Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖယ်ခုံတိုက်ပွဲတွင်စစ်​ကောင်စီတပ် ၂၀​ကျော်​သေ

ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာနှင့် စက်တော်ကျေးရွာ အနီးတဝိုက်တွင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် အလယ်ပိုင်းတိုင်း PDFမှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်းလည်း​ဖော်ပြထားသည်။

ဖယ်ခုံမြို့နယ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား နိုဝင်ဘာ ၄ ရက်တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ကျော် သေဆုံးကြောင်း PDF(လွိုင်ကော်)က သတင်းထုတ်ပြန်သည်။

ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာနှင့် စက်တော်ကျေးရွာ အနီးတဝိုက်တွင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် အလယ်ပိုင်းတိုင်း PDFမှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်းလည်း​ဖော်ပြထားသည်။

ထိုတိုက်ပွဲကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည် လွိုင်ကော် PDF ၊ဖယ်ခုံ PDF ၊KA ၊ဒီးမော့ဆို PDF ၊အလယ်ပိုင်းတိုင်း PDF ၊ KGZ ၊KNDF စသည့်တို့က ပူးပေါင်း၍ အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် နံနက် ၈ နာရီမှ ည​နေ ၆ နာရီ​အထိ့ တစ်​နေကုန်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်​ကြောင်းဖယ်ခုံPDF ကလည်းထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် လူနေအိမ်များ ပစ်ခတ်ခဲ့ပြီး အိမ်များကို မီးရှို့ခြင်း၊ ပစ္စည်းများခိုးယူခြင်းနှင့် စပါးကွင်းများကို ဖျက်ဆီးခြင်းတို့ လုပ်နေ​ကြောင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၂ ရက်တွင်လည်း ဖယ်ခုံမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက် အကျအဆုံးများရှိခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

တိုက်ပွဲများအတွင်း ဖယ်ခုံမြို့ အခြေစိုက် အမြောက်တပ်ရင်းက တိုက်ပွဲဖြစ်ပွားရာနေရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကသတင်းထုတ်ပြန်ထားသည်။ လက်ရှိတွင် ဖယ်ခုံမြို့ကိုလည်း လုံခြုံရေးတင်းကျပ်ထားပြီး အစိုးရဌာနဆိုင်ရုံးများတွင် လက်နက်ကြီးအမြောက်များချထားပြီး ခံတပ်အသွင်ပြောင်းလဲထားသည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကဆိုသည်။

(ပြည်သူ့ကာကွယ်​ရေး(PDF)တပ်ဖွဲ့ဝင်အချို့ ၊ ဓါတ်ပုံ- (PDF)လွိင်​ကော် )

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။