Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီမော့ဆိုနှင့်ဖယ်ခုံတိုက်ပွဲတွင် စစ်ကောင်စီတပ် ၆ ဦးသေ၊ အများအပြားဒဏ်ရာရ

ဖယ်ခုံမြို့နယ်တွင် ယခုရက်ပိုင်းအတွင်းတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်အထိ့နာနေသည်။

ကယားပြည်နယ်တွင် ဒီမော့ဆို မြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့၌ အာဏာသိမ်းစစ်ကောင်စီတပ်များနှင့်ကရင်နီဒေသခံ ကာကွယ်ရေးတပ်များတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၆ ဦးသေဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးအဖွဲ့ (KNDF) ကယနေ့ညတွင်ထုတ်ပြန်သည်။

ယနေ့ (နိုဝင်ဘာလ ၆ရက်) ညနေ ၅ နာရီ ၄၀ မိနစ်ခန့် တွင် ဒီးမော့ဆိုမြို့နယ်၊ ထူလွီးဘီလာကျေးရွာ ခြေရာတော်ဘုရားတောင်အနီး၌ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်မတော် (KA)၊ KNDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား (၃) ဦးသေဆုံး ခဲ့ပါပြီး (၅) ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟုဖော်ပြထားသည်။

ထို့အပြင်ယနေ့ မွန်းတည့်အချိန်တွင် ဖယ်ခုံမြို့နယ်အခြေစိုက်၊ ခြေမြန်တပ်ရင်း- ခမရ (၄၂၁) ကို PDF (ဖယ်ခုံ) နှင့် KNDF ဖယ်ခုံတပ်ရင်းတို့က တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သား (၃) ဦး သေဆုံးပြီး အများ အပြားထိခိုက်ဒဏ်ရာရခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ဖယ်ခုံမြို့ပေါ်ရပ်ကွက်မှ နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့သည်။

ဖယ်ခုံမြို့နယ်ခေါင်းအိကျေးရွာအုပ်စုတွင် ယနေ့ နှစ်ဖက်ထိတွေ့တိုက်ပွဲများ မရှိသော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ တစ်ဖက်သတ် လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်လျက်ရှိကြောင်းလည်းKNDF ကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဖယ်ခုံမြို့နယ်တွင် ယခုရက်ပိုင်းအတွင်းတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်အထိ့နာနေသည်။

(အောက်တိုဘာလကတိုက်ပွဲတစ်ခုတွင် တိုက်ပွဲဝင်နေသော
KNDF(ဒီမော့ဆို) တပ်ဖွဲ့ဝင်တစ်ဦး။
ဓါတ်ပုံ-KNDF(ဒီမော့ဆို) )

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။