဝင်တစ်ဦးသေနတ်ဖြင့် သုံးချက်ပစ်ခံရပြီး အသတ်ခံရ​ကြောင်း ဒေသခံများကပြောသည်။

“သေတာက နမ့်ခမ်းပြည်သူ့စစ်က။ ဘာကြောင့် အပစ်ခံရလည်းတော့ မသိဘူး။ လမ်းပေါ်တင်သေတာပဲ”ဟု မူဆယ်မြို့ခံတစ်ဦးကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် နမ့်ခမ်းပြည်သူ့စစ်၊ ပန်ဆေးပြည်သူစစ်အပါအဝင် အကြမ်းဖက်စစ်​ကောင်စီတပ်၏လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ လေးဖွဲ့ထက်မနည်းရှိနေသည်။ ပြည်သူ့စစ်အဖွဲ့များသည် ဒေသတွင်း မူးယစ်ဆေးဝါးနှင့်လောင်းကစားလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ပြည်သူ့စစ်တွေအသတ်ခံရပြီးနောက် စစ်တပ်အင်အား၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook