Connect with us

Hi, what are you looking for?

News

တော်လှန်​ရေးအဖွဲ့အ​ယောင်​ဆောင်ကာ ဒလန်ရှင်းလင်းခြင်းနှင့် ​ပြည်သူများအားထိခိုက်မည့်ဖောက်ခွဲမှုများ ရန်ကုန်တွင်ပြုလုပ်လာဟု ​တော်လှန်​ရေးအင်အားစုများ​ပြော

ပြည်သူနှင့် တော်လှန်ရေးအင်အားစုကြား အကြမ်းဖက်စစ်ကောင်စီ၏ သွေးခွဲမှုဖြစ်ကာ ပြည်သူများအနေဖြင့်လည်း တော်လှန်ရေးအသိ ၊သတိကို ပိုမိုထားရှိရမည့် အချိန်ကလ တစ်ခုရောက်ရှိနေပြီဟုလည်း ၎င်းတို့က တိုက်တွန်းသည်။

(နိုဝင်ဘာ ၉ရက်က ​ဒေါ်ပြားကြီးအသတ်ခံရပြီး​နောက် စစ်​ကောင်စီတပ်သားများ လုံခြုံ​ရေးယူ​နေစဥ်)

-စစ်​ကောင်စီက ​သွေးခွဲ​နေ၍ ​တော်လှန်​ရေးအသိ၊သတိရှိကြရန် ပြည်သူများအား သတိ​ပေး

တော်လှန်ရေးအဖွဲ့အယောင်ဆောင်ကာ သတင်း​ပေးဒလန်ရှင်းလင်းခြင်း၊ပြည်သူများအား တမင်ထိခိုက်စေရန်ရည်ရွယ်သည့် ဖောက်ခွဲရေးများ ရန်ကုန်မြို့၌ ပြုလုပ်လာသည်ကို တွေ့ရကြောင်း ရန်ကုန်မြို့ပြ ပျောက်ကြားတော်လှန်ရေး အင်အားစုအချို့က ပြောသည်။

ပြည်သူနှင့် တော်လှန်ရေးအင်အားစုကြား အကြမ်းဖက်စစ်ကောင်စီ၏ သွေးခွဲမှုဖြစ်ကာ ပြည်သူများအနေဖြင့်လည်း တော်လှန်ရေးအသိ ၊သတိကို ပိုမိုထားရှိရမည့် အချိန်ကလ တစ်ခုရောက်ရှိနေပြီဟုလည်း ၎င်းတို့က တိုက်တွန်းသည်။

“ကျွန်တော်တို့ ဘယ်ကိစ္စမဆို သေသေချာချာစုံစမ်းပြီး ပြည်သူကို အတက်နိုင်ဆုံးမထိခိုက်အောင် စီစဥ်ပြီး လုပ်နေတာဖြစ်တယ် ဆိုတာ ကနဦးအသိပေးလိုတယ်။ပြီးတော့ အတက်နိုင်ဆုံး ကျွန်တော်တို့ ခဏခဏ မေတ္တာရပ်ခံထားသလိုပဲ စစ်ကောင်စီလက်အောက်ခံ ရုံးတွေနဲ့ အဝေးဆုံးမှာနေပေးပါ။အလုပ်ကိစ္စ၊ကျန်းမာရေး ကိစ္စတွေကလွဲလို့ အပြင်ထွက်တာတွေလည်း ဂရုစိုက်ပေးကြပါ”ဟု Little Heros မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၉ ရက်က ကမာရွတ်မြို့နယ်၌ အသတ်ခံလိုက်ရသော ဒေါ် ပြားကြီး အမှုသည် တော်လှန်ရေးအဖွဲ့များ၏ လက်ချက်မဟုတ်ကြောင်းလည်း ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“သူနဲ့ ပတ်သက်လို့ ကျွန်တော်တို့ စောင့်ကြည့်ခဲ့ရတာမျိုးမရှိခဲ့ဘူး။မရှိဘူးဆိုရင် မသတ်ခဲ့တာသေချာတယ်။ ကျွန်တော်တို့ Mission တစ်ခုအတွက် သေချာအောင် လုပ်မယ့် နေရာနဲ့ လုပ်မယ့် သူကို အနည်းဆုံးသုံးကြိမ်ကနေ ငါးကြိမ်လောက်အထိ အချိန်ပေးပြီး လေ့လာတယ်။ သေချာပြီ ဆိုမှ အဖွဲ့ တွေက ဝိုင်းဆုံးဖြတ်တယ်။ ပြီးမှ Mission စတာ”ဟု ၎င်းက ရှင်းပြသည်။

ထို့အပြင် လွန်ခဲ့သောလက လှိုင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအပါအဝင် စစ်ကောင်စီလက်အောက်ခံ အဆောက်အဦးများကို ဗုံးခွဲမည်ဟု ရန်ကုန်မြို့တော်လှန်ရေး အင်အား စုအချို့က နှစ်နာရီခန့်ကြာ ကြိုတင်ကြေညာပေးခဲ့သည့် ဖြစ်စဥ်များလည်းရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။