Connect with us

Hi, what are you looking for?

News

တပ်တွင်း၌ သ​ပြေပန်းများ ​ဝေ​ဝေဆာဆာစိုက်ပျိုးကြရန်၊ ဘုရားကပ်လှူကြရန်နှင့် သ​ပြေပန်းများဖြင့် ကြိုဆိုကြရန် စစ်​ကောင်စီညွှန်ကြား

အောင်သပြေပန်းနှင့်စပ်လျဥ်း၍ တပ်ရင်း၊တပ်ဖွဲ့များရှိ ဓမ္မာရုံ၊တပ်အတွင်းကိုးကွယ်သည့် ဘုရား၊စေတီများနှင့် တပ်ရင်းမှူး နေအိမ်များတွင် အောင်သပြေပန်းများ ဝေဝေဆာဆာ ကပ်လှူရမည်ဟု ဆိုသည်။

တပ်တွင်း၌ အောင်သပြေပန်းများ ဝေဝေဆာဆာ စိုက်ပျိုးကြရန်၊ ဘုရား​၊စေတီများတွင် ကပ်လှူကြရန်နှင့် စစ်သည်များအား သ​ပြေပန်းများနှင့် ကြိုဆိုကြရန်ဆိုကာ ​အကြမ်းဖက်စစ်ကောင်စီ၏ ညွှန်ကြားစာ ပေါက် ကြားလာသည်။

အောင်သပြေပန်းနှင့်စပ်လျဥ်း၍ တပ်ရင်း၊တပ်ဖွဲ့များရှိ ဓမ္မာရုံ၊တပ်အတွင်းကိုးကွယ်သည့် ဘုရား၊စေတီများနှင့် တပ်ရင်းမှူး နေအိမ်များတွင် အောင်သပြေပန်းများ ဝေဝေဆာဆာ ကပ်လှူရမည်ဟု ဆိုသည်။

တပ်ရင်းမှူးများ တာဝန်ထမ်းဆောင်ရန် ထွက်ခွာချိန်နှင့် ပြန်လည်ထွက်ခွာချိန်တွင် အရာရှိနှင့် စစ်သည်များကို အောင်သပြေပန်းများနှင့် ဝေဝေဆာဆာ လက်ကမ်းကြိုဆိုရန်လည်း အဆိုပါညွှန်ကြားစာတွင်ဖော်ပြသည်။

တပ်ရင်း၊တပ်ဖွဲ့များတွင် အောင်သပြေပန်းများကို စိုက်ပျိုးသွားရန် နှင့် ရှင်သန်အောင်မြင်ရန် စိုက်ပျိုးထားသည့် ဓာတ်ပုံ၊ဗီဒီယိုမှတ်တမ်းများကို ရို​က်ကူးထားရမည်ဟုလည်း အဆိုပါ ညွှန်ကြားစာတွင် ပါရှိသည်။

Public Service Announcement

Public Service Announcement

” က​လေး​တွေနဲ့ တိုက်တဲ့အခါတိုင်း ရှုံး​နေ​တော့ နိုင်မလားဆိုပြီး ရူးပြီး​လျှောက်လုပ်ခိုင်း​နေတာ။ ယတြာ​ချေခိုင်းတဲ့သူလည်း ရှိ​မှာ​ပေါ့”ဟု အကြမ်းဖက်စစ်​ကောင်စီတပ်၏ သ​ပြေပန်းလှုပ်ရှားမှုနှင့်ပတ်သက်ပြီး ပြည်သူတစ်ဦးက မှတ်ချက်ပြုသည်။

“စစ်ကောင်စီရဲ့ ရွှေဉာဏ်တော်စူးရောက်ပုံ။အောင်သပြေဝယ်လို့ရတဲ့နေရာ ညွှန်လိုက်ကြပါဦး။ ပြည်သူကို ဒုက္ခပေးပြီး အောင်သပြေစိုက်တိုင်း အောင်နိုင်မယ့် ခေတ်မဟုတ်တော့ဘူး”ဟု CDMပြုလုပ်ကာ ပြည်သူ့ဘက်မှရပ်တည်ထား​သော ဗိုလ်ကြီးညီသုတက လူမှုကွန်ရက်တွင် မှတ်ချက်ပြု​ရေးသားထားသည်။

ထို့အပြင် စစ်ကောင်စီ အမြန်ပြိုလဲရေးအတွက် DSTA မှ CDM တပ်မတော်သား နည်းပညာကျောင်းဆင်း
များဦးဆောင်သည့် စစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့ကို အားစိုက်ပေးရန်လည်း ၎င်းက တောင်းဆိုသည်။

လက်နက်ထြတ်လုပ်မှုမှာ PDF တပ်ဖွဲ့များစျေးကြီးပေးဝယ်နေ​ရသော အခြေအနေကို တတ်နိုင်သလောက်ဖြည့်ဆည်းပေးဖို့ ရည်ရွယ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။