Connect with us

Hi, what are you looking for?

News

ဖယ်ခုံတိုက်ပွဲတွင်စစ်​ကောင်စီတပ် ၂၀​ကျော်​သေ

ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာနှင့် စက်တော်ကျေးရွာ အနီးတဝိုက်တွင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် အလယ်ပိုင်းတိုင်း PDFမှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်းလည်း​ဖော်ပြထားသည်။

ဖယ်ခုံမြို့နယ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား နိုဝင်ဘာ ၄ ရက်တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ကျော် သေဆုံးကြောင်း PDF(လွိုင်ကော်)က သတင်းထုတ်ပြန်သည်။

ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာနှင့် စက်တော်ကျေးရွာ အနီးတဝိုက်တွင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် အလယ်ပိုင်းတိုင်း PDFမှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်းလည်း​ဖော်ပြထားသည်။

ထိုတိုက်ပွဲကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည် လွိုင်ကော် PDF ၊ဖယ်ခုံ PDF ၊KA ၊ဒီးမော့ဆို PDF ၊အလယ်ပိုင်းတိုင်း PDF ၊ KGZ ၊KNDF စသည့်တို့က ပူးပေါင်း၍ အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် နံနက် ၈ နာရီမှ ည​နေ ၆ နာရီ​အထိ့ တစ်​နေကုန်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်​ကြောင်းဖယ်ခုံPDF ကလည်းထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် လူနေအိမ်များ ပစ်ခတ်ခဲ့ပြီး အိမ်များကို မီးရှို့ခြင်း၊ ပစ္စည်းများခိုးယူခြင်းနှင့် စပါးကွင်းများကို ဖျက်ဆီးခြင်းတို့ လုပ်နေ​ကြောင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၂ ရက်တွင်လည်း ဖယ်ခုံမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက် အကျအဆုံးများရှိခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

တိုက်ပွဲများအတွင်း ဖယ်ခုံမြို့ အခြေစိုက် အမြောက်တပ်ရင်းက တိုက်ပွဲဖြစ်ပွားရာနေရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကသတင်းထုတ်ပြန်ထားသည်။ လက်ရှိတွင် ဖယ်ခုံမြို့ကိုလည်း လုံခြုံရေးတင်းကျပ်ထားပြီး အစိုးရဌာနဆိုင်ရုံးများတွင် လက်နက်ကြီးအမြောက်များချထားပြီး ခံတပ်အသွင်ပြောင်းလဲထားသည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကဆိုသည်။

(ပြည်သူ့ကာကွယ်​ရေး(PDF)တပ်ဖွဲ့ဝင်အချို့ ၊ ဓါတ်ပုံ- (PDF)လွိင်​ကော် )

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။