Connect with us

Hi, what are you looking for?

News

သန်လျင်နှင့် ဝက်လက်က စစ်​ကောင်စီသတင်း​ပေးများ အသတ်ခံရ၍ ​သေ

သန်လျင်ပကဖ ( TLPDF)မှ စုံစမ်းစစ်ဆေးကာ နိုဝင်ဘာ ၁၈ နံနက် ၁၀နာရီခန့်က ကျည်နှစ်တောင့်ဖြင့် သုတ်သင်ရှင်းလင်းခဲ့သည်ဟု ဆိုသည်။

သန်လျင်မြို့တွင် ပြည်သူလူထု၏ သတင်းပို့တိုင်ကြားချက်အရ မြို့ဟောင်းအနောက်ရပ်ကွက်မှ အကြမ်းဖက်ကောင်စီခန့် ရာအိမ်မှူး မောင်ကြင်အား သုတ်သင်ရှင်းလင်းခဲ့ဟု သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TLPDF)က ယနေ့(နိုဝင်ဘာ ၁၈ ရက်) ထုတ်ပြန်သည်။

သန်လျင်ပကဖ ( TLPDF)မှ စုံစမ်းစစ်ဆေးကာ နိုဝင်ဘာ ၁၈ နံနက် ၁၀နာရီခန့်က ကျည်နှစ်တောင့်ဖြင့် သုတ်သင်ရှင်းလင်းခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီး​နောက် ၎င်းတို့၏ ​ထောက်တိုင်များဖြစ်သည့် သတင်းပေးဒလန်များမှာ နိုင်ငံတစ်ဝန်း နေ့စဥ်သေဆုံးနေသည်။

ယနေ့ နံနက်အစောပိုင်းကလည်း ဝက်လက်မြို့နယ်ရှိ ဘင်တဲကုန်းကျေးရွာနေ သတင်းပေးနှင့် စစ်ထောက် လှမ်းရေးဖြစ်သော အုန်းမြင့်(ခ) ဘအုန်းအား နေအိမ်ထဲထိသွားရောက်ကာ ရှင်းလင်းခဲ့သည်ဟု ဒလန်ရှင်းလင်းရေး ဖောင်းဒိိုင်းအဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

(သန်လျင်မြို့မှ ရာအိမ်မှူးနှင့် ဝက်လက်မြို့နယ် ဘင်တဲကုန်း​ကျေးရွာမှ သတင်း​ပေး အုန်းမြင့်)

ဆက်စပ်သတင်းများ

သတင်း

ပြည်သူအချို့က စစ်ကောင်စီရဲ့ လုပ်နည်းလုပ်ဟန်အပေါ် မေးခွန်းထုတ်

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။