Connect with us

Hi, what are you looking for?

News

မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ ဗြိတိန်ဝန်ကြီးတောင်းဆို

ဒါ့အပြင် NLD ပါတီခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မပေါင်း ၁၁ ခုနဲ့ စွဲချက်တင်ထားပြီး ပုဒ်မပါပြစ်ဒဏ်တွေအတိုင်း အပြည့်ချမှတ်ရင် ထောင်ဒဏ် နှစ် ၁၀၀ ကျော် ချမှတ်ဖို့ ရှိနေတာဖြစ်ပါတယ်။

မြန်မာစစ်အာဏာရှင်ဟာ မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးရမှာဖြစ်ပြီး ပြင်းထန်တဲ့ထောင်ဒဏ်ချမှတ်မှုတွေ၊ လုပ်ကြံစွပ်စွဲမှုတွေဟာ တရားမျှတမှုကို အလေးမထားတာဖြစ်တယ်လို့ ဗြိတိန်ရဲ့အာရှရေးရာဝန်ကြီး Amanda Milling က ပြောပါတယ်။

“မြန်မာ့ စစ်အာဏာရှင်က ဒီမိုကရေစီစနစ်၊ လွတ်လပ် ခွင့်နဲ့ တရားဥပဒေစိုးမိုးရေးတို့ကို ဆက်လက်ဖျက်ဆီးနှောက်ယှက်နေဆဲဖြစ်ပါတယ်။ နိုင်ငံရေးအတိုက်အခံပါတီဝင်များအပေါ် ပြင်းထန်တဲ့ ထောင်ဒဏ်ချမှတ်မှုတွေနဲ့ လုပ်ကြံစွပ်စွဲမှုတွေဟာ စစ်အာဏာရှင်အနေနဲ့ တရားမျှတမှုကို အလေးထားခြင်းမရှိကြောင်း ပြသနေတာပဲဖြစ်ပါတယ်”လို့ Amanda Milling က ပြောပါတယ်။

တရားမဝင်အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက NLD ပါတီသဘာပတီ ဦးဝင်းထိန်ကို ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း၊ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နန်းခင်ထွေးမြင့်ကိုလည်း ထောင်ဒဏ် ၇၅ နှစ်ချမှတ်ခဲ့ပါတယ်။ အလားတူ ကရင်ပြည်နယ်ဝန်ကြီး ဦးသန်းနိုင်ကို ထောင်ဒဏ် ၉၀ နှစ်ချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် NLD ပါတီခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မပေါင်း ၁၁ ခုနဲ့ စွဲချက်တင်ထားပြီး ပုဒ်မပါပြစ်ဒဏ်တွေအတိုင်း အပြည့်ချမှတ်ရင် ထောင်ဒဏ် နှစ် ၁၀၀ ကျော် ချမှတ်ဖို့ ရှိနေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်အမေရိကမှာ ထားရှိပြီး ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ရွှေချောင်းတွေကို ဗြိတိန်ဆီ ပြောင်းရွှေ့ အပ်နှံခဲ့ကြောင်း နယ်သာလန် ဗဟိုဘဏ် (DNB)က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်ပြီး မကြာခင်မှာပဲ လွှတ်တော်အမတ် နေရာကိုပါ စွန့်လွှတ်တော့မယ်လို့ ဆာကီရာ စတာမာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားဆီက ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့် ဗြိတိန်ဟာ ယူကရိန်းကို မယိမ်းမယိုင် ဆက်လက် အားပေး ကူညီသွားမယ်လို့ ဗြိတိန် ဝန်ကြီးချုပ် အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။