Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီဗဟိုဘဏ်၏ ​ဒေါ်လာသတ်မှတ်နှုန်းထက် ၀ ဒသမ ၅ ရာခိုင်နှုန်းသာ အတိုးအ​လျှော့လုပ်​ရောင်းဝယ်ရမည်ဟုကန့်သတ်ပြန်

“ဒါက ကုမ္ပဏီတွေရောင်းတာကိုပါ ကန့်သတ်နေတာဆိုတော့ ဈေးကွက်ကို အတင်းအကျပ်ကို ထိန်းချုပ်နေတာ”ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးပြောသည်။

ဒေါ်လာဈေးကို စစ်​ကောင်စီဗဟိုသတ်မှတ်သည့်နှုန်းထက်
၀ ဒသမ ၅ ရာခိုင်နှုန်းအတွင်းသာအတိုး​အလျှော့ပြုလုပ်၍ရောင်းရမည်ဟု အာဏာသိမ်းစစ်​ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က နိုဝင်ဘာ ၉ ရက်တွင်ထုတ်ပြန်သည်။

အကြမ်းဖက်စစ်အုပ်စု၏ ဗဟိုဘဏ်က ဒေါ်လာဈေးကို လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုကြောင်း စက်တင်ဘာ ၁၀ ရက် ထုတ်ပြန်ခဲ့သော်လည်း နှစ်လအကြာတွင် ယခုကဲ့သို့ပြန်လည် ကန့်သတ်လိုက်ခြင်းဖြစ်သည်။ ထိုကန့်သတ်ချက်သည်ယ​နေ့( နိုဝင်ဘာ ၁၀ ရက်)တွင် စတင်အကျုံးဝင်မည်ဟုဆိုပြီး ကန့်သတ်ချက်ကို ကျော်လွန်ပါက နိုင်ငံခြားသုံးငွေစီမံခန့်မူဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံမူစည်းမျဉ်းများဖြင့်အရေးယူမည်ဟု ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ထိုကန့်သတ်ချက်ကို နိုင်ငံခြားသုံးငွေ ရောင်းဝယ်ခွင့်ရထားသည့် လိုင်စင်ရဘဏ်များ၊ ငွေလဲ‌ ကောင်တာများတို့ကလိုက်နာရမည်ဖြစ်သည်။ ထိုပြင် ယခုသတ်မှတ်ချက်ကို ကုမ္ပဏီအချင်းချင်းရောင်းချရာတွင်လည်း လိုက်နာရမည်ဟုသတ်မှတ်ချက်အသစ်ကိုပါ စစ်ကောင်စီဗဟိုဘဏ်က ထည့်သွင်းထားသည်။

“ဒါက ကုမ္ပဏီတွေရောင်းတာကိုပါ ကန့်သတ်နေတာဆိုတော့ ဈေးကွက်ကို အတင်းအကျပ်ကို ထိန်းချုပ်နေတာ”ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးပြောသည်။

Public Service Announcement

Public Service Announcement

ယခုကာလသည် ပို့ကုန်ဝင်ငွေများပြန်လည်ဝင်ရောက်လာချိန်ဖြစ်၍ ဘဏ်များကို ရောင်းချရာတွင် ဒေါ်လာဈေးနှိမ်ရန်အတွက်ဖြစ်သည်ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကသုံးသပ်သည်။

နိုဝင်ဘာ ၉ ရက်တွင် ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာလျှင် ငွေလဲကောင်တာ အရောင်း​ဈေး ၁၉၄၅ကျပ်သတ်မှတ်ထားပြီး အဝယ်​ဈေးကို ၁၉၂၅ကျပ် ဈေးဖွင့်ထားသည်။ သို့သော်လည်း စစ်​ကောင်စီ၏ဗဟိုဘဏ်က တစ်ဒေါ်လာလျှင် ၁၇၅၅ကျပ်သာဈေးဖွင့်သည်။ ပြင်ပေါက်ဈေးထက် တစ်ဒေါ်လာကို ကျပ် ၂၀၀ခန့် ဈေးခွာထားခြင်းဖြစ်သည်။

စစ်​ကောင်စီက နိုင်ငံတော်အာဏာကို လုယူပြီးနောက် ဧပြီလ ၄ ရက်တွင် ဒေါ်လာရောင်းဝယ်မူကို ဗဟိုဘဏ်သတ်မှတ်နှုန်းထက် ၁ ဒသမ ၆ ရာခိုင်နှုန်းသာ ခွာ၍ ရောင်းချရမည်ဟု စတင်ကန့်သတ်ခဲ့သည်။ ထိုနောက် မေလ ၁၂ရက်တွင် ၁ ရာခိုင်နှုန်းဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။ ထိုနောက် ၀ ဒသမ ၈ရာခိုင်နှုန်းအထိလျော့ချခဲ့သည်။ ထိုသို့သတ်မှတ်ခြင်းကြောင့် ဈေးကွက်တွင် ၁၀နှစ်ကြာပျောက်ကွယ်သွားသည့် ဒေါ်လာမှောင်ခိုဈေး ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ စစ်​ကောင်စီသတ်မှတ်သကဲ့သို့ ၅ရာခိုင်နှုန်းသာ​ဈေးတင်​ရောင်းရမည်ဆိုပါက နိုဝင်ဘာ ၁၀ ရက်တွင် ၁၈၄၂ ကျပ်ဖြင့်သာ ဘဏ်နှင့် ​ငွေလဲ​ကောင်တာများကအ​ရောင်းအဝယ်ပြုလုပ်ရမည်ဖြစ်သည်။

စက်တင်ဘာ ၁၀ ရက်တွင် ကန့်သတ်ချက်များကို ပယ်ဖျက်ခဲ့သည်ဟုဆိုပြန်။ စက်တင်ဘာလကုန်ပိုင်းတွင် တစ်ဒေါ်လာကို ကျပ် ၂၈၀၀အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ခရိုနီ ဦးတေဇနဲ့ သားဖြစ်သူကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ သတ်မှတ်ချက်တွေ မလိုက်နာဘဲ ပို့ကုန်ရငွေတွေ အပြည့်အဝပြန်မသွင်းတာကြောင့်ဆိုပြီး စစ်ကောင်စီရဲ့ ဗဟိုဘဏ်က အမည်ပျက်စာရင်း (Black List) သွင်းလိုက်ပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်လက်​အောက်ခံ အသင်းအဖွဲ့များမှလုပ်ငန်းရှင်များက အ​မေရီကန်နိုင်ငံမှ ပဲပုပ်ဖတ်တင်သွင်းရန်စီစဥ်ခြင်းမှာ စီးပွား​ရေးထက် အ​မေရီကန်အစိုးရရဲ့အာရုံစူးစိုက်မှုရ​အောင်စစ်အုပ်စုရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့လုပ်ငန်းရှင်​တွေကသုံးသပ်ကြပါတယ် ။