Connect with us

Hi, what are you looking for?

News

စစ်ကောင်စီထိုးစစ်ကြောင့် ဖယ်ခုံတွင် ၇ရက် ဆက်တိုက် တိုက်ပွဲပြင်းထန်

အကြမ်းဖက်စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားရာ လတူးရွာသစ်အတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ခေါင်းအိကျေးရွာအုပ်စု လွယ်ဟွဲရွာရှိနေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟုဆိုသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ဖယ်ခုံမြို့နယ် ခေါင်းအိ ကျေးရွာအုပ်စုအတွင်းရှိ ဒေသများ၌ ၇ရက်ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားနေသည်။

စစ်ကောင်စီတပ်၏ ထိုးစစ်ကို ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ဒီးမော့ဆို၊ ဖယ်ခုံ၊ မိုးဗြဲ အပါအဝင် ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့က ပူးပေါင်း၍ ခုခံတိုက်ခိုက်ခဲ့ရာ နိုဝင်ဘာ ၂ ရက်မှ ယနေ့ နိုဝင်ဘာ ၈ရက်အထိ နေ့စဉ် တိုက်ပွဲဖြစ်ခဲ့သည်။

ယနေ့(နိုဝင်ဘာ ၈)တွင် ခေါင်းအိကျေးရွာအုပ်စု၊ လတူးရွာသစ် အနီးတွင် အကြမ်းဖက် စစ်ကောင်စီတပ် များမှ စစ်ကြောင်းထိုးလာ၍ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများ ရှိကြောင်း၊ အရေအတွက် အတည်မပြုနိုင်ကြောင်း KNDFက ထုတ်ပြန်သည်။ ပြည်သူ့ရဲဘော်အချို့ဒဏ်ရာရရှိခဲ့သည်ဟုလည်းပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားရာ လတူးရွာသစ်အတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ခေါင်းအိကျေးရွာအုပ်စု လွယ်ဟွဲရွာရှိနေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဖယ်ခုံ မြို့တွင်း ရပ်ကွက်ရှိလူနေအိမ်များ ပျက်စီးခဲ့ပြီး ရပ်ကွက်နေပြည်သူများ စစ်ဘေးလွတ်ရာသို့ တိမ်းရှောင် ခဲ့ကြရကြောင်း KNDFက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။