Connect with us

Hi, what are you looking for?

News

အရာ​တော်တွင် စစ်​ကောင်စီစစ်​ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ၁၅ ​ယောက်ထက်မနည်း​သေနိုင်ဟုARAထုတ်ပြန်

ညပိုင်းတွင် အကြမ်းဖက်စစ်တပ်က အင်အားထပ်ဖြည့်လာပြီး အရာတော်မြောက်နယ်ကို ဝင်ရောက်မွှေနှောက်မည်ဟု ယူဆရသဖြင့် ဘောင်းကျရွာနှင့် အနီးအနားရွာများမှ ပြည်သူများရှောင်တိမ်းနေသည်ဟု ‌ဒေသခံတစ်ဦးကပြောသည်။

အရာတော်မြောက်နယ် ဘောင်းကျရွာအဝင်တွင် အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၁၅ ယောက်ထက်မနည်း ​သေဆုံးနိုင်ကြောင်း အရာတော်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

ယနေ့ နိုဝင်ဘာ(၁၀)ရက် ညနေပိုင်းတွင် အရာတော်မြောက်နယ်၊ ဘောင်းကျကျေးရွာအနီးသို့ ရောက်ရှိလာသော အင်အား(၁၀၀)ခန့်ပါသောအကြမ်းဖက်စစ်ကောင်စီ၏
စစ်ကြောင်းကို အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA) မြောက်ပိုင်းမှ ဂဠုန်ညီနောင်တပ်ဖွဲ့ က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကားများကိုရပ်ထားပြီး ခြေလျင်စစ်ကြောင်းဖြင့်တက်လာချိန် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်သား(၄၀)ခန့် ဒဏ်ရာရရှိသွားပြီး ဒဏ်ရာပြင်းထန်သေဆုံးသူ(၁၅)ဦးထက်မနည်းရှိမည်ဟု ARA ပြန်ကြားရေးက ဖုန်းဖြင့် ထုတ်ပြန်အတည်ပြု‌ပေးထားသည်ဟု အရာတော်သတင်းမှန် ပြန်ကြားရေးက အသိပေးသည်။

အကြမ်းဖက်စစ်တပ်မှာ မိုင်းထိပြီးနောက် ဖရိုဖရဲဖြစ်ကာ ပြန်လည်ရမ်းသန်းပစ်ခတ်နေသည်ကို အနီးအနားရွာများကပင် အချိန်အတော်ကြာ ကြားခဲ့ရသည်ဟုဆိုသည်။ သေဆုံးသူအပြတ်အတောက်များနှင့် ဒဏ်ရာရသူများကို ကျန်ရှိအကြမ်းဖက်မအလစစ်သားများက ရွာထိပ်ဆေးခန်းထဲသို့ ဆွဲခေါ်နေစဥ်၌ပင်သေနတ်ဖြင့်တောက်လျှောက်ပစ်ခတ်သွားခဲ့ကြောင်း ဒေသခံတို့ကပြောသည်။

ယခုအခါ အဆိုပါဒဏ်ရာရသူများကိုလည်း ပြန်မပို့နိုင်သေးဘဲ ကျန်ရှိစစ်တပ်က မကြာခဏသေနတ်ဖောက်၍ စောင့်ဆိုင်းနေသည်ဟု ARA မြောက်ပိုင်းကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ညပိုင်းတွင် အကြမ်းဖက်စစ်တပ်က အင်အားထပ်ဖြည့်လာပြီး အရာတော်မြောက်နယ်ကို ဝင်ရောက်မွှေနှောက်မည်ဟု ယူဆရသဖြင့် ဘောင်းကျရွာနှင့် အနီးအနားရွာများမှ ပြည်သူများရှောင်တိမ်းနေသည်ဟု ‌ဒေသခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။