Connect with us

Hi, what are you looking for?

News

ဆာဆာကာဝါရဲ့မြန်မာပြည်ခရီးစဉ် ဂျပန်အစိုးရကို ကိုယ်စားမပြုဘူးလို့ နိုင်ငံခြားရေးဝန်ကြီးပြော

မစ္စတာ ဆာဆာကာဝါရဲ့ခရီးစဉ်နဲ့ပတ်သက်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက စီစဉ်တာမရှိသလို ခရီးစဉ်အတွင်း သူ့ရဲ့ဆောင်ရွက်မှုတွေဟာ ဂျပန်အစိုးရကိုယ်စားလှယ်အဖြစ် လုပ်ဆောင်မှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi က ရှင်းလင်းပါတယ်။

နီပွန်ဖောင်ဒေးရှင်းဥက္ကဌ မစ္စတာ ဆာဆာကာဝါရဲ့မြန်မာပြည်ခရီးစဉ်ဟာ ကိုယ်ရေးကိုယ်တာ ခရီးစဉ်ဖြစ်ပြီး ဂျပန်အစိုးရရဲ့ကိုယ်စားလှယ်အနေနဲ့သွားရောက်တာမဟုတ်ဘူးလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi က ပြောပါတယ်။

မစ္စတာ ဆာဆာကာဝါရဲ့ခရီးစဉ်နဲ့ပတ်သက်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက စီစဉ်တာမရှိသလို ခရီးစဉ်အတွင်း သူ့ရဲ့ဆောင်ရွက်မှုတွေဟာ ဂျပန်အစိုးရကိုယ်စားလှယ်အဖြစ် လုပ်ဆောင်မှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi က ရှင်းလင်းပါတယ်။

အကြမ်းဖက်စစ်ကောင်စီကတော့ မစ္စတာ ဆာဆာကာဝါနဲ့ မင်းအောင်လှိုင်တို့တွေ့ဆုံမှုသတင်း ထုတ်ပြန်ရာမှာ ဂျပန်အစိုးရရဲ့အထူးကိုယ်စားလှယ်လို့ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် မစ္စတာ ဆာဆာကာဝါဟာဟာ ဂျပန်အစိုးရကို ကိုယ်စားပြုလာရောက်သူကဲ့သို့ပင် ‘နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများတိုးမြှင့်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍အမြင်ချင်းဖလှယ်ဆွေးနွေး’ လို့ ထည့်သွင်း ဖော်ပြပါတယ်။

မစ္စတာ ဆာဆာကာဝါဟာ ၂၀၂၀ ရွေးကောက်ပွဲကို ကိုယ်တိုင်လာရောက်ကာ အနီးကပ်လေ့လာ ကြည့်ရှုခဲ့ပြီး ရွေးကောက်ပွဲအပြီးမှာ ၂၀၂၀ ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့ဆန္ဒနဲ့ကိုက်ညီတဲ့ရွေးကောက်ပွဲဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်ကတော့ ၂၀၂၀ ရွေးကောက်ပွဲဟာ မဲမသမာမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားမဝင်အာဏာ သိမ်းယူခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

ဆောင်းပါး

ယနေ့ ဂျပန်မှာ ဂျပန်လူငယ်ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လစာအခြေအနေကို ကြည့်ရင် အရင်နှစ်ပေါင်း ၃၀ ကျော်က အခြေအနေနဲ့ လုံးဝမတူတော့ပါဘူး။ တစ်ချိန်က ဘွဲ့ရပြီး အလုပ်ရှာဖို့တောင် ခက်ခဲခဲ့တဲ့ လူငယ်တွေ ရှိခဲ့သလို၊ ဒီနေ့မှာတော့ ကုမ္ပဏီတွေက လူငယ်လုပ်သားရဖို့ လစာတိုးပေးပြီး အပြိုင်အဆိုင် ဆွဲဆောင်နေရပါတယ်။ ဒီအပြောင်းအလဲကြားမှာ...

သတင်း

ဂျပန်မှာ ကလေးရဲ့ ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း စွပ်စွဲခံရတဲ့ မြန်မာ အမျိုးသမီးငယ်တစ်ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။