Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံရွာ-ပုသိမ်လမ်းပေါ်တွင်စစ်ကောင်စီတပ်ကားနှစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရ ၆ဦးခန့်သေနိုင်ပြီးအများအပြားဒဏ်ရာရ

ကား ၁ စီး မိမိရရထိကာ စစ်သား ၆ယောက်ခန့်သေဆုံးနိုင်ပြီး အများအပြား ထိခိုက်ဒဏ်ရာရနိုင်သည်ဟု pdfအဖွဲ့ဝင် တစ်ဦးကအတည်ပြုကြောင်းဖော်ပြသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိမုံရွာ-ပုသိမ်လမ်းပေါ်တွင် ယနေ့အကြမ်းဖက် စစ်ကောင်စီ၏ ကား ၂ စီး မိုင်းခွဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၆ ဦးခန့်သေဆုံးနိုင်ကာအများအပြား ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဆားလင်းကြီးတော်လှန်ရေးသတင်းစဥ်ကသတင်းထုတ်ပြန်သည်။

ယနေ့ (နိုဝင်ဘာ ၇ ရက်) နံနက် ၉ နာရီခန့်က ဆားလင်းကြီးမြို့နယ်၊ မုံရွာ – ပုသိမ်လမ်းပေါ် အောင်ဇေယျကုန်းနှင့်ရဲတပ်ရင်းကြား စွမ်းရည်ထက် ဆီဆိုင်အနီးတွင်စစ်ကား ၂ စီးကို ယင်းမာပင် နှင့် ဆားလင်းကြီး pdf ပူးပေါင်းအဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Salingyi Revolution Newsက ဖော်ပြသည်။

ကား ၁ စီး မိမိရရထိကာ စစ်သား ၆ယောက်ခန့်သေဆုံးနိုင်ပြီး အများအပြား ထိခိုက်ဒဏ်ရာရနိုင်သည်ဟု pdfအဖွဲ့ဝင် တစ်ဦးကအတည်ပြုကြောင်းဖော်ပြသည်။

ရဲနှင့်စစ်သားများလည်း ထပ်မံရောက်ရှိလာပြီး ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် အောင်မိုးတောပြင်ရှိ အပစ်မဲ့ပြည်သူတစ်ဦး သေနတ်ကျည်ထိမှန်ရာ ဒဏ်ရာရခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။