Connect with us

Hi, what are you looking for?

LuduNwayOo

News

အရာ​တော်တွင် စစ်​ကောင်စီစစ်​ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ၁၅ ​ယောက်ထက်မနည်း​သေနိုင်ဟုARAထုတ်ပြန်

ညပိုင်းတွင် အကြမ်းဖက်စစ်တပ်က အင်အားထပ်ဖြည့်လာပြီး အရာတော်မြောက်နယ်ကို ဝင်ရောက်မွှေနှောက်မည်ဟု ယူဆရသဖြင့် ဘောင်းကျရွာနှင့် အနီးအနားရွာများမှ ပြည်သူများရှောင်တိမ်းနေသည်ဟု ‌ဒေသခံတစ်ဦးကပြောသည်။

အရာတော်မြောက်နယ် ဘောင်းကျရွာအဝင်တွင် အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၁၅ ယောက်ထက်မနည်း ​သေဆုံးနိုင်ကြောင်း အရာတော်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

ယနေ့ နိုဝင်ဘာ(၁၀)ရက် ညနေပိုင်းတွင် အရာတော်မြောက်နယ်၊ ဘောင်းကျကျေးရွာအနီးသို့ ရောက်ရှိလာသော အင်အား(၁၀၀)ခန့်ပါသောအကြမ်းဖက်စစ်ကောင်စီ၏
စစ်ကြောင်းကို အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA) မြောက်ပိုင်းမှ ဂဠုန်ညီနောင်တပ်ဖွဲ့ က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကားများကိုရပ်ထားပြီး ခြေလျင်စစ်ကြောင်းဖြင့်တက်လာချိန် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်သား(၄၀)ခန့် ဒဏ်ရာရရှိသွားပြီး ဒဏ်ရာပြင်းထန်သေဆုံးသူ(၁၅)ဦးထက်မနည်းရှိမည်ဟု ARA ပြန်ကြားရေးက ဖုန်းဖြင့် ထုတ်ပြန်အတည်ပြု‌ပေးထားသည်ဟု အရာတော်သတင်းမှန် ပြန်ကြားရေးက အသိပေးသည်။

အကြမ်းဖက်စစ်တပ်မှာ မိုင်းထိပြီးနောက် ဖရိုဖရဲဖြစ်ကာ ပြန်လည်ရမ်းသန်းပစ်ခတ်နေသည်ကို အနီးအနားရွာများကပင် အချိန်အတော်ကြာ ကြားခဲ့ရသည်ဟုဆိုသည်။ သေဆုံးသူအပြတ်အတောက်များနှင့် ဒဏ်ရာရသူများကို ကျန်ရှိအကြမ်းဖက်မအလစစ်သားများက ရွာထိပ်ဆေးခန်းထဲသို့ ဆွဲခေါ်နေစဥ်၌ပင်သေနတ်ဖြင့်တောက်လျှောက်ပစ်ခတ်သွားခဲ့ကြောင်း ဒေသခံတို့ကပြောသည်။

ယခုအခါ အဆိုပါဒဏ်ရာရသူများကိုလည်း ပြန်မပို့နိုင်သေးဘဲ ကျန်ရှိစစ်တပ်က မကြာခဏသေနတ်ဖောက်၍ စောင့်ဆိုင်းနေသည်ဟု ARA မြောက်ပိုင်းကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ညပိုင်းတွင် အကြမ်းဖက်စစ်တပ်က အင်အားထပ်ဖြည့်လာပြီး အရာတော်မြောက်နယ်ကို ဝင်ရောက်မွှေနှောက်မည်ဟု ယူဆရသဖြင့် ဘောင်းကျရွာနှင့် အနီးအနားရွာများမှ ပြည်သူများရှောင်တိမ်းနေသည်ဟု ‌ဒေသခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။