Connect with us

Hi, what are you looking for?

News

ဟိုပင်မြို့ ရှိလက်ဖက်ရည်ဆိုင်ကိုမျက်နှာဖုံးစွပ်ပျူစောထီးများကသေနတ်ဖြင့်ဝင်ပစ်၍ သံဃာတစ်ပါးအပါအဝင် ပြည်သူ ၆ဦးသေဆုံး ပြီး ၁၂ ဦးဒဏ်ရာရ

“သေနတ်သံတွေ ဆူညံထွက်သွားတာပဲ။ အခုသိရသလောက် သေဆုံးတဲ့ ၆ ယောက်ထဲ ဘုန်းကြီးတစ်ပါးလည်းပါတယ်။ ပျူတွေလုပ်တာ။ဗိုလ်ပြုတ်တစ်ယောက်ပါတယ်” ဟု ဒေသခံတစ်ဦးက People’s Spring ပြောသည်။

ကချင်ပြည်နယ် ဟိုပင်မြို့တွင် စစ်ဗိုလ်ပြုတ်တစ်ယောက်ဦးစီးသည့် ပျူစောထီးများက မျက်နှာဖုံးများစွပ်ကာ လက်ဖက်ရည်ဆိုင်အတွင်း သေနတ်ဖြင့် ဝင်ပစ်၍ သံဃာတစ်ပါးအပါအဝင် ၆ဦးသေဆုံးကာ ၁၂ဦး ဒဏ်ရာအပြင်းအထန်ရသွားသည်ဟု ဒေသခံများကပြောသည်။

ဟိုပင်မြို့ ထူးထိုက်စံ လက်ဖက်ရည်ဆိုင်အတွင်းသို့ မျက်နှာဖုံးစွပ်ထားသူများက သေနတ်ဖြင့် ဝင်ပစ်ခတ်မှုသည်ယနေ့(နိုဝင်ဘာ ၇ရက်)နံနက် ၈ နာရီ ၂၀ မိနစ်က ဖြစ်ခဲ့သည်။ထူးထိုက်စံလက်ဖက်ရည်ဆိုင်သည် စစ်အာဏာရှင်
ဆန့်ကျင်ရေး လူထုဆန္ဒထုတ်ဖော်ပွဲများတွင် စုရပ်တစ်ခုလို ဖြစ်နေပြီး စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက သေနတ်ဖြင့် ဝင်ပစ်ခြင်းဟုဒေသခံများကပြောသည်။ပျူစောထီးဆိုသည်မှာ အာဏာသိမ်းစစ်ကောင်စီက ၎င်းတနု့ထောက်ခံသူများကို လက်နက်တပ်ဆင်ပေးထားသောအဖွဲ့များဖြစ်သည်။

“သေနတ်သံတွေ ဆူညံထွက်သွားတာပဲ။ အခုသိရသလောက် သေဆုံးတဲ့ ၆ ယောက်ထဲ ဘုန်းကြီးတစ်ပါးလည်းပါတယ်။ ပျူတွေလုပ်တာ။ဗိုလ်ပြုတ်တစ်ယောက်ပါတယ်” ဟု ဒေသခံတစ်ဦးက People’s Spring ပြောသည်။

ပစ်ခတ်မှုတွင် ပါဝင်သည်ဆိုသော စစ်တပ်အရာရှိဟောင်း၏ ကိုယ်ရေးအချက်အလက်များ ထွက်ပေါ်လာသော်လည်း သီးခြားအတည်ပြုချက်မဏသေးပေ။

Public Service Announcement

Public Service Announcement

ဒဏ်ရာရထားသူ ၁၂ဦးတွင် ကလေးငယ်အချို့ပါဝင်ပြီးဟိုပင်ဆေးရုံတွင် အရေးပေါ်ကူသမှုခံယူနေရသည်။

“ပျူစောထီးတွေ ယုတ်မာတာ” ဟု ဒေသခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။