Connect with us

Hi, what are you looking for?

LuduNwayOo

News

အမေရိကန်သံအမတ်ဟောင်းရဲ့ မြန်မာပြည်ခရီးစဉ် ပြီးဆုံး

ဘီလ်ရစ်ချက်ဆန်ရဲ့ခရီးစဉ်အတွင်း အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်၊ ပြည်ပသံတမန်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

–ဖြေရှင်းဖို့ ထွက်​ပေါက်နည်းသစ်​တွေအကြုံပြုခဲ့ပြီး အာဆီယံအထူးကိုယ်စာလှယ်နှင့် ထိ​တွေ့ဆက်ဆံဖို့ တိုက်တွန်းခဲ့ဟုဆို

ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ဟောင်းဘီလ်ရစ်ချက်ဆန်ရဲ့မြန်မာပြည်ခရီးစဉ်ဟာ မနေ့က ပြီးဆုံးခဲ့ပြီး ပြန်လည်ထွက်ခွာသွားပြီလို့ AP သတင်းဌာနက ဖော်ပြပါတယ်။

ဘီလ်ရစ်ချက်ဆန်ရဲ့ခရီးစဉ်အတွင်း အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်၊ ပြည်ပသံတမန်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော့်ဆွေးနွေးမှုတွေရဲ့အဓိကအာရုံစိုက်မှုကတော့ မြန်မာနိုင်ငံကို COVAX Facility ကနေ COVID-19 ကာကွယ်ဆေးတွေ​ မြန်ဆန်စွာဖြန့်ဖြူးနိုင်ရေး နည်းလမ်းတွေရှာဖွေဖို့နဲ့ COVID-19 စတုတ္ထလှိုင်းဖြစ်နိုင်ခြေလျော့ပါးရေးကူညီဖို့ဖြစ်ပါတယ်”လို့ Richardson Center က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံစဉ်မှာ မြန်မာအာဏာပိုင် တွေအနေနဲ့ ကုလသမဂ္ဂနဲ့ အာဆီယံအထူးကိုယ်စားလှယ်တွေနဲ့ထိတွေ့ဆက်ဆံဖို့တိုက်တွန်းခဲ့ပြီး လက်ရှိထွက်ပေါက်မရှိတဲ့အခြေအနေကနေ ဖောက်ထွက်ဖို့ ဖြေရှင်းနည်းသစ်တွေကို အကြံပြုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဘီလ်ရစ်ချက်ဆန်ရဲ့ခရီးစဉ်အတွင်း မြန်မာအာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံ အမေရိကန် သတင်းသမား ဒန်နီဖန်စတာပြန်လည်လွတ်မြောက်ရေး ဆွေးနွေးကြိုးပမ်းမယ်လို့ မှန်းဆချက် တွေရှိပေမယ့် ခရီးစဉ်အပြီး ထုတ်ပြန်ချက်မှာတော့ အဲဒီအရေးကို ထည့်သွင်းဖော်ပြခြင်းမရှိပါဘူး။

ဘီလ်ရစ်ချက်ဆန်ရဲ့ခရီးစဉ်အတွင်းမှာပဲ ဒန်နီဖန်စတာရဲ့ အယူခံကို တရားရုံးက ပယ်ချလိုက်ပြီး နောက်ထပ် ပုဒ်မတစ်ခုကို ထပ်တိုးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန် လေတပ်ဟာ CCAလို့ နာမည်ပေးထားတဲ့ ပရောဂျက်ကို အကောင်အထည်ဖော် စမ်းသပ်နေတာ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ရှိရင်းစွဲ တိုက်လေယာဉ်တွေကို လေယာဉ်မှူးတွေအစား AIက ဆုံးဖြတ် ပျံသန်းတာမျိုး ခိုင်းစေနေတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂါဇာမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ဖန်တီးခဲ့တယ်ဆိုတဲ့ ဘာအထောက်အထားမှ မတွေ့ရဘူးလို့ အော်စတင်က အမေရိကန် အထက်လွှတ်တော်၊ လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ ကော်မတီရဲ့ ကြားနာမှု အစီအစဉ်မှာ အော်စတင်က ပြောကြားသွားပါတယ်။