Connect with us

Hi, what are you looking for?

News

မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ ဗြိတိန်ဝန်ကြီးတောင်းဆို

ဒါ့အပြင် NLD ပါတီခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မပေါင်း ၁၁ ခုနဲ့ စွဲချက်တင်ထားပြီး ပုဒ်မပါပြစ်ဒဏ်တွေအတိုင်း အပြည့်ချမှတ်ရင် ထောင်ဒဏ် နှစ် ၁၀၀ ကျော် ချမှတ်ဖို့ ရှိနေတာဖြစ်ပါတယ်။

မြန်မာစစ်အာဏာရှင်ဟာ မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးရမှာဖြစ်ပြီး ပြင်းထန်တဲ့ထောင်ဒဏ်ချမှတ်မှုတွေ၊ လုပ်ကြံစွပ်စွဲမှုတွေဟာ တရားမျှတမှုကို အလေးမထားတာဖြစ်တယ်လို့ ဗြိတိန်ရဲ့အာရှရေးရာဝန်ကြီး Amanda Milling က ပြောပါတယ်။

“မြန်မာ့ စစ်အာဏာရှင်က ဒီမိုကရေစီစနစ်၊ လွတ်လပ် ခွင့်နဲ့ တရားဥပဒေစိုးမိုးရေးတို့ကို ဆက်လက်ဖျက်ဆီးနှောက်ယှက်နေဆဲဖြစ်ပါတယ်။ နိုင်ငံရေးအတိုက်အခံပါတီဝင်များအပေါ် ပြင်းထန်တဲ့ ထောင်ဒဏ်ချမှတ်မှုတွေနဲ့ လုပ်ကြံစွပ်စွဲမှုတွေဟာ စစ်အာဏာရှင်အနေနဲ့ တရားမျှတမှုကို အလေးထားခြင်းမရှိကြောင်း ပြသနေတာပဲဖြစ်ပါတယ်”လို့ Amanda Milling က ပြောပါတယ်။

တရားမဝင်အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက NLD ပါတီသဘာပတီ ဦးဝင်းထိန်ကို ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း၊ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နန်းခင်ထွေးမြင့်ကိုလည်း ထောင်ဒဏ် ၇၅ နှစ်ချမှတ်ခဲ့ပါတယ်။ အလားတူ ကရင်ပြည်နယ်ဝန်ကြီး ဦးသန်းနိုင်ကို ထောင်ဒဏ် ၉၀ နှစ်ချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် NLD ပါတီခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မပေါင်း ၁၁ ခုနဲ့ စွဲချက်တင်ထားပြီး ပုဒ်မပါပြစ်ဒဏ်တွေအတိုင်း အပြည့်ချမှတ်ရင် ထောင်ဒဏ် နှစ် ၁၀၀ ကျော် ချမှတ်ဖို့ ရှိနေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို ကူညီနေမယ်ဆိုရင် အရှေ့အလယ်ပိုင်း ဒေသထဲမှာ ရှိနေတဲ့ အနောက်နိုင်ငံတွေရဲ့ စစ်အခြေစိုက် စခန်းတွေနဲ့ ကုန်သွယ်ရေကြောင်း သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်ရလိမ့်မယ်လို့ အီရန်က ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ဗြိတိန်၊ ဩစတြေးလျတို့နဲ့ ပူးပေါင်း အကောင်အထည် ဖော်နေတဲ့ တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေ ထုတ်လုပ်ရေး စီမံကိန်းဟာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ‘အမေရိကန်သာ ပဓာန’ မူဝါဒနဲ့ ကိုက်ညီမှု ရှိမရှိ အမေရိကန်က ပြန်လည် ဆန်းစစ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဗြိတိန်ဟာ နည်းပညာမြင့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော အသစ် ၁၂ စင်းကို ချဲ့ထွင် တည်ဆောက်သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။

သတင်း

လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး ငလျင်ဘေးသင့် ပြည်သူတွေအပေါ် ထိရောက်တဲ့ လူသားချင်း အကူအညီတွေ ရောက်ရှိနိုင်အောင် ခွင့်ပြုပေးဖို့၊ နိုင်ငံတော် အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ စစ်ကောင်စီကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ကတောင်းဆိုလိုက်ပါတယ်။