Connect with us

Hi, what are you looking for?

News

အမေရိကန်သံအမတ်ဟောင်းရဲ့ မြန်မာပြည်ခရီးစဉ် ပြီးဆုံး

ဘီလ်ရစ်ချက်ဆန်ရဲ့ခရီးစဉ်အတွင်း အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်၊ ပြည်ပသံတမန်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

–ဖြေရှင်းဖို့ ထွက်​ပေါက်နည်းသစ်​တွေအကြုံပြုခဲ့ပြီး အာဆီယံအထူးကိုယ်စာလှယ်နှင့် ထိ​တွေ့ဆက်ဆံဖို့ တိုက်တွန်းခဲ့ဟုဆို

ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ဟောင်းဘီလ်ရစ်ချက်ဆန်ရဲ့မြန်မာပြည်ခရီးစဉ်ဟာ မနေ့က ပြီးဆုံးခဲ့ပြီး ပြန်လည်ထွက်ခွာသွားပြီလို့ AP သတင်းဌာနက ဖော်ပြပါတယ်။

ဘီလ်ရစ်ချက်ဆန်ရဲ့ခရီးစဉ်အတွင်း အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်၊ ပြည်ပသံတမန်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော့်ဆွေးနွေးမှုတွေရဲ့အဓိကအာရုံစိုက်မှုကတော့ မြန်မာနိုင်ငံကို COVAX Facility ကနေ COVID-19 ကာကွယ်ဆေးတွေ​ မြန်ဆန်စွာဖြန့်ဖြူးနိုင်ရေး နည်းလမ်းတွေရှာဖွေဖို့နဲ့ COVID-19 စတုတ္ထလှိုင်းဖြစ်နိုင်ခြေလျော့ပါးရေးကူညီဖို့ဖြစ်ပါတယ်”လို့ Richardson Center က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံစဉ်မှာ မြန်မာအာဏာပိုင် တွေအနေနဲ့ ကုလသမဂ္ဂနဲ့ အာဆီယံအထူးကိုယ်စားလှယ်တွေနဲ့ထိတွေ့ဆက်ဆံဖို့တိုက်တွန်းခဲ့ပြီး လက်ရှိထွက်ပေါက်မရှိတဲ့အခြေအနေကနေ ဖောက်ထွက်ဖို့ ဖြေရှင်းနည်းသစ်တွေကို အကြံပြုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဘီလ်ရစ်ချက်ဆန်ရဲ့ခရီးစဉ်အတွင်း မြန်မာအာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံ အမေရိကန် သတင်းသမား ဒန်နီဖန်စတာပြန်လည်လွတ်မြောက်ရေး ဆွေးနွေးကြိုးပမ်းမယ်လို့ မှန်းဆချက် တွေရှိပေမယ့် ခရီးစဉ်အပြီး ထုတ်ပြန်ချက်မှာတော့ အဲဒီအရေးကို ထည့်သွင်းဖော်ပြခြင်းမရှိပါဘူး။

ဘီလ်ရစ်ချက်ဆန်ရဲ့ခရီးစဉ်အတွင်းမှာပဲ ဒန်နီဖန်စတာရဲ့ အယူခံကို တရားရုံးက ပယ်ချလိုက်ပြီး နောက်ထပ် ပုဒ်မတစ်ခုကို ထပ်တိုးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။