Connect with us

Hi, what are you looking for?

News

စစ်ကောင်စီရဲ့ ရေနံနဲ့သဘာ၀ဓာတ်ငွေ့ကဏ္ဍကို အဓိကအရေးယူဒဏ်ခတ်ဖို့ နိုင်ငံတကာကို NUG တိုက်တွန်း၊ ‘စီးပွားရေးပိတ်ဆို့မှုမူဝါဒ’ ထုတ်ပြန်

နောက်ပြီး မြန်မာနိုင်ငံကနေ ထွက်ခွာတဲ့စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သင့်လျော်တဲ့နစ်နာကြေးကို ဝန်ထမ်းတွေကို ပေးရမယ်လို့လည်း NUG က တိုက်တွန်းပါတယ်။

(အကြမ်းဖက်စစ်ကောင်စီထံ ငွေကြေးမစီးဝင်ဖို့ ပြည်ပရောက်မြန်မာများ ဆန္ဒပြတောင်းဆိုကြစဉ်၊ ဓာတ်ပုံံ - Blood Money-သွေးစွန်းငွေ/ FB)

စစ်ကောင်စီရဲ့ ရေနံနဲ့သဘာ၀ဓာတ်ငွေ့ကဏ္ဍကို အဓိကအရေးယူဒဏ်ခတ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

NUG ဟာ ‘စီးပွားရေးပိတ်ဆို့မှုမူဝါဒ’ ကို နိုဝင်ဘာ ၉ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပြီး အဲဒီမူဝါဒ လမ်းညွှန်ထဲမှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်တပ်စီးပွားရေးနဲ့ပတ်သက်တဲ့လုပ်ငန်း တွေထဲက ရေနံနဲ့သဘာ၀ဓာတ်ငွေ့ကဏ္ဍကို ပထမဦးစားပေးအဖြစ် အရေးယူဒဏ်ခတ်ဖို့ ဖော်ပြ ထားပါတယ်။

ဒုတိယဦးစားပေးအဖြစ် သတ္တုတွင်းကဏ္ဍ၊ တတိယဦးစားပေးအဖြစ် ဘဏ်လုပ်ငန်း တို့ကို ဖော်ပြ ထားပြီး စစ်တပ်နဲ့ပတ်သက်တဲ့ ငွေကြေးလွှဲပြောင်းမှုတွေကိုတားဆီးဖို့ နိုင်ငံတကာဘဏ်တွေကို ပိတ်ဆို့ခြင်းက စစ်တပ်ရဲ့လက်နက်ဝယ်ယူမှုကိုထိခိုက်စေကာ တိုင်းပြည်ရဲ့ဝင်ငွေတွေကို သူတို့ ကိုယ်ပိုင်အကျိုးစီးပွားအတွက် သုံးစွဲနေမှုကို ကာကွယ်စေနိုင်တယ်လို့ NUG က ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုကျူးလွန်တဲ့ ဆောင်ရွက်ချက်တွေကို ကူညီပံ့ပိုးနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ရပ်ဆိုင်းဖို့၊ စစ်ကောင်စီ(ဒါမှမဟုတ်) စစ်တပ်ကို ဝင်ငွေပေးနေတဲ့ငွေပေးချေမှုအားလုံးကို ရပ်ဆိုင်းထားဖို့၊ စစ်ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ပတ်သက်ဆက်နွယ်နေသူတွေကို ပြည်ဝင်ခွင့်ပိတ်ပင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို NUG ကတောင်းဆိုပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး မြန်မာနိုင်ငံကနေ ထွက်ခွာတဲ့စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သင့်လျော်တဲ့နစ်နာကြေးကို ဝန်ထမ်းတွေကို ပေးရမယ်လို့လည်း NUG က တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။