Connect with us

Hi, what are you looking for?

News

မုံရွာ-ပုသိမ်လမ်းပေါ်တွင်စစ်ကောင်စီတပ်ကားနှစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရ ၆ဦးခန့်သေနိုင်ပြီးအများအပြားဒဏ်ရာရ

ကား ၁ စီး မိမိရရထိကာ စစ်သား ၆ယောက်ခန့်သေဆုံးနိုင်ပြီး အများအပြား ထိခိုက်ဒဏ်ရာရနိုင်သည်ဟု pdfအဖွဲ့ဝင် တစ်ဦးကအတည်ပြုကြောင်းဖော်ပြသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိမုံရွာ-ပုသိမ်လမ်းပေါ်တွင် ယနေ့အကြမ်းဖက် စစ်ကောင်စီ၏ ကား ၂ စီး မိုင်းခွဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၆ ဦးခန့်သေဆုံးနိုင်ကာအများအပြား ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဆားလင်းကြီးတော်လှန်ရေးသတင်းစဥ်ကသတင်းထုတ်ပြန်သည်။

ယနေ့ (နိုဝင်ဘာ ၇ ရက်) နံနက် ၉ နာရီခန့်က ဆားလင်းကြီးမြို့နယ်၊ မုံရွာ – ပုသိမ်လမ်းပေါ် အောင်ဇေယျကုန်းနှင့်ရဲတပ်ရင်းကြား စွမ်းရည်ထက် ဆီဆိုင်အနီးတွင်စစ်ကား ၂ စီးကို ယင်းမာပင် နှင့် ဆားလင်းကြီး pdf ပူးပေါင်းအဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Salingyi Revolution Newsက ဖော်ပြသည်။

ကား ၁ စီး မိမိရရထိကာ စစ်သား ၆ယောက်ခန့်သေဆုံးနိုင်ပြီး အများအပြား ထိခိုက်ဒဏ်ရာရနိုင်သည်ဟု pdfအဖွဲ့ဝင် တစ်ဦးကအတည်ပြုကြောင်းဖော်ပြသည်။

ရဲနှင့်စစ်သားများလည်း ထပ်မံရောက်ရှိလာပြီး ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် အောင်မိုးတောပြင်ရှိ အပစ်မဲ့ပြည်သူတစ်ဦး သေနတ်ကျည်ထိမှန်ရာ ဒဏ်ရာရခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

Facebook