Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒဂုံဆိပ်ကမ်းတွင် စစ်​ကောင်စီဒုတိယအကြိမ်ခန့်အုပ်ချုပ်ရေးမှူး ထပ်မံပစ်သတ်ခံရ

အမည်မသိ့​သေနတ်သမား၏ပစ်ခတ်မှုကြောင့် ဦးသိန်းဇော်အပါအဝင် သုံးဦးကျည်ထိမှန်ခဲ့ပြီး ယင်းတို့အနက် စစ်​ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသိန်းဇော်မှာသေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်သည်။

ရန်ကုန်မြို့ ၊ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက်မှ ပထမအကြိမ်ခန့်အုပ်ချုပ်ရေးမှူးအသတ်ခံရပြီး လေးလကျော်အကြာ ယနေ့(နိုဝင်ဘာ ၁၀)တွင် ဒုတိယအကြိမ်ခန့် အုပ်ချုပ်ရေးမှူး​သေနတ်ဖြင့်ပစ်၍ ထပ်မံအသတ်ခံရ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

​သေနတ်ဖြင့်ပစ်သတ်ခံရသူမှာ အာဏာသိမ်းစစ်ကောင်စီလက်ဝေခံအုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်နေသူ ဦးသိန်းဇော်ဖြစ်ပြီး ၎င်းသည် ၈၇ ရပ်ကွက်ရှိ “သူ့ထက်သာ”လက်ဘက်ရည်ဆိုင်တွင်ထိုင်နေစဉ် ဆိုင်အတွင်း ​​​သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အမည်မသိ့​သေနတ်သမား၏ပစ်ခတ်မှုကြောင့် ဦးသိန်းဇော်အပါအဝင် သုံးဦးကျည်ထိမှန်ခဲ့ပြီး ယင်းတို့အနက် စစ်​ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသိန်းဇော်မှာသေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်သည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင် ၆ ရက်နေ့ကလည်း စစ်ကောင်စီ၏ပထမအကြိမ်ခန့် ၈၈ ရက်ကွက်အုပ်ချုပ်ရေးမှူး ခင်ဦးဆိုသူနှင့် ၎င်း၏ယာဉ်မောင်းဖြစ်သူတို့ သေနတ်ဖြင့်ပစ်ခံရ၍ သေဆုံးခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ပထမအကြိမ်ခန့် အုပ်ချုပ်ရေးမှူးနှင့် ယာဉ်မောင် တို့မှာ ရုံးမှအပြန် ကားပေါ်တက်စဉ် အမည်မသိအဖွဲ့တစ်ဖွဲ့ကလာရောက်၍ သေနတ်ဖြင့် ခုနစ်ချက်ပတ်ခတ်ခဲ့ခြင်း ဖြစ်သည်။

(ဓါတ်ပုံ-စစ်အာဏာရှင်ပြုတ်ကျရေး ဒဂုံဆိပ်ကမ်းမှပြည်သူများမတ်လတွင်အထိုင်သပိတ်ဆင်နွဲခဲ့ကြသည်။)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။