Connect with us

Hi, what are you looking for?

News

မင်းအောင်လှိုင်ကို တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်မပေးဖို့ အဖွဲ့ဝင်နိုင်ငံအချို့သဘောထားရှိ

“မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ဘရူနိုင်းတို့က (ပြီးခဲ့တဲ့)အာဆီယံထိပ်သီးညီလာခံကလို ရပ်တည်ချက်ကို ဆက်ထိန်းသိမ်းဖို့သဘောတူထားကြပါတယ်” လို့ အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံ က အမည်မဖော်လိုတဲ့ အစိုးရရင်းမြစ်တစ်ဦးက ပြောပါတယ်။

တရုတ်သမ္မတရှီကျင့်ဖျင်တက်ရောက်မယ့် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ အချို့က သဘောထားရှိနေကြပါတယ်။

လာမယ့် နိုဝင်ဘာ ၂၂ မှာ တရုတ်-အာဆီယံထိပ်သီးခေါင်းဆောင်အစည်းအဝေးကို ကျင်းပမှာဖြစ်ပြီး အဲဒီအစည်းအဝေးမှာ မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးဖို့ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံတို့က လိုလားနေကြတာပါ။

“မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ဘရူနိုင်းတို့က (ပြီးခဲ့တဲ့)အာဆီယံထိပ်သီးညီလာခံကလို ရပ်တည်ချက်ကို ဆက်ထိန်းသိမ်းဖို့သဘောတူထားကြပါတယ်” လို့ အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံ က အမည်မဖော်လိုတဲ့ အစိုးရရင်းမြစ်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံမှာ အာဏာသိမ်း အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးခဲ့ဘဲ နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ကိုယ်စားလှယ်ကိုသာ ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက တက်ရောက်ခြင်းမရှိခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကို အနည်းဆုံး နှစ်ကြိမ်လာရောက်ခဲ့တဲ့ တရုတ်အထူးကိုယ်စားလှယ်ဆွန်းကော်ရှန်းက တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးမှာ မင်းအောင်လှိုင် တက်ရောက်ခွင့်ရရေး စည်းရုံးစွဲဆောင်ပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဆန့်ကျင်ကန့်ကွက်ထားကြပါတယ်။

ကိုးကား – Reuters

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံထဲ ကို မကောင်းတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက ဒီကနေ့ပြောပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ရှေ့မှာ ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှုတွေအတွက် အော်ဟစ်ဆန္ဒပြခဲ့တဲ့ ပြည်သူ့ပါတီ (PP)ရဲ့ အမတ် အနူဆွမ် သွမ်ချိုင်က မင်းအောင်လှိုင်ဆီလိပ်မူတဲ့ပေးစာကိုထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းတက္ကသိုလ် ၃ ခုရဲ့ကျောင်းသား သမဂ္ဂတွေ နဲ့ ကျောင်းသား အဖွဲ့အစည်းတွေက ပူးတွဲထုတ်ပြန်ချက်တစ်စောင်နဲ့ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် ဘန်​ကောက်​ရောက်​နေစဥ်မှာ ဘန်​ကောက်ကစာသင်​ကျောင်းပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်