Connect with us

Hi, what are you looking for?

News

နိုဝင်ဘာ ၇ ရက်ကောလင်းအနောက်ခြမ်းတိုက်ပွဲစစ်ကောင်စီတပ် ၅၀ ခန့်သေ၊ PDFတစ်ဦးကျဆုံး

မြေပြင် ထိုးစစ်တွင် အသေအဆုံးများနေသော စစ်ကောင်စီက လေယာဥ် ပစ်ကူ များပါ အသုံးပြုခဲ့သည်။ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များ ပြန်လည်ဆုတ်ခွာစဥ် တန့်ဆည် မြို့မှ ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးမှာ လက်နက်ကြီးထိမှန် ကျဆုံးခဲ့သည်။

စစ်ကိုင်းတိုင်း ကောလင်းအနောက်ခြမ်း တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ တပ်သား ၅၀ ခန့် သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ် မှ တပ်သားတစ်ဦးကျဆုံးခဲ့ကြောင်းကောလင်းမြေပြင်ကင်းထောက်အဖွဲ့ကပြောသည်။

နိုဝင်ဘာ ၇ ရက် နေ့လည်ပိုင်းကစ၍ ကောလင်းဒေသ အနောက်ခြမ်း ထိန်အင်းကျေးရွာ ဘက်သို့ ဆင်းလာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက စတင် တိုက်ခိုက်နိုင်ခဲ့သည်။ထို့နောက် ဆင်းမထိန်အင်း ၊ဆပ်သွားချောင်းအနောက်ဖက်ခြမ်း ရွာများ နှင့် ရှမ်းကလုံးရွာ ၊အောက်ကလုံးရွာကြားတို့တွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည်။

မြေပြင် ထိုးစစ်တွင် အသေအဆုံးများနေသော စစ်ကောင်စီက လေယာဥ် ပစ်ကူ များပါ အသုံးပြုခဲ့သည်။ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များ ပြန်လည်ဆုတ်ခွာစဥ် တန့်ဆည် မြို့မှ ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးမှာ လက်နက်ကြီးထိမှန် ကျဆုံးခဲ့သည်။

နိုဝင်ဘာ ၅ ရက်ကစ၍ပင်လည်ဘူး ၊ ကောလင်းဒေသတစ်ဝိုက် စစ်ကောင်စီ၏ ထိုးစစ် နှင့် ပြည်သူ့ကာကွယ်ရေး တပ်များ၏ခုခံစစ်ပွဲတွင် စစ်ကောင်စီတပ်သားအနည်းဆုံး ၁၀၀ ခန့်သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်သားခြောက်ဦးကျဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

“ကျွန်တော် တို့ ဖုန်းလိုင်းက ရတစ်ချက် မရတစ်ချက်ဖြစ်နေတယ်။ပြီးတော့ အင်တာနက် က ဘယ်လိုမှ မရဘူးဆိုတော့ ဆက်သွယ်ရေး အခြေအနေက ခက်နေတယ်ပဲပြောရမယ်။မနေ့က(နိုဝင်ဘာ ၇ ရက်)က တိုက်ပွဲတွေမှာ စစ်ခွေးတွေ ၅၀ လောက်ကျတာ ဓာတ်ပုံမှတ်တမ်း ရှိတယ်။ အင်တာနက် လိုင်းရတာနဲ့ သူတို့နဲ့ချိတ်ပြီး ကျွန်တော်တို့ လူထုကို အသိပေးမှာ”ဟု ကောလင်းမြေပြင်ကင်းထောက်အဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

” ကောလင်းရော ကသာရော ပွဲကြမ်းနေတယ်။PDFတွေဘက်က ငှက်ပျောဖူး(RPG)နဲ့ ပြန်ဆော်တဲ့အဆင့်ရောက်နေပြီ။စစ်ခွေးတွေ အကျများတယ်။ ဒါပေမယ့် အင်တာနက်ရော ဖုန်းလိုင်းရောဖြတ်ထားလို့ ဆက်သွယ်ရေးခက်နေတယ်”ဟု အခြားမြို့နယ်တစ်ခုတွင် ရောက်နေသော ကောလင်းမြို့ခံတစ်ဦးကပြောသည်။

ယနေ့ (နိုဝင်ဘာ ၈ ရက်)တွင် အကြမ်းဖက်စစ်ကောင်စီမှာ ၎င်းတို့ အထိနာနေသော ကောလင်းဒေသအနောက်ခြမ်းကို ဂျက်လေယာဥ် များပါ အသုံးပြု၍ တစ်ရွာဝင်တစ်ရွာ ထွက် နယ်မြေရှင်းလင်းရေးများဆက်လက်လုပ်ဆောင်နေ ဆဲဖစ်သည်ဟုဒေသခံများထံမှသိ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။