Connect with us

Hi, what are you looking for?

News

ဖယ်ခုံဒေသတွင် စစ်ကောင်စီတပ်ထိုးစစ်ကြောင့် စစ်ရှောင်ဦးရေ ၂,၀၀၀ ကျော်ရှိလာ

ဖယ်ခုံမြို့အတွင်း စစ်ဘေးရှောင်နေရသည့် ကျေးရွာများမှာ ရွှေပြည်အေး(ကသဲ)၊ခေါင်းအိ၊လွယ်လုံနှင့် လွယ်ဝှဲကျေးရွာတို့ ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ဆင်ခံနေရသော ဖယ်ခုံမြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၂,၀၀၀ကျော်အထိရှိလာကြောင်း အဆိုပါမြို့နယ် လူမှုကူညီရေးအဖွဲ့များက ပြောသည်။

“တိုက်ပွဲကတော့ မနေ့ကထိ ပြင်းပြင်းထန်ထန်ဖြစ်နေကြတယ်။လက်ရှိအခြေအနေအရလဲ တော်တော် ခက်ခက်ခဲခဲနဲ့ကို စစ်ဘေးရှောင် ပြည်သူတွေ ကြုံတွေ့နေရပါတယ်”ဟု ဖယ်ခုံလူမှုရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက PS သို့ ပြောသည်။

(ဖယ်ခုံဒေသအတွင်း စစ်ဘေးရှောင်နေရသည့် ပြည်သူများကို တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

ဖယ်ခုံမြို့အတွင်း စစ်ဘေးရှောင်နေရသည့် ကျေးရွာများမှာ ရွှေပြည်အေး(ကသဲ)၊ခေါင်းအိ၊လွယ်လုံနှင့် လွယ်ဝှဲကျေးရွာတို့ ဖြစ်သည်။

အဆိုပါစစ်ဘေးရှောင်ပြည်သူများအနက် အသက် ၇၀ အရွယ်အဘွားအိုတစ်ဦးမှာ နိုဝင်ဘာ ၂ ရက်က စစ်ဘေးရှောင်စဥ်သေဆုံးသွားသည့် ဖြစ်စဥ်ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တစ်ရွာလုံး စစ်ဘေးရှောင်နေရသောလွယ်ဝှဲကျေးရွာ နေအိမ်များကိုလည်း အကြမ်းဖက်စစ်ကောင်စီက နိုဝင်ဘာ ၃ရက်တွင် မီးရှို့ဖျက်ဆီးခဲ့သည်။

“တပ် တပ်ချင်းယှဥ်တဲ့အခါ မနိုင်တော့။ပြည်သူတွေကိုအကြောင်းမဲ့သတ်ဖြတ်တယ်။ပြည်သူ့နေအိမ်တွေကို မီးရှို့တယ်။အရမ်းကိုယုတ်မာလွန်းတယ်”ဟု KNDF ဖယ်ခုံဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(ဖယ်ခုံဒေသအတွင်း စစ်ဘေးရှောင်နေရသည့် ပြည်သူများကို တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

နိုဝင်ဘာ ၂ ရက်ကစ၍ ဖယ်ခုံမြို့အတွင်း စစ်ကောင်စီ၏ ထိုးစစ်ကို ရင်နီတပ်မ‌တော်(KA)၊ KNDF ၊ PDF (ဖယ်ခုံ)နှင့်PDF ပူးပေါင်းမဟာမိတ်တပ်တို့မှထပ်မံ ခုခံတိုက်ခိုက်ခဲ့သည်။

နိုဝင်ဘာ ၃ရက်အထိ ထိတွေ့တိုက်ပွဲများအနက် စစ်ကောင်စီဘက်မှ ခုနှစ်ဦးသေဆုံးပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များမှ ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

ကယားပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီကို တွန်းလှန်မှုအားကောင်းရာနယ်မြေ ဖြစ်သည့် အလျောက် အကြမ်းဖက်စစ်ကောင်စီကလည်း ထိုးစစ်ဆင်မှုများ မကြာခဏ ပြုလုပ်နေသည့်အပြင် ပြည်သူများအား သတ်ဖြတ်ခြင်း နှင့် နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးမှုများပါပြုလုပ်နေသည်။

ထို့ကြောင့် ကယားပြည်နယ်မှာ တစ်နိုင်ငံလုံးစစ်ဘေးရှောင် အရေအတွက်၏ လေးပုံတစ်ပုံရှိနေပြီး အရေးပေါ် အကူအညီလိုအပ်နေသူ ကိုးသောင်းကျော် ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။