Connect with us

Hi, what are you looking for?

News

ဒီမော့ဆိုနှင့်ဖယ်ခုံတိုက်ပွဲတွင် စစ်ကောင်စီတပ် ၆ ဦးသေ၊ အများအပြားဒဏ်ရာရ

ဖယ်ခုံမြို့နယ်တွင် ယခုရက်ပိုင်းအတွင်းတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်အထိ့နာနေသည်။

ကယားပြည်နယ်တွင် ဒီမော့ဆို မြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့၌ အာဏာသိမ်းစစ်ကောင်စီတပ်များနှင့်ကရင်နီဒေသခံ ကာကွယ်ရေးတပ်များတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၆ ဦးသေဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးအဖွဲ့ (KNDF) ကယနေ့ညတွင်ထုတ်ပြန်သည်။

ယနေ့ (နိုဝင်ဘာလ ၆ရက်) ညနေ ၅ နာရီ ၄၀ မိနစ်ခန့် တွင် ဒီးမော့ဆိုမြို့နယ်၊ ထူလွီးဘီလာကျေးရွာ ခြေရာတော်ဘုရားတောင်အနီး၌ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်မတော် (KA)၊ KNDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား (၃) ဦးသေဆုံး ခဲ့ပါပြီး (၅) ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟုဖော်ပြထားသည်။

ထို့အပြင်ယနေ့ မွန်းတည့်အချိန်တွင် ဖယ်ခုံမြို့နယ်အခြေစိုက်၊ ခြေမြန်တပ်ရင်း- ခမရ (၄၂၁) ကို PDF (ဖယ်ခုံ) နှင့် KNDF ဖယ်ခုံတပ်ရင်းတို့က တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သား (၃) ဦး သေဆုံးပြီး အများ အပြားထိခိုက်ဒဏ်ရာရခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ဖယ်ခုံမြို့ပေါ်ရပ်ကွက်မှ နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့သည်။

ဖယ်ခုံမြို့နယ်ခေါင်းအိကျေးရွာအုပ်စုတွင် ယနေ့ နှစ်ဖက်ထိတွေ့တိုက်ပွဲများ မရှိသော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ တစ်ဖက်သတ် လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်လျက်ရှိကြောင်းလည်းKNDF ကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဖယ်ခုံမြို့နယ်တွင် ယခုရက်ပိုင်းအတွင်းတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်အထိ့နာနေသည်။

(အောက်တိုဘာလကတိုက်ပွဲတစ်ခုတွင် တိုက်ပွဲဝင်နေသော
KNDF(ဒီမော့ဆို) တပ်ဖွဲ့ဝင်တစ်ဦး။
ဓါတ်ပုံ-KNDF(ဒီမော့ဆို) )

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။