Connect with us

Hi, what are you looking for?

News

ကယားပြည်နယ် ၆ မိုင်တိုက်ပွဲမှာကျဆုံးခဲ့တဲ့ ရဲဘော်စိုင်းဘုန်းမင်းသန့်ရဲ့ရုပ်အလောင်းပြန်တွေ့

သားဖြစ်သူကိုရှာဖွေပေးဖို့ တောင်းဆိုခဲ့ပြီး သွားရောက်ရှာဖွေပေးခဲ့တဲ့ တာဝန်ယူမှု ၊တာဝန်ခံမှု အပြည့်ရှိတဲ့အဖွဲ့ကိုလည်းကျေးဇူးတင်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ကယားပြည်နယ် ၊ဒီမော့ဆို တိုက်ပွဲမှာ ကျဆုံးသွားတဲ့ စိုင်းဘုန်းမင်းသန့်ရဲ့ ရုပ်အလောင်းကို ပြန်တွေ့ပြီလို့ မိခင်ဖြစ်သူက ဖေ့ဘွတ်ခ်ကနေ အသိပေးထားပါတယ်။

ရုပ်အလောင်းကို ပြန်ရတဲ့နေ့ဟာ ကျဆုံးတဲ့ရက်ကနေ ရက် ပေါင်း ၄၀ တိတိကြာခဲ့တယ်လို့ သိရပါတယ်။

သားဖြစ်သူကိုရှာဖွေပေးဖို့ တောင်းဆိုခဲ့ပြီး သွားရောက်ရှာဖွေပေးခဲ့တဲ့ တာဝန်ယူမှု ၊တာဝန်ခံမှု အပြည့်ရှိတဲ့အဖွဲ့ကိုလည်းကျေးဇူးတင်ထားပါတယ်။

KPDF ကလည်း ရဲဘော်စိုင်းဘုန်းရဲ့ ရုပ်အလောင်းကို သယ်ယူနိုင်ခဲ့ပြီဖြစ်ပြီး ဈာပနအခမ်းအနားနဲ့ ကျန်ရှိတာတွေကို ဆက်လက်လုပ်ဆောင်ပေးဖို့ စီစဉ်နေတယ်လို့ ပြီးခဲ့တဲ့ ၃ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ကျဆုံးခဲ့တဲ့နေရာဟာနယ်မြေစိုးမိုးရေးအခြေအနေအရ ချက်ချင်းသွားရောက်မရှာဖွေနိုင်ခဲ့တာလို့သိရပါတယ်။

အသက် ၂၀ ကျော်အရွယ် မန္တလေး စက်မှုလက်မှု သိပ္ပံကျောင်းသား စိုင်းဘုန်းမင်းသန့်ဟာ စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်နေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဘက်က ဝင်တိုက်ပေးခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလ ၂၀ ရက်မှာတော့ ၆ မိုင်တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။