Connect with us

Hi, what are you looking for?

News

ပစ်သတ်ခံခဲ့ရတဲ့ မြောင်နယ်က ဆယ်ကျော်သက်

ပြန်လည်ခုခံရန် အပ်တိုတစ်ချောင်းမှပင်မပါဘဲ ကြောက်၍ ပုန်းအောင်းနေသူကိုမှ စစ်ကောင်စီတပ်သားများက ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်လေသည်။

(သေနတ်ဖြင့်ရက်ရက်စက်စက်ပစ်သတ်ခံခဲ့ရသောလူငယ်၊ သားဖြစ်သူရုပ်အလောင်းကို ကြည့်၍ ပူဆွေးစွာငိုကြွေးနေသောမိခင်နှင့် သားဖြစ်သူ၏ သွေးကွက်ကိုစမ်း၍ ယူကြုံးမရဖြစ်နေသော မျက်မမြင်ဖခင် ဓါတ်ပုံ -CJ)

အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ရန်ညှိုးထားခြင်းခံနေရသော စစ်ကိုင်းတိုင်းအတွင်း မြို့နယ်များတွင် မြောင်မြို့နယ်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ယမန်နေ့ (နိုဝင်ဘာလ ၂ ရက်နေ့) နံနက် ၉ နာရီဝန်းကျင်က မြောင်မြို့နယ်၊ မယ်မသော်ကျေးရွာသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာခဲ့သည်။

ထိုအချိန် ရွာအတွင်းမှလူများလည်း ရွာအတွင်းမှထွက်ပြေးကြရာ ဆယ့်ခြောက်နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်လည်း ကြောက်အားလန့်အား ထွက်ပြေးခဲ့သည်။ သူသည် ရွာပြင်ဇရပ်တွင် ပုန်းအောင်းနေရင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ ရောက်ရှိလာခဲ့ပြီး ၎င်းလူငယ်လေးအား ပစ်ခတ်သွားခဲ့ကြလေသည်။

(သေနတ်ဖြင့်ရက်ရက်စက်စက်ပစ်သတ်ခံခဲ့ရသောလူငယ်၊ သားဖြစ်သူရုပ်အလောင်းကို ကြည့်၍ ပူဆွေးစွာငိုကြွေးနေသောမိခင်နှင့် သားဖြစ်သူ၏ သွေးကွက်ကိုစမ်း၍ ယူကြုံးမရဖြစ်နေသော မျက်မမြင်ဖခင် ဓါတ်ပုံ -CJ)

ပြန်လည်ခုခံရန် အပ်တိုတစ်ချောင်းမှပင်မပါဘဲ ကြောက်၍ ပုန်းအောင်းနေသူကိုမှ စစ်ကောင်စီတပ်သားများက ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်လေသည်။

“မနက်ကိုးနာရီလောက် ရွာထဲကိုစစ်သားတွေဝင်လာတယ်။ ရွာထဲပစ်ခတ်နေလို့ သေတဲ့ကလေးရယ် သူ့ညီရယ်က ရွာပြင်ဇရပ်သွားရှောင်တာ။ အဲမှာအပစ်ခံရတာ။ စစ်သားတွေပြန်သွားမှ အမေဖြစ်တဲ့သူနဲ့ ရွာသားတွေရောက်လာနိုင်တာ။ ကလေးကတော့ အသက်မရှိတော့ဘူးပေါ့။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

(သေနတ်ဖြင့်ရက်ရက်စက်စက်ပစ်သတ်ခံခဲ့ရသောလူငယ်၊ သားဖြစ်သူရုပ်အလောင်းကို ကြည့်၍ ပူဆွေးစွာငိုကြွေးနေသောမိခင်နှင့် သားဖြစ်သူ၏ သွေးကွက်ကိုစမ်း၍ ယူကြုံးမရဖြစ်နေသော မျက်မမြင်ဖခင် ဓါတ်ပုံ -CJ)

သတ်ဖြတ်ခံရသူ ဆယ်ကျော်သက်ကလေးမှာ မိသားစု (၆) ယောက်ရှိပြီး ဝမ်းစာအတွက် ဝင်ငွေမယ်မယ်ရရမရှိခဲ့ကြဘဲ ဆင်းရဲနွမ်းပါးသောမိသားစုဖြစ်သည်။ ထိုကောင်လေးအားသတ်ဖြတ်ရုံမျှမကသေး ၎င်းတို့မိသားစုနေထိုင်သည့် တဲကလေးကိုပင် စစ်ကောင်စီတပ်သားများက ဖျက်ဆီးသွားခဲ့ကြသည်။

မိခင်ကတော့ သွေးအိုင်ထဲကသားကိုကြည့်ရင်း ခေတ်သစ်မပဋာဖြစ်ခဲ့သည်။ ဖခင်ကတော့ မိခင်လိုသားအဖြစ်ကို မမြင်ရ။ အဘယ့်ကြောင့်ဆိုသော် ဖခင်မှာမျက်စိကွယ်နေ၍ သားအလောင်းအား လက်ဖြင့်စမ်းကာ ပရိဒေဝမီးလောင်ကျွမ်းနေရသည်။

ထိုကလေးငယ်တင်မကပါ။ အမျိုးဘာသာသာနာကိုစောင့်ရှောက်မည်ဆိုသော စစ်တပ်သည် မယ်မသော်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းကိုပါ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ဆရာတော်တစ်ပါးလက်မောင်းကျည်ထိမှန် ဒဏ်ရာရခဲ့လေသည်။

“တစ်ရွာလုံးလည်း စိတ်သောကရောက်နေကြတယ်။ ဘာမှလည်းလုပ်ကိုင်စားသောက်လို့မရဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

“စစ်ကောင်စီရဲ့ အပစ်မဲ့ပြည်သူအပေါ်လူသားမဆန် ရက်စက်စွာ လုပ်ခဲ့သည့် ကိစ္စအတွက် အပြင်းအထန် ရှုံ့ချကြောင်း၊ မြင်မြင်သမျှ ကျည်ဆံ သုံးသတ်ဖြတ်ခွင့်ပေးထားပြီး လူသားဆန်ပါတယ်လို့ ခင်များတို့ ကမ္ဘာပါတ်ပြီး ဖင်ကုန်းအော်နေလည်း အခုလိုလုပ်ရပ်တွေကိုလုပ်နေတဲ့ခင်များတို့ကို ဘယ်လိုလူ့အသိုင်းအဝန်းကမှ လက်ခံမည်မဟုတ် ။ ခင်များတို့လုပ်ရက်က စက်ဆုတ်တာထက် လွန်ခဲ့ပြီ စစ်ကောင်စီ ။”ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့က မခံမရပ်နိုင်စွာ ရေးသားအသိပေးသည်။

ရွာထိပ်ဇရပ်၏ အရိပ်ထဲတွင် သွေးအိုင်ထွန်းကာ သေဆုံးနေသော သားငယ်အား မိခင်ဖြစ်သူကတော့ နိုးလာလေဦးမလား တစ်တွတ်တွတ်အော်ကာ ခေါ်နေခဲ့သည်။ ကောင်လေးကတော့ သွေးအိုင်ထဲတွင် ခေါင်းငိုက်စိုက်ကျလျက်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။