နီပွန်ဖောင်ဒေးရှင်းဥက္ကဌ မစ္စတာ ဆာဆာကာဝါရဲ့မြန်မာပြည်ခရီးစဉ်ဟာ ကိုယ်ရေးကိုယ်တာ ခရီးစဉ်ဖြစ်ပြီး ဂျပန်အစိုးရရဲ့ကိုယ်စားလှယ်အနေနဲ့သွားရောက်တာမဟုတ်ဘူးလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi က ပြောပါတယ်။
မစ္စတာ ဆာဆာကာဝါရဲ့ခရီးစဉ်နဲ့ပတ်သက်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက စီစဉ်တာမရှိသလို ခရီးစဉ်အတွင်း သူ့ရဲ့ဆောင်ရွက်မှုတွေဟာ ဂျပန်အစိုးရကိုယ်စားလှယ်အဖြစ် လုပ်ဆောင်မှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi က ရှင်းလင်းပါတယ်။
အကြမ်းဖက်စစ်ကောင်စီကတော့ မစ္စတာ ဆာဆာကာဝါနဲ့ မင်းအောင်လှိုင်တို့တွေ့ဆုံမှုသတင်း ထုတ်ပြန်ရာမှာ ဂျပန်အစိုးရရဲ့အထူးကိုယ်စားလှယ်လို့ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် မစ္စတာ ဆာဆာကာဝါဟာဟာ ဂျပန်အစိုးရကို ကိုယ်စားပြုလာရောက်သူကဲ့သို့ပင် ‘နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများတိုးမြှင့်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍အမြင်ချင်းဖလှယ်ဆွေးနွေး’ လို့ ထည့်သွင်း ဖော်ပြပါတယ်။
မစ္စတာ ဆာဆာကာဝါဟာ ၂၀၂၀ ရွေးကောက်ပွဲကို ကိုယ်တိုင်လာရောက်ကာ အနီးကပ်လေ့လာ ကြည့်ရှုခဲ့ပြီး ရွေးကောက်ပွဲအပြီးမှာ ၂၀၂၀ ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့ဆန္ဒနဲ့ကိုက်ညီတဲ့ရွေးကောက်ပွဲဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

Public Service Announcement
အကြမ်းဖက်စစ်တပ်ကတော့ ၂၀၂၀ ရွေးကောက်ပွဲဟာ မဲမသမာမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားမဝင်အာဏာ သိမ်းယူခဲ့တာဖြစ်ပါတယ်။
