Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းအောင်လှိုင်ကို တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်မပေးဖို့ အဖွဲ့ဝင်နိုင်ငံအချို့သဘောထားရှိ

“မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ဘရူနိုင်းတို့က (ပြီးခဲ့တဲ့)အာဆီယံထိပ်သီးညီလာခံကလို ရပ်တည်ချက်ကို ဆက်ထိန်းသိမ်းဖို့သဘောတူထားကြပါတယ်” လို့ အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံ က အမည်မဖော်လိုတဲ့ အစိုးရရင်းမြစ်တစ်ဦးက ပြောပါတယ်။

တရုတ်သမ္မတရှီကျင့်ဖျင်တက်ရောက်မယ့် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ အချို့က သဘောထားရှိနေကြပါတယ်။

လာမယ့် နိုဝင်ဘာ ၂၂ မှာ တရုတ်-အာဆီယံထိပ်သီးခေါင်းဆောင်အစည်းအဝေးကို ကျင်းပမှာဖြစ်ပြီး အဲဒီအစည်းအဝေးမှာ မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးဖို့ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံတို့က လိုလားနေကြတာပါ။

“မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ဘရူနိုင်းတို့က (ပြီးခဲ့တဲ့)အာဆီယံထိပ်သီးညီလာခံကလို ရပ်တည်ချက်ကို ဆက်ထိန်းသိမ်းဖို့သဘောတူထားကြပါတယ်” လို့ အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံ က အမည်မဖော်လိုတဲ့ အစိုးရရင်းမြစ်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံမှာ အာဏာသိမ်း အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးခဲ့ဘဲ နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ကိုယ်စားလှယ်ကိုသာ ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက တက်ရောက်ခြင်းမရှိခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကို အနည်းဆုံး နှစ်ကြိမ်လာရောက်ခဲ့တဲ့ တရုတ်အထူးကိုယ်စားလှယ်ဆွန်းကော်ရှန်းက တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးမှာ မင်းအောင်လှိုင် တက်ရောက်ခွင့်ရရေး စည်းရုံးစွဲဆောင်ပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဆန့်ကျင်ကန့်ကွက်ထားကြပါတယ်။

ကိုးကား – Reuters

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။