Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီထိုးစစ်ကြောင့် ဖယ်ခုံတွင် ၇ရက် ဆက်တိုက် တိုက်ပွဲပြင်းထန်

အကြမ်းဖက်စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားရာ လတူးရွာသစ်အတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ခေါင်းအိကျေးရွာအုပ်စု လွယ်ဟွဲရွာရှိနေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟုဆိုသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ဖယ်ခုံမြို့နယ် ခေါင်းအိ ကျေးရွာအုပ်စုအတွင်းရှိ ဒေသများ၌ ၇ရက်ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားနေသည်။

စစ်ကောင်စီတပ်၏ ထိုးစစ်ကို ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ဒီးမော့ဆို၊ ဖယ်ခုံ၊ မိုးဗြဲ အပါအဝင် ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့က ပူးပေါင်း၍ ခုခံတိုက်ခိုက်ခဲ့ရာ နိုဝင်ဘာ ၂ ရက်မှ ယနေ့ နိုဝင်ဘာ ၈ရက်အထိ နေ့စဉ် တိုက်ပွဲဖြစ်ခဲ့သည်။

ယနေ့(နိုဝင်ဘာ ၈)တွင် ခေါင်းအိကျေးရွာအုပ်စု၊ လတူးရွာသစ် အနီးတွင် အကြမ်းဖက် စစ်ကောင်စီတပ် များမှ စစ်ကြောင်းထိုးလာ၍ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများ ရှိကြောင်း၊ အရေအတွက် အတည်မပြုနိုင်ကြောင်း KNDFက ထုတ်ပြန်သည်။ ပြည်သူ့ရဲဘော်အချို့ဒဏ်ရာရရှိခဲ့သည်ဟုလည်းပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားရာ လတူးရွာသစ်အတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ခေါင်းအိကျေးရွာအုပ်စု လွယ်ဟွဲရွာရှိနေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဖယ်ခုံ မြို့တွင်း ရပ်ကွက်ရှိလူနေအိမ်များ ပျက်စီးခဲ့ပြီး ရပ်ကွက်နေပြည်သူများ စစ်ဘေးလွတ်ရာသို့ တိမ်းရှောင် ခဲ့ကြရကြောင်း KNDFက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။