Connect with us

Hi, what are you looking for?

News

ဗြိတိန်မှာကျင်းပနေတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံမှာ မြန်မာ့သစ်တောမှတ်တမ်းရုပ်ရှင်ကို ပြသ၊ NUGဝန်ကြီးရဲ့ အတွေးအမြင်ကို ထည့်သွင်းဝေမျှ

သစ်တောဆုံးရှုံးမှုနဲ့ မြေယာပျက်စီးမှုကို ၂၀၃၀ ခုနှစ် နောက်ဆုံးထား ပြီး ရပ်တန့်ဖို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်က နိုင်ငံခေါင်းဆောင်တွေဟာ ကတိပြုခဲ့ကြတယ်လို့ ဗြိတိန်သံရုံးက ထုတ်ပြန်ပါတယ်။

ဗြိတိန်မှာ ကျင်းပနေတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံ(COP26)မှာ မြန်မာနိုင်ငံရှိ ဒေသခံ တိုင်းရင်း သားတွေရဲ့ သစ်တောများကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်မှတ်တမ်းကို ပြသခဲ့တယ်လို့ ဗြိတိန်သံရုံးက ထုတ်ပြန်ပါတယ်။

အဲဒီမှတ်တမ်းရုပ်ရှင်ဟာ ယခင်စစ်အစိုးရလက်ထက်မှာ ဖြစ်ပွားခဲ့တဲ့ ပမာဏကြီးမားသော သစ် တော်ပြုန်းတီးမှုများကြောင့် သစ်တောများကို ပြန်လည်စီမံခန့်ခွဲထိန်းသိမ်းရာမှာ ဒေသခံတိုင်းရင်းသားအသိုက်အဝန်းတွေရဲ့ အခန်းကဏ္ဍအရေးပါပုံကို မီးမောင်းထိုးပြထားတယ်လို့ သံရုံးက ထုတ်ပြန်ပါတယ်။

အဲဒီမှတ်တမ်းရုပ်ရှင်နဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်နဲ့ ကရင်အမျိုးသား သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် စောပေါလ်စိန်ထွားတို့က သူတို့ရဲ့ အတွေးအမြင် တွေကိုဝေမျှခဲ့တယ်လို့ ဆိုပါတယ်။

COP26 ညီလာခံမှာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရေး နိုင်ငံတကာခေါင်းဆောင်များ၊ ရာသီဥတုဆိုင်ရာ ကျွမ်းကျင်သူများနဲ့ တက်ကြွလှုပ်ရှားသူများ စုစည်းကာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို သဘောတူညီဖို့ ဆွေးနွေးခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘာတစ်ဝှမ်းရှိ လူပေါင်း ၁.၆ ဘီလီယံကျော်ဟာ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် သစ်တောတွေကို မှီခိုအားထားနေရပြီး ဒေသခံပြည်သူတွေကို ၎င်းတို့ဒေသရှိသစ်တောတွေကို စီမံခန့်ခွဲဖို့ လုပ်ပိုင်ခွင့်များပေးခြင်းဟာ သစ်တောတွေကို ပိုမိုထိရောက် ကောင်းမွန်စွာ ကာကွယ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သက်သေအထောက် အထားများက ဖော်ပြနေတယ်လို့ဆိုပါတယ်။

သစ်တောဆုံးရှုံးမှုနဲ့ မြေယာပျက်စီးမှုကို ၂၀၃၀ ခုနှစ် နောက်ဆုံးထား ပြီး ရပ်တန့်ဖို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်က နိုင်ငံခေါင်းဆောင်တွေဟာ ကတိပြုခဲ့ကြတယ်လို့ ဗြိတိန်သံရုံးက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။