Connect with us

Hi, what are you looking for?

News

ဆောမြို့နယ်တွင်တိုက်ပွဲပြင်းထန်​နေ၊ စစ်​ကောင်စီတပ်ကရဟတ်ယာဥ်ပါအသုံးပြုတိုက်ခိုက်

နိုဝင်ဘာ ၁၅ ရက်ကစ၍ အကြမ်းဖက်စစ်ကောင်စီမှာ အင်အား ၃၀၀ ခန့်ဖြင့် ဆောမြို့နယ် အပါအဝင် ယော ဒေသအတွင်း တပ်စွဲပြီး စစ်​ကြောင်းထိုးလာခြင်းဖြစ်သည်။

ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြားယ​နေ့မနက်မှစ၍တိုက်ပွဲပြင်းထန်နေသည်။

“ဆော ဒေသကို မနေ့ကတည်းက စစ်တပ်က စစ်ကြောင်းထိုးနေတာ။ဒီနေ့တိုက်ပွဲက ပြင်းတယ်။ရဟတ်ယာဥ် နှစ်စီးပါသုံးနေတယ်လို့လည်းမြေပြင်က သတင်းပို့တယ်”ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကပြောသည်။

နံနက် ၉ နာရီဝန်းကျင်ကစ၍ ကျိန်ချောင်းရွာနှင့်တောမရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်ကို Yaw Defense Force ၊CDF Mindat ၊ CDF Kanpetlet တို့ပူးပေါင်း၍ တိုက်နေခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ နေ့လည်ပိုင်းအထိ တိုက်ပွဲများဆက် လက်ဖြစ်ပွားနေပြီး ထိခိုက်ကျဆုံးမှုကို အတည်ပြုမရသေးပေ။

ဒေသတွင်း ​တော်လှန်​ရေးတပ်ဖွဲ့ Yaw Eagle ၏ နေ့လည် ၁၁ နာရီခန့်တွင် ထုတ်ပြန်ချက်အရ ယောဒေသတွင် တိုက်ပွဲအတည်ပြုချက်အရ YDF မှ နှစ်ဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာရသည်ဟု ဆိုသည်။အကြမ်းဖက်စစ်ကောင်စီဘက်၌ ခန့်မှန်းသုံးဦး အနည်းဆုံးသေဆုံးကာ အများအပြားဒဏ်ရာရနိုင်သည်ဟု Yaw Eagle က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၁၅ ရက်ကစ၍ အကြမ်းဖက်စစ်ကောင်စီမှာ အင်အား ၃၀၀ ခန့်ဖြင့် ဆောမြို့နယ် အပါအဝင် ယော ဒေသအတွင်း တပ်စွဲပြီး စစ်​ကြောင်းထိုးလာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။