Connect with us

Hi, what are you looking for?

News

ဒဂုံဆိပ်ကမ်းတွင် စစ်​ကောင်စီဒုတိယအကြိမ်ခန့်အုပ်ချုပ်ရေးမှူး ထပ်မံပစ်သတ်ခံရ

အမည်မသိ့​သေနတ်သမား၏ပစ်ခတ်မှုကြောင့် ဦးသိန်းဇော်အပါအဝင် သုံးဦးကျည်ထိမှန်ခဲ့ပြီး ယင်းတို့အနက် စစ်​ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသိန်းဇော်မှာသေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်သည်။

ရန်ကုန်မြို့ ၊ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက်မှ ပထမအကြိမ်ခန့်အုပ်ချုပ်ရေးမှူးအသတ်ခံရပြီး လေးလကျော်အကြာ ယနေ့(နိုဝင်ဘာ ၁၀)တွင် ဒုတိယအကြိမ်ခန့် အုပ်ချုပ်ရေးမှူး​သေနတ်ဖြင့်ပစ်၍ ထပ်မံအသတ်ခံရ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

​သေနတ်ဖြင့်ပစ်သတ်ခံရသူမှာ အာဏာသိမ်းစစ်ကောင်စီလက်ဝေခံအုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်နေသူ ဦးသိန်းဇော်ဖြစ်ပြီး ၎င်းသည် ၈၇ ရပ်ကွက်ရှိ “သူ့ထက်သာ”လက်ဘက်ရည်ဆိုင်တွင်ထိုင်နေစဉ် ဆိုင်အတွင်း ​​​သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အမည်မသိ့​သေနတ်သမား၏ပစ်ခတ်မှုကြောင့် ဦးသိန်းဇော်အပါအဝင် သုံးဦးကျည်ထိမှန်ခဲ့ပြီး ယင်းတို့အနက် စစ်​ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသိန်းဇော်မှာသေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်သည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင် ၆ ရက်နေ့ကလည်း စစ်ကောင်စီ၏ပထမအကြိမ်ခန့် ၈၈ ရက်ကွက်အုပ်ချုပ်ရေးမှူး ခင်ဦးဆိုသူနှင့် ၎င်း၏ယာဉ်မောင်းဖြစ်သူတို့ သေနတ်ဖြင့်ပစ်ခံရ၍ သေဆုံးခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ပထမအကြိမ်ခန့် အုပ်ချုပ်ရေးမှူးနှင့် ယာဉ်မောင် တို့မှာ ရုံးမှအပြန် ကားပေါ်တက်စဉ် အမည်မသိအဖွဲ့တစ်ဖွဲ့ကလာရောက်၍ သေနတ်ဖြင့် ခုနစ်ချက်ပတ်ခတ်ခဲ့ခြင်း ဖြစ်သည်။

(ဓါတ်ပုံ-စစ်အာဏာရှင်ပြုတ်ကျရေး ဒဂုံဆိပ်ကမ်းမှပြည်သူများမတ်လတွင်အထိုင်သပိတ်ဆင်နွဲခဲ့ကြသည်။)

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။