Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီးမော့ဆိုတွင် ၄နာရီကျော်ကြာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ ၂၀ သေဆုံးဟု KNDF ထုတ်ပြန်၊ ကရင်နီတပ်ဖွဲ့ဝင်တစ်ဦးကျ

တိုက်ပွဲအတွင်း အကြမ်းဖက် မင်းအောင်လှိုင်တပ်ဘက်မှ ၂၀ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရမှုများရှိခဲ့ပြီး KNDF တပ်သားတစ်ဦး ကျဆုံးခဲ့ကြောင်း ဖော်ပြသည်။

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်၊ ထူလွှီးဘီလာနှင့် ပဒုံငံကျေးရွာ အနီးတွင် ယနေ့(နိုဝင်ဘာ၁၁ရက်) တိုက်ပွဲ ဖြစ် ပွားခဲ့၍ စစ်ကောင်စီတပ်မှ ၂၀ဦးသေဆုံးပြီး ကရင်နီရဲဘော်တစ်ဦး ကျဆုံးကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က ထုတ်ပြန်သည်။

ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် နိုဝင်ဘာ ၁၁ရက် နေ့လည် ၂နာရီနီးပါးမှ ညနေ ၆နာရီကျော်အထိ ၄နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် အင်အား အလုံး အရင်းဖြင့် စစ်ကြောင်းထိုးပြီးတောင်ပေါ်များတွင် တပ်ဖြန့်ကာ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ် ခဲ့သည်ဟု ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း အကြမ်းဖက် မင်းအောင်လှိုင်တပ်ဘက်မှ ၂၀ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရမှုများရှိခဲ့ပြီး KNDF တပ်သားတစ်ဦး ကျဆုံးခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း ကျဆုံးသွားသောရဲ‌ဘော်ကို KNDF မှ ကရင်နီအမျိုးသားအာဇာနည်သူရဲကောင်းအဖြစ် လေးစားအသိအမှတ်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်များသည် ဒီး‌မော့ဆိုမြို့နယ် တိုက်ပွဲဖြစ်ပွားရာဒေသအတွင်းရှိ ဗျူဟာ မြောက် ကုန်းပြင်မြင့်များပေါ်တွင် တပ်ဖြန့်ကာ စစ်အင်အားများဖြည့်တင်းနေသည်ဟု ဆိုသည်။

ယခုလဆန်းပိုင်းတွင် ကရင်နီလက်နက်ကိုင်တပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များနှင့် စစ်ကောင်စီတပ်တို့သည် ဖယ်ခုံမြို့နယ်၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး ယနေ့တွင် ဒီးမော့ဆို၌ တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။