Connect with us

Hi, what are you looking for?

News

ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်နေခြင်းကို ရပ်တန့်ပြီး လက်နက်ကိုင်အချင်းချင်း သတ္တိရှိရှိရင်ဆိုင်ရန် ရန်ကုန်စစ်ဒေသခွဲက စစ်ကောင်စီကို သတိပေး

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့အနေဖြင့် နိုဝင်ဘာ ၅ ရက် ညပိုင်းက “ပျံလွှားအောင်” စစ်ဆင်ရေး စီမံချက်ဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ လှည့်ကင်းစစ်ကားတစ်စီကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သားခုနစ်ဦးသေးဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

People's Spring
People's Spring

အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းကို ရပ်တန်းကရပ်ပြီး လက်နက်ကိုင်အချင်းချင်း သတ္တိရှိရှိရင်ဆိုင်ရန် ရန်ကုန်တိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့က စစ်ကောင်စီထံ သတိပေးစာကို ယနေ့(နိုဝင်ဘာ ၁၁) ထုတ်ပြန်လိုက်သည်။

ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်အတွင် စစ်ကောင်စီတပ်ယာဉ်တန်းကို တိုက်ခိုက်ပြီးနောက်ပိုင်း ယင်းမြို့နယ်အတွင်းရှိ ဒေးဒနောရွာနှင့် အင်္ဂလုံးကျေးရွာများမှ ပြည်သူအယောက် ၄၀ ကျော်ကို ဖမ်းဆီးနှိပ်စက်လျက်ရှိပြီး ၁၀ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေကို စုံးစမ်းသိရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် ဒေးဒနောရွာမှ အသက် ၃၅ နှစ်ခန့်ရှိ ကိုဇော်မင်းဦး အသက် ၁၉ နှစ်အရွယ်ရှိ မောင်ဝေဇင်အောင်နှင့် အသက် ၄၀ ခန့်ရှိ ကိုဝင်းအောင်လတ် စသူတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ၏လက်ချက်ဖြင့် အသက်သေဆုံးခဲ့ရသည့်အပြင် မိသားစုများထံ ရုပ်အလောင်းပင်ပြန်မပေးခဲ့ဟု ထုတ်ပြန်ချက်က ဆိုသည်။

ယယခုကဲ့သို့ အပြစ်မဲ့ အရပ်သားများကို ဦးတည်တိုက်ခိုက်နေခြင်းမှာ စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေများအရ မလွဲမသွေ အရေးယူခံရမည်ကို အကြမ်းဖက်စစ်ကောင်စီတပ်သားများ သိနားလည်စေလိုသည် ရန်ကုန် တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က ထောက်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီးနှိပ်စက်ခြင်းမပြုဘဲ၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့်အညီ လက်နက်ကိုင်ပြည်သူ့တော်လှန်ရေးတပ်သားများကိုသာ သတ္တိရှိရှိရင်ဆိုင်တိုက်ခိုက်ရန် သတိပေးတိုက်တွန်းထားသည်။

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့အနေဖြင့် နိုဝင်ဘာ ၅ ရက် ညပိုင်းက “ပျံလွှားအောင်” စစ်ဆင်ရေး စီမံချက်ဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ လှည့်ကင်းစစ်ကားတစ်စီကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သားခုနစ်ဦးသေးဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။