Connect with us

Hi, what are you looking for?

News

၄၃၅၊၄၃၆ စစ်တပ်ဝန်းထိပ်ရှိ ဂိတ်စခန်းဗုံးဖြင့်တိုက်ခိုက်ခံရ၊ ကားတစ်စီး​ပေါက်ကွဲပျက်စီး

“ဝေဇယန္တာလမ်း၊ကမ္ဘာအေးလမ်းနားတစ်ဝိုက် အကုန်ပိတ်ထားတယ်။ပြီးတော့ ဘေလီဘက်ကနေ မြာက်ဥက္ကလာပအဝင်မှာလည်း အစစ်ဆေးကြမ်းနေတယ်”ဟု မြောက်ဥက္ကလာပ နေသူတစ်ဦးက ပြောသည်။

(​ပေါက်ကွဲမှု​ကြောင့်ကားငယ်​နောက်ပိုင်းဆိုးရွားစွာပျက်စီး​ခဲ့သည် ဓါတ်ပုံ- TRN)

ရန်ကုန်မြို့ မြောက်ဥက္ကလာပနှင့် တောင်ဥက္ကလာ ကြားမှ ၄၃၅၊ ၄၃၆ စစ်တပ်ဝန်းထိပ်ရှိ ဂိတ်စခန်းတစ်ခု နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က ဗုံးခွဲဖြင့်တိုက်ခိုက်ခံရကြောင်း ဒေသခံများကပြောသည်။

ထိုပေါက်ကွဲမူကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများက လူနေရပ်ကွက်များကို ရမ်းသမ်းပစ်ခတ်နေသည်ဟု မျက်မြင်​တွေ့ရှိသူများကပြောသည်။

(​ပေါက်ကွဲမှု​ကြောင့်ကားငယ်​နောက်ပိုင်းဆိုးရွားစွာပျက်စီး​ခဲ့သည် ဓါတ်ပုံ- TRN)

“အခုတော့ လမ်းကို ပိတ်ထားပြီး သောင်းကျန်းနေကြတယ်။သေနတ်တွေနဲ့လိုက်ပစ်နေတယ်”ဟု ရပ်ကွက်​နေပြည်သူတစ်ဦးကပြောသည်။

“ဝေဇယန္တာလမ်း၊ကမ္ဘာအေးလမ်းနားတစ်ဝိုက် အကုန်ပိတ်ထားတယ်။ပြီးတော့ ဘေလီဘက်ကနေ မြာက်ဥက္ကလာပအဝင်မှာလည်း အစစ်ဆေးကြမ်းနေတယ်”ဟု မြောက်ဥက္ကလာပ နေသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမူသည် ပြင်းထန်ပြီး ပေါက်ကွဲသံကိုလူနေအိမ်များကပါ ကြားရသည်ဟု ဒေသခံများထံမှသိရသည်။

ပေါက်ကွဲမူသည် ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ ယာဉ်ထိန်းရုံးကို Mark II တစ်စီးက လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကားကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက လိုက်လံ ပစ်ခတ်ရာတွင် ထိုကားသည် သံသုမာလမ်းပေါ်တွင်ပေါက်ကွဲသွားခြင်းဖြစ်သည်ဟု မျက်မြင်​တွေ့ရှိသူအချို့ကပြောသည်။ ထိုသို့ပေါက်ကွဲပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများကသေနတ်များကို အကြောင်းမဲ့ပစ်ဖောက်နေသည်။

အဆိုပါ​ပေါက်ကွဲခဲ့​သောကား၏ ဓါတ်ပုံကို TRN အမည်ရှိ​ဖေစ်ဘွခ်စာမျက်နှာက​ဖော်ပြပြီး ၊ပုံတွင်းကား၏ ​နောက်ပိုင်းမှာ​ပေါက်ကွဲမှု​ကြောင့်ပျက်စီး​နေသည်ကို​တွေ့ရသည်။ ​ပေါက်ကွဲမှုနှင့် ဗုံးကွဲမှု​ကြောင့် လူ​သေဆုံး၊ထိ့ခိုက်မှုအ​ခြေအ​နေများကိုမူမသိ့ရှိရ​သေး​ပေ။

ကား​ပေါက်ကွဲမှု​ကြောင့် ယာဥ်ပေါ်ပါလူငယ်တစ်ဦး​သေဆုံးပြီးတစ်ဦးဒဏ်ရာရရှိခဲ့​ကြောင်း SouthOkkala News က​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။