Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုတွင် ၄နာရီကျော်ကြာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ ၂၀ သေဆုံးဟု KNDF ထုတ်ပြန်၊ ကရင်နီတပ်ဖွဲ့ဝင်တစ်ဦးကျ

တိုက်ပွဲအတွင်း အကြမ်းဖက် မင်းအောင်လှိုင်တပ်ဘက်မှ ၂၀ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရမှုများရှိခဲ့ပြီး KNDF တပ်သားတစ်ဦး ကျဆုံးခဲ့ကြောင်း ဖော်ပြသည်။

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်၊ ထူလွှီးဘီလာနှင့် ပဒုံငံကျေးရွာ အနီးတွင် ယနေ့(နိုဝင်ဘာ၁၁ရက်) တိုက်ပွဲ ဖြစ် ပွားခဲ့၍ စစ်ကောင်စီတပ်မှ ၂၀ဦးသေဆုံးပြီး ကရင်နီရဲဘော်တစ်ဦး ကျဆုံးကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က ထုတ်ပြန်သည်။

ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် နိုဝင်ဘာ ၁၁ရက် နေ့လည် ၂နာရီနီးပါးမှ ညနေ ၆နာရီကျော်အထိ ၄နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် အင်အား အလုံး အရင်းဖြင့် စစ်ကြောင်းထိုးပြီးတောင်ပေါ်များတွင် တပ်ဖြန့်ကာ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ် ခဲ့သည်ဟု ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း အကြမ်းဖက် မင်းအောင်လှိုင်တပ်ဘက်မှ ၂၀ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရမှုများရှိခဲ့ပြီး KNDF တပ်သားတစ်ဦး ကျဆုံးခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း ကျဆုံးသွားသောရဲ‌ဘော်ကို KNDF မှ ကရင်နီအမျိုးသားအာဇာနည်သူရဲကောင်းအဖြစ် လေးစားအသိအမှတ်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်များသည် ဒီး‌မော့ဆိုမြို့နယ် တိုက်ပွဲဖြစ်ပွားရာဒေသအတွင်းရှိ ဗျူဟာ မြောက် ကုန်းပြင်မြင့်များပေါ်တွင် တပ်ဖြန့်ကာ စစ်အင်အားများဖြည့်တင်းနေသည်ဟု ဆိုသည်။

ယခုလဆန်းပိုင်းတွင် ကရင်နီလက်နက်ကိုင်တပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များနှင့် စစ်ကောင်စီတပ်တို့သည် ဖယ်ခုံမြို့နယ်၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး ယနေ့တွင် ဒီးမော့ဆို၌ တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။